Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 6:5

Judson Bible

ခြား​နား​ခြင်း​သ​စ္စာ​စောင့်​သော​ကာ​လ​ပတ်​လုံး၊ ဦး​ဆံ​ကို​မ​ရိတ်​ရ။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ​သော ကာ​လ​မ​စေ့​မီ​တိုင်​အောင် သူ​သည် သန့်​ရှင်း​ရ​သ​ဖြင့်၊ မိ​မိ​ဆံ​ပင်​ကို အ​လို​အ​လျောက်​တိုး​ပွား​စေ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​တို့​ဆံ​ပင်​ကို​လည်း မ​ရိတ်​ရ၊ မ​ရှည်​စေ​ခြင်း​ငှာ ဖြတ်​ရ​မည်။

ခြား​နား​လျက်​နေ​သော​ကာ​လ​ပတ်​လုံး စ​ပျစ်​သီး​အ​ဆန်၊ စ​ပျစ်​သီး​အ​ခွံ​မှ​စ၍ စ​ပျစ်​ပင်​က​ဖြစ်​သ​မျှ​ကို မ​စား​ရ။

ထို​နောက်​မှ​ပေါ​လု​သည် တာ​ရှည်​စွာ​နေ​ပြီး​မှ ညီ​အစ်​ကို​တို့​ကို အ​ခွင့်​တောင်း၍ ထို​မြို့​မှ​ထွက်​သွား၏။ အ​ထက်​က သ​စ္စာ​က​တိ​ပြု​သည်​နှင့်​အ​ညီ ကင်​ခြေ​မြို့၌ ခေါင်း​ရိတ်​ခြင်း​ကို​ခံ​ပြီး​လျှင်၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို ခေါ်၍ ရှု​ရိ​ပြည်​သို့ သင်္ဘော​နှင့် လွှင့်​လေ၏။-

အ​ကြောင်း​မူ​ကား၊ ပ​ဋိ​သ​န္ဓေ​ယူ၍ ဖွား​မြင်​လ​တ္တံ့​သော သား​ယောက်ျား​သည် ဆံ​ပင်​ရိတ်​ခြင်း​ကို မ​ခံ​ဘဲ၊ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ဘု​ရား​သ​ခင်၏​နာ​ဇ​ရိ​လူ ဖြစ်​ရ​လိမ့်​မည်။ သူ​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​နုတ်​စ​ပြု​လိမ့်​မည်​ဟု ဆို၏။

ရှံ​ဆုန်​သည် မိ​မိ​စိတ်​နှ​လုံး၌ ရှိ​သ​မျှ​အ​တိုင်း​ပြော၍၊ ငါ့​ဆံ​ပင်​ကို တစ်​ခါ​မျှ မ​ရိတ်​သေး။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ဘု​ရား​သ​ခင်၏ နာ​ဇ​ရိ​လူ​ဖြစ်၏။ ငါ့​ဆံ​ပင်​ကို​ရိတ်​လျှင် ငါ၌​ခွန်​အား​လျော့၍ အ​ခြား​သော​သူ​ကဲ့​သို့ ငါ​ဖြစ်​လိမ့်​မည်​ဟု ပြော​ဆို၏။

ဒေ​လိ​လ​သည် ရှံ​ဆုန်​ခေါင်း​ကို မိ​မိ​ဒူး​ပေါ်​မှာ​တင်​လျက် သူ​ကို​အိပ်​စေ​သ​ဖြင့်၊ လူ​တစ်​ယောက်​ကို ခေါ်၍ သူ၏​ဆံ​ပင်​ခု​နစ်​စု​တို့​ကို ရိတ်​စေ​ပြီး​မှ၊ သူ​ကို​နှောင့်​ယှက်​စ​ပြု၍ သူ၏​ခွန်​အား​သည် လျော့​ပျောက်၏။

အို​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ ကျွန်​မ​ကို မေ့​လျော့​တော်​မ​မူ​ဘဲ၊ ကိုယ်​တော်​ကျွန်​မ၏ ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​အောက်​မေ့​သ​ဖြင့်၊ သား​ယောက်ျား​ကို ပေး​သ​နား​တော်​မူ​လျှင်၊ သူ၏​ဆံ​ပင်​ရိတ်​ခြင်း​ကို အ​လျှင်း​မ​ပြု။ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ ကျွန်​မ​အပ်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ပြု​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ