ငွေအင်တုံအချိန်ကား တစ်လုံးလျှင် တစ်ပိဿာသုံးဆယ်စီ၊ ငွေဖလားအချိန်ကား တစ်လုံးလျှင် ခုနစ်ဆယ်စီရှိ၍၊ ငွေချိန်ပေါင်းကား အကျပ်တော်အလိုက်၊ အခွက်နှစ်ဆယ်လေးပိဿာ ရှိသတည်း။
ငါသည် ဆင်းရဲခံစဉ်တွင်၊ ထာဝရဘုရား၏အိမ်တော်အဖို့ ရွှေအခွက်တစ်ထောင်နှင့် ငွေအခွက် တစ်သောင်းကိုလည်းကောင်း၊ အချိန်မမှတ်နိုင်အောင် များစွာသော ကြေးဝါနှင့်သံကိုလည်းကောင်း၊ သစ်သားများနှင့် ကျောက်များကိုလည်းကောင်း ပြင်ဆင်ပြီ။ သင်သည်လည်း ထပ်၍ ပြင်ဆင်ရမည်။
ထိုသန့်ရှင်းသောအိမ်အဖို့ ပြင်ဆင်သော ဥစ္စာမှတစ်ပါး ကိုယ်ဥစ္စာထဲက ဩဖိရရွှေအခွက် သုံးသောင်းနှင့် ကျောက်ထရံတို့ကို မွမ်းမံစရာဖို့ ငွေစင်ခုနစ်သောင်းကို ငါ၏ဘုရားသခင်အိမ်တော်အဖို့ ငါပေး၏။
ဘုရားသခင်၏အိမ်တော်မှုကို ဆောင်ရွက်ရာဖို့ ရွှေအခွက်ငါးသောင်းနှင့် ရွှေဒင်္ဂါးတစ်သောင်း၊ ငွေအခွက် တစ်သိန်း၊ ကြေးဝါအခွက် တစ်သိန်းရှစ်သောင်း၊ သံအခွက် တစ်သန်းကို လှူကြ၏။
ထိုသို့ဣသရေလအမျိုးတို့၌ မင်းဖြစ်သောသူတို့သည်၊ ယဇ်ပလ္လင်ကို ဆီလူးသောနေ့၌ အနုမောဒနာပြုစရာဖို့ ဆက်သော ငွေအင်တုံပေါင်းဆယ်နှစ်လုံး၊ ငွေဖလားပေါင်းဆယ်နှစ်လုံး၊ ရွှေဇွန်းပေါင်းဆယ်နှစ်စင်းတည်း။
မီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်သော ရွှေဇွန်းဆယ်နှစ်စင်းအချိန်ကား အကျပ်တော်အလိုက် ဆယ်ကျပ်စီရှိ၍၊ ရွှေချိန်ပေါင်းကား တစ်ပိဿာနှစ်ဆယ်ရှိသတည်း။
ထိုမိန်းမငယ်သည် သူ၏အမိ တိုက်တွန်းသည်အတိုင်း၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို ဤလင်ပန်း၌ ပေးတော်မူပါဟု တောင်းလျှောက်၏။-