မိတ်သဟာယယဇ်ဖို့ နွားနှစ်ကောင်၊ သိုးငါးကောင်၊ ဆိတ်ငါးကောင်၊ အခါလည်သော သိုးသငယ်ငါးကောင်တို့ကို ဇုအာသားနာသနေလသည် ပူဇော်လေ၏။
နွားနှစ်သောင်းနှစ်ထောင်၊ သိုးတစ်သိန်း နှစ်သောင်းတို့ကို ထာဝရဘုရားအား မိတ်သဟာယယဇ်ပူဇော်သဖြင့်၊ ထာဝရဘုရား၏အိမ်တော်ကို အနုမောဒနာပြုကြ၏။
ငါ၌ မိတ်သဟာယပူဇော်သကာရှိ၏။ ယနေ့ ငါ့ကတိဝတ်ကို ငါဖြေပြီ။
ဣသခါအမျိုး ဇုအာသားနာသနေလ။
ယုဒတပ်အနားမှာ၊ ဣသခါတပ်ချ၍ ဇုအာသားနာသနေလသည် ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ်တစ်ကောင်၊
တတိယနေ့၌ ဇာဗုလုန်အမျိုးတွင်မင်းဖြစ်သော ဟေလုန်သားဧလျာဘဆက်သော ပူဇော်သကာဟူမူကား၊
ဘုရားသခင်၏ အလိုတော်အားဖြင့် ယေရှုခရစ်၏ တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေသည်၊-