Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 3:8

Judson Bible

သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ကြည့်​ရှု​ပြု​စု၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​ဆောင်​ရ​သော တဲ​တော်​အ​မှု​ကို ဆောင်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

နောက်​ဆုံး အ​မိန့်​တော်​အ​တိုင်း၊ အ​သက်​နှစ်​ဆယ်​လွန်​သော လေ​ဝိ​သား​တို့​ကို စာ​ရင်း​ယူ​ရ၏။

ငါ့​သား​တို့၊ မ​ဖင့်​နွှဲ​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်၍ ဝတ်​ပြု​ခြင်း၊ အ​မှု​တော်​ကို စောင့်​ခြင်း၊ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ခြင်း​အ​မှု​ကို ပြု​စေ​ခြင်း​ငှာ၊ သင်​တို့​ကို ရွေး​ထား​တော်​မူ​ပြီ​ဟု မိန့်​တော်​မူ​လျှင်၊

ထွက်​ကြ။ ထွက်​ကြ။ ထို​အ​ရပ်​မှ ထွက်​သွား​ကြ​လော့။ မ​စင်​ကြယ်​သော​အ​ရာ​ကို လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ ထို​အ​ရပ်​ထဲ​က ထွက်​သွား​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​အ​ဆောက်​အ​ဦ​တို့​ကို ဆောင်​ရွက်​သော​သူ​တို့၊ သန့်​ရှင်း​ခြင်း ရှိ​ကြ​လော့။

တဲ​တော်​ကို​ဖြုတ်​ချ၍ ဂေ​ရ​ရှုန်​သား၊ မေ​ရာ​ရိ​သား​တို့​သည် တဲ​တော်​ကို​ထမ်း​လျက် ချီ​သွား​ကြ၏။

ကော​ဟတ်​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တန်​ဆာ​တို့​ကို ထမ်း​လျက် ချီ​သွား​ကြ၏။ သူ​တို့​မ​ရောက်​မီ အ​ရင်​သွား​သော​သူ​တို့​သည် တဲ​တော်​ကို ထူ​ထောင်​ရ​ကြ၏။

သူ​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​မှာ၊ အာ​ရုန်​နှင့် ပ​ရိ​သတ်​အ​ပေါင်း​တို့​ဆောင်​ရ​သော အ​မှု​တည်း​ဟူ​သော တဲ​တော်​အ​မှု​ကို ဆောင်​ရွက်​ရ​ကြ​မည်။

လေ​ဝိ​သား​တို့​ကို၊ အာ​ရုန်​နှင့်​သူ၏​သား​တို့၌ အပ်​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က သူ​တို့​ကို​ရွေး၍ ငါ့​အား​အ​ပိုင်​ပေး​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​ခံ​ရ​သော ထက်​ဝက်​အ​ဖို့​ထဲ​က​လည်း လူ၊ နွား၊ မြည်း၊ သိုး​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​မျိုး​အ​ကောင်​ငါး​ဆယ်​တို့​တွင် တစ်​ကောင်​ကို​ကောက်​ယူ၍ ထာ​ဝ​ရ​ဘု​ရား၏ တဲ​တော်​ကို​စောင့်​သော လေ​ဝိ​သား​တို့​အား​ပေး​ရ​မည်​ဟု၊

ထို​သို့​တပ်​ချီ​ချိန်​ရောက်​သော​အ​ခါ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် သန့်​ရှင်း​သော​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ဖုံး​အုပ်​သော​နောက်၊ ကော​ဟတ်​သား​တို့​သည် ထမ်း​ခြင်း​ငှာ​ချဉ်း​ကပ်​ရ​ကြ​မည်။ သို့​ရာ​တွင် သူ​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း သန့်​ရှင်း​သော​အ​ရာ​ကို​မ​ကိုင်​ရ၊ ဤ​ရွေ့​ကား ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ကော​ဟတ်​သား​များ ဆောင်​ရွက်​ရ​သော​အ​မှု​ပေ​တည်း။

ဤ​ရွေ့​ကား ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ဂေ​ရ​ရှုန်​အ​ဆွေ​အ​မျိုး​သား​များ ဆောင်​ရွက်​ရ​သော​အ​မှု​ပေ​တည်း။ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​သည် သူ​တို့​ကို​အုပ်​ရ​မည်။

ဤ​ရွေ့​ကား ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်၏​သား ဣ​သ​မာ​အုပ်၍၊ ပ​ရိ​သတ်​အ​စည်း​ဝေး​ရာ​တဲ​တော်၌ မေ​ရာ​ရိ​အ​ဆွေ​အ​မျိုး​သား​များ ဆောင်​ရွက်​ရ​သော အ​မှု​ပေ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ