Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တ​ရား​ဟော 1:10

Judson Bible

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​များ​ပြား​စေ​တော်​မူ၍၊ သင်​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် ကောင်း​ကင်​ကြယ်​ကဲ့​သို့ ယ​နေ့​ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​ကို​ပြင်​သို့ ထုတ်​ဆောင်​တော်​မူ၍၊ မိုး​ကောင်း​ကင်​ကို​မျှော်​ကြည့်​လော့။ ကြယ်​များ​ကို​ရေ​တွက်​နိုင်​လျှင် ရေ​တွက်​လော့။ သင်၏​အ​မျိုး​အ​နွယ်​သည် ထို​သို့​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ငါ​သည် သင့်​အား​အ​စဉ်​အ​မြဲ​ကောင်း​ချီး​ပေး​မည်။ သင်၏​အ​မျိုး​အ​နွယ်​ကို​လည်း ကောင်း​ကင်​ကြယ်​ကဲ့​သို့​လည်း​ကောင်း၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​ကဲ့​သို့​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​ပွား​များ​စေ​မည်။ သင်၏​အ​မျိုး​အ​နွယ်​သည် ရန်​သူ​တို့၏​မြို့​တံ​ခါး​များ​ကို အ​စိုး​ရ​လိမ့်​မည်။

သင်​၏​အ​မျိုး​အ​နွယ်​သည် မြေ​မှုန့်​ကဲ့​သို့ များ​ပြား​လိမ့်​မည်။ အ​ရှေ့၊ အ​နောက်၊ တောင်၊ မြောက်၊ လေး​မျက်​နှာ​အ​ရပ်​တို့​သို့​နှံ့​ပြား​ကြ​လိမ့်​မည်။ သင်​နှင့် သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့် လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​တို့​ကို မိုး​ကောင်း​ကင်​ကြယ်​နှင့်​အ​မျှ တိုး​ပွား​များ​ပြား​စေ​တော်​မူ​မည်​ဟု က​တိ​တော်​ရှိ​သော​ကြောင့်၊ ဒါ​ဝိဒ်​သည် အ​သက်​နှစ်​ဆယ်​မ​စေ့​သော သူ​တို့​ကို စာ​ရင်း​မ​ယူ​ဘဲ​နေ၏။

သူ​တို့​သား​မြေး​တို့​ကို မိုး​ကောင်း​ကင်​ကြယ်​ကဲ့​သို့ များ​ပြား​စေ​တော်​မူ၏။ အ​ကြင်​ပြည်​ထဲ​သို့ သူ​တို့​ဝင်၍ သိမ်း​ယူ​မည်​အ​ကြောင်း၊ သူ​တို့၏ ဘိုး​ဘေး​တို့​အား က​တိ​ထား​တော်​မူ၏။ ထို​ပြည်​ထဲ​သို့ သွင်း​တော်​မူ​သ​ဖြင့်၊

ကောင်း​ချီး​ပေး​တော်​မူ၍၊ သူ​တို့​သည် အ​လွန်​ပွား​များ​ကြ၏။ သူ​တို့​သိုး​နွား​များ​ကို​လည်း လျော့​စေ​တော်​မ​မူ။

ဣ​သ​ရေ​လ​အ​မျိုး​သား​မိန်း​မ​နှင့် သူ​ငယ်​ကို​မ​ဆို​ဘဲ၊ ယောက်ျား​အ​ရေ​အ​တွက်​အား​ဖြင့် ခြောက်​သိန်း​ခန့်​မျှ​ရှိ​သော​သူ​တို့​သည်၊ ရာ​မ​သက်​မြို့​မှ​ထွက်၍ သု​ကုတ်​အ​ရပ်​သို့ ခ​ရီး​သွား​ကြ​၏။

ကိုယ်​တော်​က သင်​တို့​အ​မျိုး​အ​နွယ်​ကို ကောင်း​ကင်​ကြယ်​ကဲ့​သို့ ငါ​များ​ပြား​စေ​မည်။ ငါ​ပြော​ခဲ့​သော ဤ​မြေ​ရှိ​သ​မျှ​ကို သင်​တို့​အ​မျိုး​အ​နွယ်​အား ငါ​ပေး​သ​ဖြင့်၊ သူ​တို့​သည် အ​စဉ်​အ​မြဲ​အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်​ဟု ကိုယ်​ကို​ကိုယ်​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သော​စ​ကား​ကို ခံ​ခဲ့​ပြီး​သော ကိုယ်​တော်၏​ကျွန် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ဣ​သ​ရေ​လ​တို့​ကို အောက်​မေ့​တော်​မူ​ပါ​ဟု မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​လေ၏။

သင်​တို့၏​အ​ဘ အာ​ဗြ​ဟံ​နှင့်၊ သင်​တို့​ကို​ဖွား​သော​သူ စာ​ရာ​တို့​ကို ကြည့်​ရှု​ကြ​လော့။ ငါ​သည် တစ်​ယောက်​တည်း​သော​သူ အာ​ဗြ​ဟံ​ကို ခေါ်၍၊ ကောင်း​ချီး​ပေး​သ​ဖြင့် များ​ပြား​စေ၏။

မြက်​ပင်​ကဲ့​သို့ ငါ​ကြီး​ပွား​စေ​သ​ဖြင့်၊ သင်​သည် အ​စဉ်​အ​တိုင်း​ကြီး၍ လှ​သော​အ​ဆင်း​နှင့် ပြည့်​စုံ၏။ ရင်​သား​ထ၍ ကိုယ်၌​လည်း အ​မွေး​ပေါက်၏။ အ​ရင်​က အ​ဝတ်​မ​ရှိ၊ အ​ချည်း​စည်း​နေ​ရ၏။

အ​သက်​နှစ်​ဆယ်​လွန်၍ စစ်​တိုက်​နိုင်​သော​လူ​ပေါင်း​ကား ခြောက်​သိန်း​သုံး​ထောင်​ငါး​ရာ​ငါး​ဆယ် ရှိ​သ​တည်း။

သေ​တ္တာ​တော်​မ​သွား​ဘဲ ရပ်​နေ​သော​အ​ခါ၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ထောင်​အ​သောင်း​ရှိ​ရာ​သို့ ပြန်​လာ​တော်​မူ​ပါ​ဟူ၍​လည်း​ကောင်း လျှောက်​ဆို​လေ့​ရှိ၏။

သင်​တို့​အ​ဘ​များ၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို အ​ဆ​အ​ထောင်​အား​ဖြင့် များ​ပြား​စေ​တော်​မူ​ပါ​စေ​သော။ က​တိ​တော်​ရှိ​သည်​အ​တိုင်း ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ​သော။

သင်၏​ဘိုး​ဘေး​တို့​သည်၊ အ​ရေ​အ​တွက်​အား​ဖြင့် လူ​ခု​နစ်​ဆယ်​မျှ​သာ​ရှိ​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ဆင်း​သွား​ကြ၏။ ယ​ခု​မူ​ကား၊ အ​ရေ​အ​တွက်​အား​ဖြင့် မိုး​ကောင်း​ကင်​ကြယ်​နှင့်​အ​မျှ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် များ​ပြား​စေ​တော်​မူ​ပြီ။

သင်​က​လည်း၊ အ​ရပ်​ရပ်​သို့ လှည့်​လည်​သော ရှု​ရိ​အ​မျိုး​သား​သည် အ​ကျွန်ုပ်​အ​ဘ ဖြစ်​ပါ၏။ သူ​သည် အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ လူ​အ​နည်း​ငယ်​နှင့်​တ​ကွ တည်း​ခို​စဉ်​တွင် ကြီး​မား​များ​ပြား​သော လူ​မျိုး​ဖြစ်​ပါ၏။

သင်​သည် အ​ရေ​အ​တွက်​အား​ဖြင့် မိုး​ကောင်း​ကင် ကြယ်​ကဲ့​သို့​များ​သော်​လည်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်​သော​ကြောင့် နည်း​နည်း​ဖြစ်​ရ​လိမ့်​မည်။

သင်​သည် အ​ခြား​သော​လူ​မျိုး​ထက်​သာ၍​များ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ချစ်၍ ရွေး​ချယ်​တော်​မူ​သည် မ​ဟုတ်။ သင်​သည် အ​ခြား​သော​လူ​မျိုး​တ​ကာ​တို့​ထက် သာ၍​နည်း၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ