လူတိုင်းသန့်ရှင်းစေ၍ ယဇ်ပုရောဟိတ်အား လှူသမျှတို့သည်လည်း ယဇ်ပုရောဟိတ်၏ဥစ္စာဖြစ်ရမည်ဟု မိန့် တော်မူ၏။
ထိုရင်ပတ်၊ ပခုံးတို့သည် ထာဝရပညတ်တော်အတိုင်း၊ ဣသရေလအမျိုးသားလှူသော အာရုန်၏အဖို့၊ သူ့သားတို့၏အဖို့ဖြစ်ရမည်။ ဣသရေလအမျိုးသားပြုသော မိတ်သဟာယယဇ်ထဲက၊ ထာဝရဘုရားရှေ့တော်၌ ချီမြှောက်၍၊ ချီမြှောက်ရာပူဇော်သကာဖြစ်၏။
ထိုအကြွင်းသည် ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာထဲက သင်နှင့်သင်၏သားတို့ ခံထိုက်သောအဖို့ဖြစ်၍ သန့်ရှင်းရာဌာနတော်၌ စားရကြမည်။ ထိုပညတ်တော်ကို ငါခံရပြီ။
ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် ရှေ့တော်၌ချီမြှောက်ရာ ပူဇော်သကာပြုဖို့ရာအခွန်ကို ယဇ်ပုရောဟိတ်ဧလာဇာအား အပ်ပေးလေ၏။
တစ်ဖန်မောရှေအားထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊