Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 7:1

Judson Bible

မော​ရှေ​သည် တဲ​တော်​ကို​ထူ​ထောင်၍၊ တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​နှင့် ယဇ်​ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဆီ​လူး၍ သန့်​ရှင်း​စေ​ခြင်း​အ​မှု​ကို လက်​စ​သတ်​သော​နေ့၌၊

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​သ​တ္တ​မ​နေ့​ကို ဘု​ရား​သ​ခင်​သည် ကောင်း​ချီး​ပေး၍ သန့်​ရှင်း​စေ​တော်​မူ၏။ အ​ကြောင်း​မူ​ကား၊ ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​သော အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည် ပြီး​စီး​သော​ကြောင့်၊ ထို​နေ့​ရက်၌ ငြိမ်​ဝပ်​စွာ​နေ​တော်​မူ၏။

ထို​နေ့၌​လည်း၊ ရှင်​ဘု​ရင်​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​ရှေ့​မှာ​ရှိ​သော တံ​တိုင်း​အ​တွင်း​အ​ရပ်​ကို သန့်​ရှင်း​စေ၍၊ ထို​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင် ဆီ​ဥ​ကို​ပူ​ဇော်၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ရှိ​သော ကြေး​ဝါ​ယဇ်​ပ​လ္လင်​သည် မီး​ရှို့​ရာ​ယဇ်၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ယဇ်​ကောင် ဆီ​ဥ​ကို မ​ခံ​လောက်။

လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​ကို ငါ့​အ​ဖို့​သန့်​ရှင်း​စေ​လော့။ ငါ့​ဥ​စ္စာ​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။

ထို​မှ​တစ်​ပါး၊ အ​ပြစ်​ဖြေ​ခြင်း​အ​လို​ငှာ၊ နေ့​တိုင်း နွား​ထီး​တစ်​ကောင်​ကို​ပူ​ဇော်၍၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ပြု​ရ​မည်။ ထို​သို့​ယဇ်​ပ​လ္လင်​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​ပြီး​မှ၊ ပ​လ္လင်​ကို စင်​ကြယ်​စေ​ရ​မည်။ ထို​နောက် သန့်​ရှင်း​စေ​ခြင်း​ငှာ ဆီ​နှင့်​လိမ်း​ရ​မည်။

အင်​တုံ​နှင့် ခြေ​ထောက်​ကို​လည်း​လိမ်း၍ သန့်​ရှင်း​စေ​ရ​မည်။

သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ပြီး​မှ၊ ဘိုး​ဘ​အ​ဆွေ​အ​မျိုး​အ​လိုက် ဣ​သ​ရေ​လ​ဆယ်​နှစ်​မျိုး၌ မင်း​ပြု​သော​သူ​အ​သီး​အ​သီး​ပေး​ရ​သော လှံ​တံ​ဆယ်​နှစ်​ချောင်း​တို့​ကို​ယူ၍၊ လူ​တိုင်း​အ​မည်​ကို သူ့​လှံ​တံ​ပေါ်​မှာ ရေး​ထား​လော့။

ယဇ်​ပ​လ္လင်​ကို​ဆီ​လူး​သော​နေ့၌ အ​နု​မော​ဒ​နာ​ပြု​စ​ရာ​ဖို့ ယဇ်​ပ​လ္လင်​ရှေ့​မှာ အ​ခြား​သော​ပူ​ဇော်​သ​ကာ​ကို ပြု​ကြ၏။

ထို​သို့​ဣ​သ​ရေ​လ​အ​မျိုး​တို့၌ မင်း​ဖြစ်​သော​သူ​တို့​သည်၊ ယဇ်​ပ​လ္လင်​ကို ဆီ​လူး​သော​နေ့၌ အ​နု​မော​ဒ​နာ​ပြု​စ​ရာ​ဖို့ ဆက်​သော ငွေ​အင်​တုံ​ပေါင်း​ဆယ်​နှစ်​လုံး၊ ငွေ​ဖ​လား​ပေါင်း​ဆယ်​နှစ်​လုံး၊ ရွှေ​ဇွန်း​ပေါင်း​ဆယ်​နှစ်​စင်း​တည်း။

မိတ်​သ​ဟာ​ယ​ယဇ်​ဖို့​နွား​ပေါင်း နှစ်​ဆယ်​လေး​ကောင်၊ သိုး​ထီး​ခြောက်​ဆယ်၊ ဆိတ်​ထီး​ခြောက်​ဆယ်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ခြောက်​ဆယ် ရှိ​သ​တည်း။ ဤ​ရွေ့​ကား၊ ယဇ်​ပ​လ္လင်​ကို​ဆီ​လူး​သော​နောက်၊ အ​နု​မော​ဒ​နာ​ပြု​ဖို့ ဆက်​သော​ပူ​ဇော်​သ​ကာ​ပေ​တည်း။

လူ​မိုက်​လူ​ကန်း​တို့၊ အ​ဘယ်​အ​ရာ​သည်​သာ၍ မြတ်​သ​နည်း။ ထို​ပူ​ဇော်​သ​ကာ​ကား မြတ်​သ​လော။ ထို​ပူ​ဇော်​သ​ကာ​ကို သန့်​ရှင်း​စေ​သော ယဇ်​ပ​လ္လင်​ကား မြတ်​သ​လော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ