Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 4:12

Judson Bible

သန့်​ရှင်း​ရာ​ဌာ​န၌ အ​မှု​တော်​ကို​ဆောင်​ရွက်​ရန် တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ပြာ​သော​အ​ထည်​အိတ်​ထဲ၌ သွင်း​ထား၍၊ တ​ဟာ​ရှ​သား​ရေ​ဖြင့်​အုပ်​ပြီး​မှ ထမ်း​ပိုး​ကို​တပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အ​ချို့​တို့​သည်​လည်း၊ အ​မှု​တော်​စောင့်​တန်​ဆာ​များ​ကို အ​ရေ​အ​တွက်​အ​တိုင်း သွင်း​လျက်​ထုတ်​လျက် စောင့်​ရ​ကြ၏။

အ​ချို့​တို့​သည်​လည်း၊ သန့်​ရှင်း​ရာ​ဌာ​န​တော် တန်​ဆာ​များ၊ အ​သုံး​အ​ဆောင်​များ၊ မုန့်​ညက်၊ စ​ပျစ်​ရည်၊ ဆီ၊ လော​ဗန်၊ နံ့​သာ​မျိုး​များ​ကို ပြု​စု၍​စောင့်​ရ​ကြ၏။

ဟိ​ရံ​သည် အိုး​များ၊ ရေ​မှုတ်​များ၊ အင်​တုံ​ငယ်​များ​ကို​လည်း လုပ်​သ​ဖြင့်၊ ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ဘု​ရား​သ​ခင်၏​အိမ်​တော်၌ လက်​စ​သတ်​သော အ​ရာ​များ​ဟူ​မူ​ကား၊

ရှော​လ​မုန်​မင်း​ကြီး​အ​ဖို့ ဟိ​ရံ​လုပ်​သ​မျှ​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​တန်​ဆာ​တို့​သည် ပြောင်​ပြောင်​တောက်​သော ကြေး​ဝါ​ဖြင့် ပြီး​ကြ၏။

ရှော​လ​မုန်​သည်​လည်း၊ ဘု​ရား​သ​ခင်၏ အိမ်​တော်​နှင့် ဆိုင်​သ​မျှ​သော တန်​ဆာ​များ​တည်း​ဟူ​သော ရွှေ​ယဇ်​ပ​လ္လင်၊ ရှေ့​တော်​မုန့်​တင်​စ​ရာ​စား​ပွဲ၊

ရွှေ​စင်​ဖြင့်​ပြီး​သော မီး​ညှပ်၊ လင်​ပန်း၊ ဇွန်း၊ ပြာ​ခံ​စ​ရာ​အိုး​များ၊ အိမ်​တော်​ထဲ​မှာ အ​လွန်​သန့်​ရှင်း​ရာ ဌာ​န​တော်​အ​တွင်း​ခန်း​တံ​ခါး​ရွက်​နှင့် ဗိ​မာန်​တော်​ပြင်​ခန်း တံ​ခါး​ရွက်​တို့​ကို​လည်း ရွှေ​ဖြင့်​ပြီး​စေ၏။

အ​နီ​ဆိုး​သော​သိုး​ရေ၊ တ​ဟာ​ရှ​သား​ရေ၊ အ​ကာ​ရှ​သစ်​သား။

ငါ​ပြ​သ​မျှ​သော တဲ​တော်​ပုံ၊ တဲ​တော်​တန်​ဆာ​ပုံ​နှင့်​အ​ညီ လုပ်​ရ​မည်။

အ​မှု​တော်​ကို​ထမ်း​စ​ရာ​အ​ဝတ်၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့် သူ​၏​သား​ဝတ်​ဖို့ သန့်​ရှင်း​သော​အ​ဝတ်​ကို​လည်း​ကောင်း၊

သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ကြည့်​ရှု​ပြု​စု၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဆောင်​ရ​သော တဲ​တော်​အ​မှု​ကို ဆောင်​ရ​ကြ​မည်။

ရွှေ​ယဇ်​ပ​လ္လင်​ပေါ်​မှာ ပြာ​သော​အ​ထည်​ကို​ခင်း၍၊ တ​ဟာ​ရှ​သား​ရေ​နှင့်​အုပ်​ပြီး​လျှင်၊ ထမ်း​ပိုး​တို့​ကို​လျှို​ထား​ရ​မည်။

ယဇ်​ပ​လ္လင်​မှ​ပြာ​ကို​ပယ်​ရှင်း၍ ပ​လ္လင်​ပေါ်​မှာ မောင်း​သော​အ​ထည်​ကို ခင်း​ပြီး​လျှင်၊

ကု​လား​ကာ​အ​ပေါ်​မှာ တ​ဟာ​ရှ​သား​ရေ​နှင့် အုပ်​ပြန်၍ သား​ရေ​အ​ပေါ်​မှာ​လည်း ပြာ​သော​အ​ထည်​ကို​ခင်း​ပြီး​မှ၊ ထမ်း​ပိုး​တို့​ကို​လျှို​ထား​ရ​မည်။

ရှေ့​တော်​မုန့်​စား​ပွဲ​ပေါ်​မှာ ပြာ​သော​အ​ထည်​ကို​ခင်း၍၊ လင်​ပန်း၊ ဇွန်း၊ လောင်း​စ​ရာ​ဖ​လား​များ​နှင့်​တ​ကွ၊ အ​မြဲ​ထည့်​ရ​သော​မုန့်​ကို​တင်​ပြီး​မှ၊

မီး​ထွန်း​ရာ မီး​ခုံ၊ မီး​ခွက်၊ မီး​ညှပ်၊ မီး​ညှပ်​ခံ​ရာ​ခွက်၊ ဆီ​အိုး​အ​စ​ရှိ​သည်​တို့​ကို ပြာ​သော​အ​ထည်​နှင့်​အုပ်​ပြီး​မှ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ