Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 1:16

Judson Bible

တ​ရား​သူ​ကြီး​တို့​အား​လည်း၊ သင်​တို့ ညီ​အစ်​ကို၏​အ​မှု​တို့​ကို​နား​ထောင်၍ အ​မျိုး​သား​ချင်း တ​ရား​တွေ့​သည်​ဖြစ်​စေ၊ တစ်​ပါး​အ​မျိုး​သား​နှင့် တွေ့​သည်​ဖြစ်​စေ၊ တ​ရား​သ​ဖြင့်​စီ​ရင်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​ပြု၍ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​နှင့်​တ​ကွ ကွပ်​မျက်​ခြင်း​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ ဖြောင့်​မတ်​သော​သူ​တို့​ကို မ​တ​ရား​သော​သူ​တို့​ကဲ့​သို့​ခံ​စေ​သော​အ​မှု​သည် ကိုယ်​တော်​နှင့် ဝေး​ပါ​စေ​သ​တည်း။ မြေ​ကြီး​လုံး​ကို စီ​ရင်​တော်​မူ​သော​သ​ခင်​သည်၊ တ​ရား​သ​ဖြင့် ပြု​တော်​မူ​မည် မ​ဟုတ်​လော​ဟု လျှောက်​ဆို၏။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ကျောက်​သည် ငါ့​အား​ဖြင့် မိန့်​မြွက်​တော်​မူ​သည်​ကား၊ လူ​တို့​ကို အုပ်​စိုး​သော​သူ​သည် တ​ရား​သ​ဖြင့်​စီ​ရင်၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​လျက် အုပ်​စိုး​ရ​မည်။

အို​လူ​သား​တို့၊ အ​ကယ်​စင်​စစ် သင်​တို့​သည် စ​ကား​ဖြောင့်​ကြ​သ​လော။

တစ်​ပြည်​တစ်​နိုင်​ငံ​သား​ဖြစ်​သော ဧည့်​သည်​ကို မ​နှောင့်​ယှက်​မ​ညှဉ်း​ဆဲ​ရ။ သင်​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​ဖူး​ပြီ။

စ​ကား​ပြော​လျက်၊ တ​ရား​သ​ဖြင့် စီ​ရင်​လျက်၊ ဆင်း​ရဲ​ငတ်​မွတ်​သော သူ​တို့၏​အ​မှု​ကို စောင့်​လော့။

တ​ရား​တွေ့​သည်​အ​မှု​မှာ မ​တ​ရား​သ​ဖြင့်​မ​စီ​ရင်​ရ။ ဆင်း​ရဲ​သော​သူ​ဘက်၌ မ​ငဲ့​ကွက်၊ ကြီး​သော​သူ၏ မျက်​နှာ​ကို​မ​ထောက်​ဘဲ၊ ကိုယ်​အ​မျိုး​သား​ချင်း​ကို တ​ရား​သ​ဖြင့်​စီ​ရင်​ရ​မည်။

ကိုယ်​အ​မျိုး​သား​ဖြစ်​စေ၊ သူ​တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ တစ်​ပါး​တည်း​သော​တ​ရား​နှင့်​သာ စီ​ရင်​ခြင်း​ကို​ခံ​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ သူ့​ကို​ထား၍ မှာ​ခဲ့​လော့။

မျက်​နှာ​ကို​သာ​ကြည့်၍ မ​စီ​ရင်​ကြ​နှင့်။ တ​ရား​သ​ဖြင့် စီ​ရင်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ထို​ကြောင့် သင်​တို့​အ​မျိုး​များ၌ အ​သ​ရေ​ရှိ​သော​လူ​ကြီး၊ ပ​ညာ​ရှိ​တို့​ကို ငါ​ရွေး​ချယ်​ပြီး​လျှင်၊ သင်​တို့​တွင် မင်း​လုပ်​ရ​သော​သူ​တည်း​ဟူ​သော လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်၊ အ​ကြပ်​အ​ဆော်​အ​ရာ၌ ခန့်​ထား၏။

အ​မျိုး​သား​ချင်း​ဖြစ်​စေ၊ သင့်​နေ​ရာ​မြို့​ရွာ​တို့၌ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​ဖြစ်​စေ၊ ဆင်း​ရဲ​ငတ်​မွတ်​သော​သူ​ငှား​ကို မ​ညှဉ်း​ဆဲ​ရ။

လူ​ချင်း​အ​မှု​ရှိ၍ မင်း​ထံ၌ အ​စီ​ရင်​ခံ​လျက်၊ မင်း​ရှေ့​မှာ တ​ရား​တွေ့​ကြ​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆိုး​သော​သူ​ကို အ​ရှုံး​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ရ​မည်။

တစ်​ဖန် မော​ရှေ​သည် ထို​နေ့၌ လူ​များ​တို့​ကို​မှာ​ထား​သည်​မှာ၊

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် သေ​ရ​သော​အ​ချိန်​နီး​ပြီ။ ယော​ရှု​ကို​ခေါ်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ချဉ်း​ကပ်​လော့။ သူ့​ကို​ငါ​မှာ​ထား​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​နှင့် ယော​ရှု​သည်​သွား၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ချဉ်း​ကပ်​ကြ၏။

ရှေ့​မ​ဆွ​က​မ​စီ​ရင်၊ ငဲ့​ကွက်​သော​စိတ်​နှင့် အ​လျှင်း​မ​ပြု​ဘဲ၊ ဤ​ပ​ညတ်​များ​ကို စောင့်​ရှောက်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​နှင့် သ​ခင်​ယေ​ရှု​ခ​ရစ်​ရှေ့​မှာ​လည်း​ကောင်း၊ ရွေး​ကောက်​တော်​မူ​သော ကောင်း​ကင်​တ​မန်​တို့ ရှေ့​မှာ​လည်း​ကောင်း၊ ငါ​သည် သင့်​ကို သ​စ္စာ​ပေး၏။

ဤ​ဘ​ဝ၌ ငွေ​ရ​တတ်​သော​သူ​တို့​သည် မာန်​မာ​န စိတ်​နှင့် ကင်း​လွတ်၍၊ မ​မြဲ​သော​စည်း​စိမ်​ကို မ​ကိုး​စား​ဘဲ၊ ငါ​တို့​ခံ​စား​ဖို့​ရာ အ​လုံး​စုံ​တို့​ကို​ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​သော၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကိုး​စား​ရ​မည်​အ​ကြောင်း​နှင့်၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ