ထိုနေ့၌ ပသခါပွဲကိုမခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သောလူအချို့တို့သည်၊ ထိုနေ့၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ်၍၊
မောရှေကလည်း၊ ဤသူတို့သည် ဘုရားသခင်၏အယူတော်ကိုခံလို၍ ကျွန်ုပ်ထံသို့လာသောကြောင့် ဤသို့ဖြစ်၏။
ငါ့စကားကိုနားထောင်လော့။ ငါအကြံပေးမည်။ ဘုရားသခင်သည်လည်း သင့်ဘက်၌ ရှိတော်မူလိမ့်မည်။ သင်သည် ဘုရားသခင်နှင့်ဆိုင်သောအမှု၌ လူများတို့၏အမှုကိုစောင့်လျက် ဘုရားသခင်အထံတော်သို့ဝင်၍ လျှောက်ရမည်။
ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူတို့ကိုတရားစီရင်ကြ၏။ ခက်သောအမှု၌ မောရှေ၏အယူကိုခံကြ၏။ လွယ်သောအမှုကို အလိုလိုစီရင်ကြ၏။
အသေကောင်ကို မချဉ်းရ။ မိဘအတွက် ညစ်ညူးခြင်းကိုမခံရ။
နာမတော်ကိုပြစ်မှားလျက် ကျိန်ဆဲလေ၏။ ထိုသူ၏အမိကား၊ ဒန်အမျိုး၊ ဒိဗရိသမီးရှေလောမိတ် ဖြစ်သတည်း။
တွေ့သောသူတို့သည်၊ ထိုသူကို မောရှေ၊ အာရုန်၊ ပရိသတ်အပေါင်းတို့ရှေ့သို့ ခေါ်ခဲ့ကြ၏။
လူသေကောင်ကိုထိသောသူသည် ခုနစ်ရက်မစင်ကြယ် ဖြစ်လိမ့်မည်။
တဲ၌လူသေလျှင် စောင့်ရသောတရားဟူမူကား၊ တဲသို့ဝင်သောသူ၊ တဲ၌ရှိနေသောသူအပေါင်းတို့သည် ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်ကြလိမ့်မည်။
သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသေအရိုး၊ လူသင်္ချိုင်းကို လယ်ပြင်၌တွေ့၍ထိလျှင်၊ ခုနစ်ရက်ပတ်လုံး မစင်ကြယ်ဖြစ်လိမ့်မည်။
စင်ကြယ်သောသူသည်၊ ဟုဿုပ်ပင်ညွန့်ကို ရေ၌နှစ်၍တဲပေါ်မှာလည်းကောင်း၊ တန်ဆာများ၊ တဲ၌ရှိသောလူများပေါ်မှာလည်းကောင်း၊ လူသေအရိုး၊ သတ်၍သေသောသူ၊ နာ၍သေသောသူ၊ လူသင်္ချိုင်းကိုထိသောသူပေါ်မှာလည်းကောင်း၊ ထိုရေကိုဖျန်းရမည်။
ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာ၊ မင်းများ၊ ပရိသတ်များအပေါင်းတို့ရှေ့မှာ ရပ်လျက်၊
သူတို့အမှုကိုမောရှေသည် ထာဝရဘုရားရှေ့တော်၌ ထားလေ၏။
ငါနေသောတပ်ကို မညစ်ညူးစေခြင်းငှာ၊ ဣသရေလအမျိုးသားတို့သည် နူသောသူ၊ ရိနာစွဲသောသူ၊ အသေကောင်ထိ၍ မစင်ကြယ်သောသူ ယောက်ျားမိန်းမအပေါင်းတို့ကို၊ တပ်ပြင်မှာနေရာချထား ရမည်အကြောင်း ဆင့်ဆိုလော့ဟု
အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်းရှိပါ၏။ ချိန်းချက်သောအချိန်၌ ဣသရေလအမျိုးသားတို့နှင့်အတူ၊ ထာဝရဘုရားအား ပူဇော်သကာကို မပြုစေခြင်းငှာ၊ အကျွန်ုပ်တို့ကို ဆီးတားပါမည်လောဟု မေးလျှောက်ကြ၏။
နံနက်အချိန်ရောက်လျှင်၊ ယေရှုကို ကယာဖထံမှ အိမ်တော်ဦးသို့ ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ်နှင့်ကင်းလွတ်၍ ပသခါပွဲကို ခံရမည်အကြောင်း အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ။-