မီးခွက်များကိုထွန်းသောအခါ၊ မီးခွက်ခုနစ်လုံးတို့သည် မီးခုံတစ်ဖက်တစ်ချက်၌ ထွန်းလင်းရမည်ဟု၊
နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။
နှုတ်ကပတ်တော်ကို ဖွင့်ပြခြင်းသည် အလင်းကိုပေး၍၊ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်ပါ၏။
မီးခွက်ခုနစ်လုံးကိုလည်း လုပ်ရမည်။ စားပွဲကိုလင်းစေခြင်းငှာ ထိုမီးခွက်ကို ထွန်းရမည်။
မီးခွက်ခုနစ်လုံး၊ မီးညှပ်နှင့် မီးညှပ်ခံစရာခွက်များကိုလည်း ရွှေစင်နှင့်လုပ်လေ၏။
စင်ကြယ်သောမီးခုံမှစ၍၊ ပြင်ဆင်ရသောမီးခွက်များ၊ မီးခုံတန်ဆာရှိသမျှနှင့် မီးထွန်းစရာဆီကိုလည်းကောင်း၊
ထာဝရဘုရားရှေ့တော်၌ မီးခွက်များကိုထွန်းလေ၏။
တရားတော်ကိုလည်းကောင်း၊ သက်သေခံတော်မူချက်ကိုလည်းကောင်း နားထောင်ကြကုန်။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင်၊ သူတို့၌ အရုဏ်မတက်သေး။
စင်ကြယ်သောမီးခုံ၌ မီးခွက်များကို အာရုန်သည် ထာဝရဘုရားရှေ့တော်မှာ အစဉ်အမြဲပြင်ဆင်ရမည်။
ထာဝရဘုရားကလည်း၊ သင်သည် အာရုန်အားဆင့်ဆိုရမည်မှာ၊
မောရှေအားမှာထားတော်မူသည်အတိုင်း၊ အာရုန်ပြု၍ မီးခုံတစ်ဖက်တစ်ချက်၌ မီးခွက်များကိုထွန်းလေ၏။
သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌တည်သောမြို့ကို မကွယ်နိုင်။-
ဟုတ်မှန်သောအလင်းမူကား၊ ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်းကိုပေးသောသူ ဖြစ်သတည်း။
ထိုမှတစ်ပါး၊ သာ၍မြဲမြံသော အနာဂတ္တိစကားတော်သည် ငါတို့၌ရှိသေး၏။ စိတ်နှလုံးထဲ၌ အရုဏ်တက်၍ ကြယ်နီပေါ်ထွက်သည် ကာလတိုင်အောင်၊ ထိုအနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ်၌ ထွန်းလင်းသောဆီမီးကဲ့သို့ မှတ်၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။-
ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော သူကိုမြင်ခြင်းငှာ ငါသည်လှည့်ကြည့်လျှင်၊ ရွှေမီးခွက်ခုနစ်လုံးကိုလည်းကောင်း၊-
ငါ့လက်ယာလက်၌ ထင်ရှားသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်လုံး၏ နက်နဲခြင်းအရာဟူမူကား၊ မီးခွက်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါးဖြစ်၏။ ကြယ်ခုနစ်လုံးသည်လည်း ထိုခုနစ်ပါးသော အသင်းတော်တို့ကို အုပ်သောတမန်ဖြစ်ကြ၏။
ပလ္လင်တော်ထဲက လျှပ်စစ်ပြက်၏။ စကားပြောသံ၊ မိုးကြိုးသံလည်း မြည်၏။ ပလ္လင်တော်ရှေ့၌ ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးခွက်ခုနစ်လုံးတို့သည် ထွန်းလျက်ရှိကြ၏။-