ထာဝရဘုရားကလည်း သင်သည် ပရိသတ်စည်းဝေးရာ တဲတော်အမှုဆောင်ရွက်စရာဖို့ခံယူ၍ အမှုကိုဆောင်ရွက်ရသည်အတိုင်း လေဝိသား အသီးအသီးတို့အားပေးလော့ဟု မိန့်တော်မူ၏။
ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ်ပေါ်မှာတင်၍ တောင်ပေါ် အဘိနဒပ်အိမ်ထဲက ထုတ်ကြ၏။ အဘိနဒပ်၏သား ဩဇနှင့် အဟိဩတို့သည် လှည်းသစ်ကိုနှင်ရကြ၏။
မင်းတစ်ပါးနွားထီးတစ်ကောင်စီ၊ မင်းနှစ်ပါး အမိုးပါသောရထားတစ်ခုစီ၊ ရထားခြောက်ခု၊ နွားဆယ်နှစ်ကောင်တို့ကို တဲတော်ရှေ့သို့ဆောင်ခဲ့၍ ထာဝရဘုရားအား ပူဇော်သကာပြုကြ၏။