Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 4:5

Judson Bible

တပ်​ချီ​ချိန်​ရောက်​သော​အ​ခါ၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည်​လာ၍၊ အ​တွင်း​ကု​လား​ကာ​ကို​ချ​ပြီး​လျှင်၊ သက်​သေ​ခံ​ချက်​သေ​တ္တာ​ကို အုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​နှင့်​အ​ညီ မော​ရှေ​မှာ​ထား​ခဲ့​သည်​အ​တိုင်း၊ လေ​ဝိ​သား​တို့​သည် ဘု​ရား​သ​ခင်၏ သေ​တ္တာ​တော်​ကို သေ​တ္တာ​တော်​ထမ်း​ပိုး​ဖြင့် ထမ်း​ကြ၏။

လေ​ဝိ​သား​တို့​သည် တဲ​တော်​နှင့် တဲ​တော်​အ​မှု ဆောင်​ရွက်​ရာ​တန်​ဆာ​များ​ကို နောက်​တစ်​ဖန်​မ​ထမ်း​ရ​ဟု ဒါ​ဝိဒ်​မိန့်​တော်​မူ၏။

ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ဖြင့်​ပြီး၍ ခေ​ရု​ဗိမ်​အ​ရုပ်​နှင့် ချယ်​လှယ်​သော ကု​လား​ကာ​ကို​လည်း လုပ်​လေ၏။

တစ်​နည်း​ကား၊ ပြာ​သော​အ​ထည်၊ မောင်း​သော​အ​ထည်၊ နီ​သော​အ​ထည်၊ ပိတ်​ချော​ဖြင့်​ပြီး၍၊ ခေ​ရု​ဗိမ်​အ​ရုပ်​နှင့်၊ ချယ်​လှယ်​သော​ကု​လား​ကာ​တစ်​ထည်​ကို​လည်း​ကောင်း၊

တဲ​တော်​အ​ထဲ​၌၊ သက်​သေ​ခံ​ချက်​သေ​တ္တာ​ကို သွင်း​ထား၍၊ အ​တွင်း​ကု​လား​ကာ​ဖြင့် ကွယ်​ကာ​ရ​မည်။

နံ့​သာ​ပေါင်း​ရှို့​ရာ ရွှေ​ပ​လ္လင်​ကို သက်​သေ​ခံ​ချက် သေ​တ္တာ​ရှေ့၌​တည်​ထား၍၊ တဲ​တော်​တံ​ခါး​ဝ​ကာ​သော ကု​လား​ကာ​ကို​ဆွဲ​ကာ​ရ​မည်။

လူ​ခပ်​သိမ်း​တို့​ကို ဖုံး​သော မျက်​နှာ​ဖုံး​ကို​လည်း​ကောင်း၊ ခပ်​သိမ်း​သော လူ​မျိုး​တို့​ကို​ဖုံး​လွှမ်း​သော တင်း​တိမ်​ကို​လည်း​ကောင်း၊ ဤ​တောင်​ပေါ်​မှာ ပယ်​တော်​မူ​လိမ့်​မည်။

သင်၏​အစ်​ကို​အာ​ရုန်​သည် သေ​ဘေး​နှင့်​ကင်း​လွတ်​မည်​အ​ကြောင်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​ထဲ၊ သေ​တ္တာ​အ​ပေါ်​မှာ​တင်​သော​အ​ဖုံး​ကို ကွယ်​ကာ​သော ကု​လား​ကာ​အ​တွင်း​သို့ အ​ခါ​ခပ်​သိမ်း​မ​ဝင်​စေ​ခြင်း​ငှာ ဆင့်​ဆို​လော့။ ငါ​သည် သေ​တ္တာ​ဖုံး​အ​ပေါ်၊ မိုး​တိမ်၌​ထင်​ရှား​မည်။

ယု​ဒ​တပ်​အ​စဉ်​အ​တိုင်း အ​လုံး​အ​ရင်း​တို့​သည်၊ အ​လံ​နှင့်​တ​ကွ ရှေ့​ဦး​စွာ​ချီ​သွား​ကြ၏။ ယု​ဒ​တပ်​ကို၊ အ​မိ​န​ဒပ်​သား​နာ​ရှုန် အုပ်​ရ၏။

ထို​သို့​တပ်​ချီ​ချိန်​ရောက်​သော​အ​ခါ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် သန့်​ရှင်း​သော​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ဖုံး​အုပ်​သော​နောက်၊ ကော​ဟတ်​သား​တို့​သည် ထမ်း​ခြင်း​ငှာ​ချဉ်း​ကပ်​ရ​ကြ​မည်။ သို့​ရာ​တွင် သူ​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း သန့်​ရှင်း​သော​အ​ရာ​ကို​မ​ကိုင်​ရ၊ ဤ​ရွေ့​ကား ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ကော​ဟတ်​သား​များ ဆောင်​ရွက်​ရ​သော​အ​မှု​ပေ​တည်း။

အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​နှင့်​ဆိုင်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ကော​ဟတ်​သား​များ စောင့်​ရှောက်​ရ​သော​အ​မှု​ဟူ​မူ​ကား၊

သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​မူ​ကို စောင့်​ရ​သော ကော​ဟတ်​သား​တို့​သည် မိ​မိ​တို့​ပ​ခုံး၌ ထမ်း​ရွက်​ရ​သော​ကြောင့်၊ သူ​တို့​အား ရ​ထား​နှင့်​နွား​တို့​ကို​မ​ပေး။

ထို​အ​ခါ ဗိ​မာန်​တော်၏ ကု​လား​ကာ​သည် အ​ထက်​စွန်း​မှ​အောက်​စွန်း​တိုင်​အောင် စုတ်​ကွဲ​လေ၏။ မြေ​ကြီး လှုပ်​လေ၏။ ကျောက်​များ​တို့​သည်​ကွဲ​ပြား​ကြ၏။-

ဤ​ပ​ညတ်​တ​ရား​ကို မော​ရှေ​သည်​ရေး​ထား၍ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သော လေ​ဝိ​သား​ယဇ်​ပု​ရော​ဟိတ်​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​များ အ​ပေါင်း​တို့၌​အပ်၍၊

ဒု​တိ​ယ​ကု​လား​ကာ​အ​တွင်း၌၊ ဟ​ဂျာ​ဟ​ဂျုန်​ဟု ခေါ်​ဝေါ်​သော တဲ​တော်​ရှိ၏။-

ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ထဲ​သို့ ကြည့်​ရှု​မိ​သော​ကြောင့်၊ လူ​ခု​နစ်​ဆယ်​နှင့် လူ​ငါး​သောင်း​တို့​သည် ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် ဒဏ်​ပေး​တော်​မူ​သော​ကြောင့်၊ လူ​များ​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ