Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 5:18

Judson Bible

ထို​မိန်း​မ​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ​ထား​ပြီး​လျှင်၊ ခေါင်း၌​အ​ချည်း​စည်း​ရှိ​စေ၍၊ မ​ယား​ကို​မ​ယုံ​ခြင်း ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော သ​တိ​ပေး​ရာ​ပူ​ဇော်​သ​ကာ​ကို မိန်း​မ​လက်၌​ထည့်​ရ​မည်။ ကျိန်​ခြင်း​ဘေး​ကို​ဖြစ်​စေ​သော​ရေ​ခါး​ကို၊ ယဇ်​ပု​ရော​ဟိတ်​ကိုယ်​တိုင် ကိုင်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အ​ဆုံး၌​ကား၊ သူ​သည် ဘင်း​ခါး​ရွက်​ကဲ့​သို့​ခါး၍၊ သန်​လျက်​နှင့်​အ​မျှ ထက်၏။

ကျော့​ကွင်း​နှင့် ပိုက်​ကွန်​တို့​ကို ကြံ​စည်​ပြင်​ဆင်၍ ကြိုး​နှင့်​ချည်​နှောင်​တတ်​သော​မိန်း​မ​သည်၊ သေ​ခြင်း​ထက် သာ၍​ခါး​သည်​ကို ငါ​တွေ့​ပြီ။ ဘု​ရား​သ​ခင်​စိတ်​တွေ့​တော်​မူ​သော​သူ​သာ​လျှင်၊ ထို​မိန်း​မ​လက်​နှင့် လွတ်​လိမ့်​မည်။ အ​ပြစ်​ပြု​တတ်​သော​သူ​ကို​ကား၊ ဖမ်း​မိ​လိမ့်​မည်။

အ​ကျွန်ုပ်​ခံ​ရ​သော ဝေ​ဒ​နာ​သည် ငြိမ်း​ပါ​ပြီ။ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို သ​နား၍၊ ဖျက်​ဆီး​ရာ​တွင်း​ထဲ​က နုတ်​ယူ​တော်​မူ​ပြီ။ အ​ကျွန်ုပ် အ​ပြစ်​ရှိ​သ​မျှ​တို့​ကို နောက်​တော်​သို့ ပစ်​လိုက်​တော်​မူ​ပြီ။

သင်၏ ဒု​စ​ရိုက်​သည် သင့်​ကို​ဆုံး​မ​မည်။ သင်၏​ဖောက်​ပြန်​ခြင်း​သည် သင့်​ကို အ​ပြစ်​ပေး​မည်။ သို့​ဖြစ်၍ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စွန့်​ပစ်​သော​အ​မှု၊ ငါ့​ကို​မ​ကြောက်​ဘဲ နေ​သော​အ​မှု​သည်၊ မ​ကောင်း​သော​အ​မှု၊ ခါး​သော​အ​မှု​ဖြစ်​သည်​ကို သိ​မြင်​ရ​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

နူ​နာ​စွဲ​သော​သူ​သည် စုတ်​သော​အ​ဝတ်​ကို​ဝတ်​ရ​မည်။ ခေါင်း​ကို​မ​ဖုံး၊ အ​ထက်​နှုတ်​ခမ်း​ကို​ဖုံး​လျက်၊ မ​စင်​ကြယ်၊ မ​စင်​ကြယ်​ဟု ဟစ်​ကြော်​ရ​မည်။

ထို​မိန်း​မ​ပြု​ရ​သော​ပူ​ဇော်​သ​ကာ​ဖို့ မု​ယော​မုန့်​တစ်​ဩ​မဲ​ပါ​လျက် သူ့​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ခေါ်​သွား​ရ​မည်။ မုန့်​ညက်​ပေါ်​မှာ ဆီ​ကို​မ​လောင်း​ရ။ လော​ဗန်​ကို မ​တင်​ရ။ မ​ယား​ကို​မ​ယုံ​ခြင်း​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ကို​ဖော်​တင်​ရာ ပူ​ဇော်​သ​ကာ​ဖြစ်၏။

ယဇ်​ပု​ရော​ဟိတ်​သည် သန့်​ရှင်း​သော​ရေ​ကို မြေ​အိုး၌​လောင်း​ပြီး​လျှင်၊ တဲ​တော်၌​ရှိ​သော မြေ​မှုန့်​ကို​ယူ၍ ရေ​ထဲ​မှာ​ထည့်​ရ​မည်။

ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​မိန်း​မ​ကို​အ​ကျိန်​တိုက်​လျက် သင်​သည် ကိုယ်​ခင်​ပွန်း​မှ​တစ်​ပါး အ​ခြား​သော​ယောက်ျား​နှင့် မှား​ယွင်း​ခြင်း၊ ညစ်​ညူး​ခြင်း​မ​ရှိ​လျှင်၊ ကျိန်​ခြင်း​ဘေး​ကို​ဖြစ်​စေ​သော၊ ဤ​ရေ​ခါး​နှင့် ကင်း​လွတ်​စေ​သ​တည်း။

ကျိန်​ခြင်း​ဘေး​ဖြစ်​စေ​သော ဤ​ရေ​သည်​သင်၏​ဝမ်း​ထဲ​သို့​ဝင်၍ ဝမ်း​ရောင်​ခြင်း၊ ပေါင်​ပိန်​ခြင်း​ကို​ဖြစ်​စေ​သ​တည်း​ဟု ယဇ်​ပု​ရော​ဟိတ်​သည် ကျိန်​ခြင်း​အ​ကျိန်​တိုက်​လျှင် မိန်း​မ​က၊ အာ​မင်၊ အာ​မင်​ဟု​ဝန်​ခံ​ရ​မည်။

မိန်း​မ​မူ​ကား၊ ရှည်​သော​ဆံ​ပင်​ရှိ​လျှင်၊ သူ၏​ဘုန်း​အ​သ​ရေ ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ မိန်း​မ​ဆံ​ပင်​သည် မိ​မိ​ခြုံ​စ​ရာ​ဖို့ ဖြစ်၏။-

ထို​သို့​ပြု​လျှင် ဆံ​ပင်​ရိတ်​သည်​နှင့်​တူ၏။ မိန်း​မ​သည် မိ​မိ​ခေါင်း​ကို မ​ဖုံး​လျှင် ဆံ​ပင်​ကို​ဖြတ်​စေ။ ဆံ​ပင် ဖြတ်​ခြင်း၊ ဆံ​ပင်​ရိတ်​ခြင်း​အ​ရာ​သည် ရှက်​စ​ရာ​ရှိ​လျှင် ခေါင်း​ကို​ဖုံး​စေ။-

ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ လွှဲ​ရှောင်​ချင်​သော သ​ဘော​ရှိ​လျက်၊ ထို​လူ​မျိုး​တို့၏ ဘု​ရား​များ​ထံ​သို့ သွား၍​ဝတ်​ပြု​သော​ယောက်ျား၊ မိန်း​မ၊ အ​ဆွေ​အ​မျိုး တစ်​စုံ​တစ်​ယောက်​သည် သင်​တို့​တွင်​ပါ​မည်​ဟူ၍​လည်း​ကောင်း၊ ခါး​စွာ​သော​အ​သီး၊ ဒေါ​န​ကို​သီး​တတ်​သော အ​ပင်​မြစ်​သည် သင်​တို့​တွင် ပေါက်​မည်​ဟူ၍​လည်း​ကောင်း၊

ခပ်​သိမ်း​သော သူ​တို့၌ မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​နှင့် သ​စ္စာ​သံ​ဝါ​သ​ပြု​ခြင်း​အ​မှု​သည် အ​သေ​ရေ ရှိ​စေ​လော့။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​သော​သူ​နှင့် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​ကို ဘု​ရား​သ​ခင်​စစ်​ကြော စီ​ရင်​တော်​မူ​လိမ့်​မည်။-

ထို​အ​ခါ ရှ​မွေ​လ​က၊ အာ​မ​လက်​ရှင်​ဘု​ရင် အာ​ဂတ်​ကို ငါ့​ထံ​သို့​ခေါ်​ခဲ့​ကြ​ဟု ဆို​သည်​အ​တိုင်း၊ အာ​ဂတ်​က သေ​ဘေး​သည် စင်​စစ်​လွန်​သွား​ပြီ​ဟု ဆို​လျက် ရွှင်​လန်း​စွာ​လာ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ