မီးထွန်းရာ မီးခုံ၊ မီးခွက်၊ မီးညှပ်၊ မီးညှပ်ခံရာခွက်၊ ဆီအိုးအစရှိသည်တို့ကို ပြာသောအထည်နှင့်အုပ်ပြီးမှ၊
နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။
ထိုတန်ဆာရှိသမျှတို့ကို၊ တဟာရှသားရေအိတ်ထဲ၌သွင်းထား၍၊ ထမ်းပိုးကိုတပ်ရမည်။
ထိုအရာတို့ကို၊ နီသောအထည်နှင့် အုပ်ရမည်။ တစ်ဖန် တဟာရှသားရေနှင့်အုပ်ပြန်၍ ထမ်းပိုးတို့ကိုလျှိုထားရမည်။
ဆီမီးထွန်း၍ တောင်းဇလားအောက်၌ ဖုံးထားလေ့မရှိ။ အိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကို ရစေခြင်းငှာ ဆီမီးခုံပေါ်မှာ တင်ထားလေ့ရှိ၏။-
ငါ့လက်ယာလက်၌ ထင်ရှားသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်လုံး၏ နက်နဲခြင်းအရာဟူမူကား၊ မီးခွက်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါးဖြစ်၏။ ကြယ်ခုနစ်လုံးသည်လည်း ထိုခုနစ်ပါးသော အသင်းတော်တို့ကို အုပ်သောတမန်ဖြစ်ကြ၏။