Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 7:10

Judson Bible

ယဇ်​ပ​လ္လင်​ကို​ဆီ​လူး​သော​နေ့၌ အ​နု​မော​ဒ​နာ​ပြု​စ​ရာ​ဖို့ ယဇ်​ပ​လ္လင်​ရှေ့​မှာ အ​ခြား​သော​ပူ​ဇော်​သ​ကာ​ကို ပြု​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

နွား​နှစ်​သောင်း​နှစ်​ထောင်၊ သိုး​တစ်​သိန်း နှစ်​သောင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား မိတ်​သ​ဟာ​ယ​ယဇ်​ပူ​ဇော်​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ကို အ​နု​မော​ဒ​နာ​ပြု​ကြ၏။

နွား​နှစ်​သောင်း​နှစ်​ထောင်၊ သိုး​တစ်​သိန်း​နှစ်​သောင်း​တို့​ကို ယဇ်​ပူ​ဇော်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​ကို အ​နု​မော​ဒ​နာ​ပြု​ကြ၏။

အ​ဋ္ဌ​မ​နေ့​ရက်၌ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ကြ၏။ ခု​နစ်​ရက်​ပတ်​လုံး ယဇ်​ပ​လ္လင်​ကို အ​နု​မော​ဒ​နာ​ပြု​ပြီး​မှ၊ နောက်​တစ်​ဖန် ခု​နစ်​ရက်​ပတ်​လုံး ပွဲ​ခံ​ကြ၏။

ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို အ​နု​မော​ဒ​နာ​ပြု​သော​အ​ခါ၊ ခွက်​ကွင်း၊ စောင်း၊ တ​ယော​နှင့်​တီး​မှုတ်​လျက် သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​ခြင်း၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ အ​နု​မော​ဒ​နာ​ပြု​အံ့​သော​ငှာ လေ​ဝိ​သား​တို့​ကို​ရှာ၍ သူ​တို့​နေ​ရာ အ​ရပ်​ရပ်​တို့​က ယေ​ရု​ရှ​လင်​မြို့​သို့ ခေါ်​ကြ၏။

ထို​နေ့၌ များ​စွာ​သော​ယဇ်​တို့​ကို ပူ​ဇော်​ကြ၏။ အ​လွန် ဝမ်း​မြောက်​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​ကြောင့်၊ သား​မ​ယား​နှင့်​တ​ကွ ဝမ်း​မြောက်​ခြင်း​ကို​ပြု၍ ယေ​ရု​ရှ​လင်​မြို့ ဝမ်း​မြောက်​သံ​ကို ဝေး​သော​အ​ရပ်၌ ကြား​ရ​ကြ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချီး​မွမ်း​ပါ​မည်။ အ​ကျွန်ုပ်​ကို ဆယ်​နုတ်​တော်​မူ၏။ ရန်​သူ​တို့​သည် အ​ကျွန်ုပ်​အ​ကြောင်း​ကြောင့်၊ ဝမ်း​မြောက်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မ​မူ။

မော​ရှေ​သည် တဲ​တော်​ကို​ထူ​ထောင်၍၊ တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​နှင့် ယဇ်​ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဆီ​လူး၍ သန့်​ရှင်း​စေ​ခြင်း​အ​မှု​ကို လက်​စ​သတ်​သော​နေ့၌၊

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ယဇ်​ပ​လ္လင်​ကို အ​နု​မော​ဒ​နာ​ပြု​စ​ရာ​ဖို့၊ မင်း​အ​သီး​အ​သီး​တို့​သည် နေ့​ရက်​အ​စဉ်​အ​တိုင်း မိ​မိ​ပူ​ဇော်​သ​ကာ​ကို​ပြု​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

ထို​သို့​ဣ​သ​ရေ​လ​အ​မျိုး​တို့၌ မင်း​ဖြစ်​သော​သူ​တို့​သည်၊ ယဇ်​ပ​လ္လင်​ကို ဆီ​လူး​သော​နေ့၌ အ​နု​မော​ဒ​နာ​ပြု​စ​ရာ​ဖို့ ဆက်​သော ငွေ​အင်​တုံ​ပေါင်း​ဆယ်​နှစ်​လုံး၊ ငွေ​ဖ​လား​ပေါင်း​ဆယ်​နှစ်​လုံး၊ ရွှေ​ဇွန်း​ပေါင်း​ဆယ်​နှစ်​စင်း​တည်း။

မိတ်​သ​ဟာ​ယ​ယဇ်​ဖို့​နွား​ပေါင်း နှစ်​ဆယ်​လေး​ကောင်၊ သိုး​ထီး​ခြောက်​ဆယ်၊ ဆိတ်​ထီး​ခြောက်​ဆယ်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ခြောက်​ဆယ် ရှိ​သ​တည်း။ ဤ​ရွေ့​ကား၊ ယဇ်​ပ​လ္လင်​ကို​ဆီ​လူး​သော​နောက်၊ အ​နု​မော​ဒ​နာ​ပြု​ဖို့ ဆက်​သော​ပူ​ဇော်​သ​ကာ​ပေ​တည်း။

ဗိုလ်​တို့​က​လည်း၊ အိမ်​သစ်​ကို​ဆောက်၍ ဘု​ရား​သ​ခင်၌ မ​အပ်​ရ​သေး​သော​သူ​ရှိ​လျှင်၊ မိ​မိ​အိမ်​သို့​ပြန်၍ အပ်​ပါ​လေ​စေ။ သို့​မ​ဟုတ် စစ်​တိုက်​ရာ​တွင်​သေ၍ အ​ခြား​သော​သူ​သည် ထို​အိမ်​ကို​အပ်​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ