Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 4:32

Judson Bible

ဝင်း​တိုင်၊ ခြေ​စွပ်​တံ​သင်၊ ကြိုး​များ​တို့​ကို​လည်း​ကောင်း ထို​အ​ရာ​များ​နှင့်​ဆိုင်၍ အ​မှု​တော်​ထမ်း​ရန် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း ထမ်း​ရွက်​ရ​ကြ​မည်။ သူ​တို့​ထမ်း​ရွက်​ရ​သော​တန်​ဆာ​တို့​ကို အ​မည်​မှတ်၍​ရေ​တွက်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​ချို့​တို့​သည်​လည်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော် တန်​ဆာ​များ၊ အ​သုံး​အ​ဆောင်​များ၊ မုန့်​ညက်၊ စ​ပျစ်​ရည်၊ ဆီ၊ လော​ဗန်၊ နံ့​သာ​မျိုး​များ​ကို ပြု​စု၍​စောင့်​ရ​ကြ၏။

ငါ​ပြ​သ​မျှ​သော တဲ​တော်​ပုံ၊ တဲ​တော်​တန်​ဆာ​ပုံ​နှင့်​အ​ညီ လုပ်​ရ​မည်။

တဲ​တော်​ဝင်း​ကာ​ရန်​မူ​ကား၊ အ​လျား​အ​တောင်​တစ်​ရာ​ရှိ​သော ပိတ်​ချော​နှင့် တောင်​ဘက်၌ ကု​လား​ကာ​ကို​လုပ်​ရ​မည်။

တိုင်​တို့​သည် ကြေး​ဝါ​ခြေ​စွပ်၊ ငွေ​တံ​စို့၊ ငွေ​တန်း​နှင့်​ပြည့်​စုံ၍ တိုင်​ထိပ်​များ​ကို​လည်း ငွေ​နှင့်​မွမ်း​မံ​လေ၏။ ဝင်း​တိုင်​တန်း​ရှိ​သ​မျှ​တို့​သည် ငွေ​တန်း​ဖြစ်၏။

ဤ​ရွေ့​ကား၊ မော​ရှေ​စီ​ရင်​သည်​အ​တိုင်း၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​သည်၊ လေ​ဝိ​လူ​များ အ​မှု​တော်​ဆောင်​စ​ရာ​တဲ​တော်​ကို ရေ​တွက်​မှတ်​သား​သော သက်​သေ​ခံ​ချက် တဲ​တော်​စာ​ရင်း​ပေ​တည်း။

မေ​ရာ​ရိ​သား​တို့​အ​ငန်း​အ​တာ​ဟူ​မူ​ကား၊ တဲ​တော်​ပျဉ်​ပြား​များ ကန့်​လန့်​ကျင်​များ၊ တိုင်​များ၊ ခြေ​စွပ်​များ၊ ထို​အ​ရာ​နှင့်​ဆိုင်​သော​တန်​ဆာ​များ အ​စ​ရှိ​သည်​တို့​ကို​လည်း​ကောင်း၊ ဝင်း​တိုင်​များ၊

သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ကြည့်​ရှု​ပြု​စု၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဆောင်​ရ​သော တဲ​တော်​အ​မှု​ကို ဆောင်​ရ​ကြ​မည်။

သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ စောင့်​ရ​သော​အ​မှု၊ ထမ်း​ရ​သော​ဝန်​ဟူ​မူ​ကား၊ တဲ​တော်​ပျဉ်​ပြား၊ ကန့်​လန့်​ကျင်၊ တိုင်၊ ခြေ​စွပ်၊

ဤ​ရွေ့​ကား ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​အုပ်၍၊ ပ​ရိ​သတ်​အ​စည်း​ဝေး​ရာ​တဲ​တော်၌ မေ​ရာ​ရိ​အ​ဆွေ​အ​မျိုး​သား​များ ဆောင်​ရွက်​ရ​သော အ​မှု​ပေ​တည်း။

မော​ရှေ၌​ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော ပ​ညတ်​တော်​အ​တိုင်း လူ​အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု၊ အ​သီး​အ​သီး​ထမ်း​ရ​သော​ဝန်​တို့​ကို ထောက်၍ မော​ရှေ​ရေ​တွက်​သ​တည်း။

မော​ရှေ​သည် တဲ​တော်​ကို​ထူ​ထောင်၍၊ တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​နှင့် ယဇ်​ပ​လ္လင်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ဆီ​လူး၍ သန့်​ရှင်း​စေ​ခြင်း​အ​မှု​ကို လက်​စ​သတ်​သော​နေ့၌၊

မေ​ရာ​ရိ​သား​တို့​အား ရ​ထား​လေး​ခု​နှင့် နွား​ရှစ်​ကောင်​တို့​ကို​လည်း​ကောင်း ပေး​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ