Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 5:2

Judson Bible

ငါ​နေ​သော​တပ်​ကို မ​ညစ်​ညူး​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် နူ​သော​သူ၊ ရိ​နာ​စွဲ​သော​သူ၊ အ​သေ​ကောင်​ထိ၍ မ​စင်​ကြယ်​သော​သူ ယောက်ျား​မိန်း​မ​အ​ပေါင်း​တို့​ကို၊ တပ်​ပြင်​မှာ​နေ​ရာ​ချ​ထား ရ​မည်​အ​ကြောင်း ဆင့်​ဆို​လော့​ဟု

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ မြို့​တံ​ခါး​ဝ၌​ထိုင်​လျက်​ရှိ​သော လူ​နူ​လေး​ယောက်​တို့​က၊ ငါ​တို့​သည် သေ​သည်​တိုင်​အောင် အ​ဘယ်​ကြောင့် ဤ​အ​ရပ်၌ ထိုင်​ရ​မည်​နည်း။

နူ​နာ​စွဲ​သော​သူ​သည် စုတ်​သော​အ​ဝတ်​ကို​ဝတ်​ရ​မည်။ ခေါင်း​ကို​မ​ဖုံး၊ အ​ထက်​နှုတ်​ခမ်း​ကို​ဖုံး​လျက်၊ မ​စင်​ကြယ်၊ မ​စင်​ကြယ်​ဟု ဟစ်​ကြော်​ရ​မည်။

ထို​အ​နာ​စွဲ​သည်​ကာ​လ​ပတ်​လုံး၊ သူ​သည်​ညစ်​ညူး၏။ မ​စင်​ကြယ်​သည်​ဖြစ်၍ တစ်​ယောက်​တည်း​နေ​ရ​မည်။ သူ့​နေ​ရာ​သည် တပ်​ပြင်​မှာ​ရှိ​ရ​မည်။

ယား​နာ​တိုး​ပွား​သည်​ကို မြင်​သော​အ​ခါ၊ ထို​သူ​သည်​မ​စင်​ကြယ်​ဟု စီ​ရင်​ရ​မည်။ နူ​နာ​ဖြစ်၏။

စင်​ကြယ်​စေ​ရ​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​လျှော်၍၊ မိ​မိ​ဆံ​ပင်​ကို အ​ကုန်​အ​စင်​ရိတ်​ပြီး​မှ၊ စင်​ကြယ်​စေ​ခြင်း​ငှာ ရေ​ချိုး​ရ​မည်။ ထို​နောက်၊ တပ်​ထဲ​သို့​ဝင်၍၊ မိ​မိ​တဲ​ပြင်၌ ခု​နစ်​ရက်​နေ​ရ​မည်။

တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အာ​ရုန်၏​သား၊ ယဇ်​ပု​ရော​ဟိတ်​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အ​မျိုး​သား​ချင်း​သေ​သော​သူ​အ​တွက် သင်​တို့​တွင်​အ​ဘယ်​သူ​မျှ ညစ်​ညူး​ခြင်း​မ​ရှိ​ရ။

ထို​နေ့၌ ခြိုး​ခြံ​စွာ​မ​ကျင့်​သော​သူ​မည်​သည်​ကား မိ​မိ​အ​မျိုး​မှ​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​မည်။

မိုး​တိမ်​သည် တဲ​တော်​အ​ပေါ်​မှ​ကွာ​သွား၏။ မိ​ရိ​အံ​သည်​လည်း၊ နူ​နာ​စွဲ၍ မိုး​ပွင့်​ကဲ့​သို့​ဖြူ​လေ၏။ အာ​ရုန်​ကြည့်၍ မိ​ရိ​အံ​နူ​သည်​ကို​မြင်​လျှင်၊

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ၏​အ​ဘ​သည် သူ၏​မျက်​နှာ​ကို တံ​တွေး​နှင့် ထွေး​ရုံ​မျှ​သာ​ပြု​လျှင်၊ သူ​သည် ခု​နစ်​ရက်​ပတ်​လုံး အ​ရှက်​ကွဲ​ခြင်း​ကို ခံ​ရ​မည်​မ​ဟုတ်​လော။ ယ​ခု​တွင် သူ့​ကို​နှင်​ထုတ်၍ ခု​နစ်​ရက်​ပတ်​လုံး တပ်​ပြင်​မှာ​နေ​စေ။ ထို​နောက်​မှ တပ်​ထဲ​သို့​တစ်​ဖန်​ဝင်​စေ​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊

သင်​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး တပ်​ပြင်​မှာ​နေ​ရ​ကြ​မည်။ လူ​ကို​သတ်​သော​သူ၊ အ​သေ​ကောင်​ကို​ထိ​သော​သူ အ​ပေါင်း​တို့​ကိုယ်​ကို​လည်း​ကောင်း၊ သိမ်း​ယူ​သော​သူ​တို့​ကို​လည်း​ကောင်း တ​တိ​ယ​နေ့၊ သ​တ္တ​မ​နေ့၌ စင်​ကြယ်​စေ​ကြ​လော့။

တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ