Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 8:6

Judson Bible

လေ​ဝိ​သား​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ထဲ​က ရွေး​ကောက်၍ စင်​ကြယ်​စေ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ငါ့​သား​တို့၊ မ​ဖင့်​နွှဲ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်၍ ဝတ်​ပြု​ခြင်း၊ အ​မှု​တော်​ကို စောင့်​ခြင်း၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ သင်​တို့​ကို ရွေး​ထား​တော်​မူ​ပြီ​ဟု မိန့်​တော်​မူ​လျှင်၊

မော​ရှေ​က​လည်း၊ သုံး​ရက်​မြောက်​သော​နေ့၌ အ​သင့်​ရှိ​စေ​ကြ​လော့။ မ​ယား​ကို မ​ချဉ်း​ကြ​နှင့်​ဟု လူ​တို့​အား​ဆို​လေ​၏။

ထွက်​ကြ။ ထွက်​ကြ။ ထို​အ​ရပ်​မှ ထွက်​သွား​ကြ​လော့။ မ​စင်​ကြယ်​သော​အ​ရာ​ကို လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ ထို​အ​ရပ်​ထဲ​က ထွက်​သွား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​အ​ဆောက်​အ​ဦ​တို့​ကို ဆောင်​ရွက်​သော​သူ​တို့၊ သန့်​ရှင်း​ခြင်း ရှိ​ကြ​လော့။

စင်​ကြယ်​စေ​သော​ယဇ်​ပု​ရော​ဟိတ်​သည်၊ စင်​ကြယ်​စေ​အပ်​သော​လူ​ကို၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထို​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ဆက်​ရ​မည်။

ငွေ​ကို​ချွတ်၍ သန့်​ရှင်း​စေ​သော​သူ​ကဲ့​သို့​ထိုင်​လျက် ရွှေ​ငွေ​ကို ချွတ်​သ​ကဲ့​သို့၊ လေ​ဝိ​သား​တို့​ကို​ချွတ်၍ သန့်​ရှင်း​စေ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ဖြစ်၍ ဖြောင့်​မတ်​ခြင်း​ပူ​ဇော်​သ​ကာ​ကို ပူ​ဇော်​ကြ​လိမ့်​မည်။

သင်​သည် လေ​ဝိ​အ​မျိုး​သား​တို့​ကို​ခေါ်​ခဲ့၍ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​အ​မှု​ကို ဆောင်​စေ​ခြင်း​ငှာ၊ အာ​ရုန်​ထံ၌​နေ​ရာ​ချ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား

ထို​ကြောင့် ချစ်​သူ​တို့၊ ထို​က​တိ​တော်​များ​နှင့် ငါ​တို့​သည် ဆိုင်​ကြ​သည်​ဖြစ်၍၊ ကိုယ်​ခ​န္ဓာ၏ အ​ညစ်​အ​ကြေး၊ စိတ်​ဝိ​ညာဉ်၏ အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​တို့​နှင့် ကိုယ်​ကို​ကိုယ်​ကင်း​စင်​စေ​လျက်၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​နှင့် ပြည့်​စုံ​ကြ​ကုန်​အံ့။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​သ​ရုတ်​အ​ရပ်​မှ ခ​ရီး​သွား၍၊ ဗင်္ယာ​ကန်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​ဂိဒ်​ဂဒ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ချောင်း​မြစ်​များ​ရာ ယု​ပ္ဘာ​သ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ ခ​ရီး​သွား၍ ဧ​ဗြော​န​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဧ​ဇ​ယုန်​ဂါ​ဗာ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဇိ​န​တော​ကာ​ဒေ​ရှ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​တောင်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်၌ အာ​ရုန်​သည် အ​နိ​စ္စ​ရောက်၍၊ သူ့​ကို​သင်္ဂြိုဟ်​ရ၏။ သူ၏​သား​ဧ​လာ​ဇာ​သည် အ​ဘ၏​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ၏။

ဘု​ရား​သ​ခင်၌ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့၌ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စေ​ကြ​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ