ထိုအသားကို နံနက်တိုင်အောင်မကြွင်းစေရ။ အရိုးကိုလည်းမချိုးရ။ ပသခါပွဲနှင့် ဆိုင်သော အထုံးအဖွဲ့ရှိသမျှတို့ကိုလိုက်၍ ပွဲခံရသောအခွင့်ရှိ၏။
နံနက်တိုင်အောင် ထိုအသားကိုမကြွင်းစေရ။ အနည်းငယ်ကြွင်းလျှင် မီးနှင့်ရှို့ရမည်။
ပသခါပွဲတရားဟူမူကား၊ တစ်ပါးအမျိုးသားမစားရ။
တစ်အိမ်တည်း၌တစ်ကောင်ကိုစားရ၏။ အသားကိုအိမ်ပြင်သို့ယူမသွားရ။ အရိုးကိုလည်းမချိုးရ။
အသားကို မီးနှင့်ကင်ပြီးမှ၊ ထိုညချင်းတွင်တဆေးမပါသောမုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။
ခရီးသွားလေရာရာတွင် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှောက်၌ ထာဝရဘုရား၏မိုးတိမ်သည် နေ့အခါတဲတော်အပေါ်မှာ တည်နေ၏။ ညအခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း။
စီရင်ထုံးဖွဲ့သမျှသောထုံးစံအတိုင်း၊ ချိန်းချက်သော ကာလအချိန်တည်းဟူသော ယခုလ တစ်ဆယ်လေးရက်နေ့ ညဉ့်ဦးယံ၌ စောင့်ရကြမည်ဟု မိန့်တော်မူ၏။
ထိုအကြောင်းအရာကား၊ သူ၏အရိုးကို မချိုးရဟု ကျမ်းစာလာချက် ပြည့်စုံမည်အကြောင်းတည်း။-