Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 6:3

Judson Bible

စ​ပျစ်​ရည်​နှင့် ယစ်​မျိုး​ကို​ရှောင်​ရ​မည်။ စ​ပျစ်​ရည်​ချဉ်​နှင့် ယစ်​မျိုး​ချဉ်​ကို​လည်း မ​သောက်​ရ။ စ​ပျစ်​သီး​ဖြင့်​လုပ်​သော​အ​ရည်​ကို အ​လျှင်း​မ​သောက်​ရ။ စ​ပျစ်​သီး အ​စိမ်း​အ​ခြောက်​ကို​လည်း မ​စား​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သင်​နှင့် သင်၏​သား​တို့​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သော​အ​ရာ၊ မ​သန့်​ရှင်း​သော​အ​ရာ၊ စင်​ကြယ်​သော​အ​ရာ၊ မ​စင်​ကြယ်​သော​အ​ရာ​တို့​ကို ပိုင်း​ခြား​တတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​သ​မျှ​သော​ပ​ညတ်​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ သွန်​သင်​တတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ ဝင်​သော​အ​ခါ၊ စ​ပျစ်​ရည်​အ​စ​ရှိ​သော ယစ်​မျိုး​ကို​မ​သောက်​နှင့်။ သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက် စောင့်​ရ​သော​ပ​ညတ်​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

သင်​တို့​သား​အ​ချို့​ကို ပ​ရော​ဖက်​အ​ရာ၊ လု​လင်​အ​ချို့​ကို နာ​ဇ​ရိ​လူ​အ​ရာ၌ ငါ​ခန့်​ထား​ပြီ။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ​စ​ကား​မှန်​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​မေး​တော်​မူ၏။

သင်​တို့​မူ​ကား၊ နာ​ဇ​ရိ​လူ​သောက်​ဖို့​စ​ပျစ်​ရည်​ကို​ပေး​ကြ​ပြီ။ ပ​ရော​ဖက်​တို့​ကို​လည်း၊ ပ​ရော​ဖက်​ပြု၍ မ​ဟော​ကြ​နှင့်​ဟု မြစ်​တား​ကြ​ပြီ။

ခြား​နား​လျက်​နေ​သော​ကာ​လ​ပတ်​လုံး စ​ပျစ်​သီး​အ​ဆန်၊ စ​ပျစ်​သီး​အ​ခွံ​မှ​စ၍ စ​ပျစ်​ပင်​က​ဖြစ်​သ​မျှ​ကို မ​စား​ရ။

အ​ကြောင်း​မူ​ကား၊ ထို​သား​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်။ စ​ပျစ်​ရည်​နှင့် ယစ်​မျိုး​ကို မ​သောက်​ဘဲ​နေ၍၊ အ​မိ​ဝမ်း​ထဲ​က​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​ဝ​လိမ့်​မည်။-

သင်​တို့​သည် ကိုယ်​ကို​ကိုယ် သ​တိ​ပြု​ကြ​လော့။ သို့​မ​ဟုတ် အ​စား​အ​သောက်​လွန်​ကြူး​ခြင်း၊ လော​ကီ စိုး​ရိမ်​ခြင်း​အား​ဖြင့် စိတ်​နှ​လုံး​ပင်​ပန်း​လျက်​နေ​စဉ်၊ ထို​နေ့​ရက်​သည် အ​မှတ်​တ​မဲ့ သင်​တို့​နှင့် တွေ့​ကြုံ​လိမ့်​မည်။-

လွန်​ကျူး​စေ​တတ်​သော စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း​ကို​ရှောင်၍ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ​လော့။-

မ​ကောင်း​သော​အ​မှု အ​မျိုး​မျိုး​ရှိ​သ​မျှ​ကို ရှောင်​ကြ​လော့။-

သင်၏​ရင်​ထဲ၌ အ​ကျိုး​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မ​ကြာ​မ​ကြာ​ခံ​ရ​သော ရော​ဂါ​ကြောင့်​လည်း​ကောင်း၊ ယ​ခု​မှ​စ၍ ရေ​ကို​သာ မ​သောက်​ဘဲ၊ စ​ပျစ်​ရည်​အ​နည်း​ငယ်​ကို သုံး​လော့။-

စား​စ​ရာ၊ သောက်​စ​ရာ၊ အ​မျိုး​မျိုး​သော နှစ်​စ​ရာ​တည်း​ဟူ​သော၊ ကိုယ်​ခ​န္ဓာ​နှင့်​ဆိုင်​သော အ​ထုံး​အ​ဖွဲ့​များ​နှင့်​တ​ကွ အ​သစ်​ပြု​ပြင်​ခြင်း ကာ​လ​တိုင်​ရုံ​မျှ​သာ တည်​ရ​ကြ၏။

စ​ပျစ်​ပင်​မှ ဖြစ်​သ​မျှ​ကို မ​စား​ရ။ စ​ပျစ်​ရည်​မှ​စ၍ သေ​ရည်​သေ​ရက်​ကို မ​သောက်​ရ။ မ​စင်​ကြယ်​သော​အ​ရာ​ကို မ​စား​ရ။ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း စောင့်​ရှောက်​ရ​မည်​ဟု မာ​နော်​အား ပြော​ဆို၏။

သို့​ဖြစ်၍ သ​တိ​ပြု​လော့။ စ​ပျစ်​ရည်​ကို မ​သောက်​နှင့်။ သေ​ရည်​သေ​ရက်​ကို မ​သောက်​နှင့်။ မ​စင်​ကြယ်​သော​အ​စာ​ကို မ​စား​နှင့်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ