ထာဝရဘုရားမှာထားတော်မူသော စကားတော်အတိုင်း ထိုအရွေးငွေကို အာရုန်နှင့် သူ၏သားတို့အား ပေးလေ၏။
ထိုသို့ မောရှေနှင့်အာရုန်၌ ထာဝရဘုရားပညတ်ထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ပြုကြ၏။
ဣသရေလအမျိုးသားအပေါင်းတို့အဖို့ ဟောရပ်အရပ်၌ငါမှာထားသော၊ ငါ့ကျွန်မောရှေ၏တရားတည်းဟူသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို အောက်မေ့ကြလော့။
ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကို ရေတွက်လေ၏။
မောရှေသည် အလွန်အမျက်ထွက်၍၊ ဤသူတို့ပူဇော်သကာကို ပမာဏပြုတော်မမူပါနှင့်။ သူတို့ဥစ္စာ မြည်းတစ်ကောင်ကိုမျှ အကျွန်ုပ်မသိမ်းပါ။ သူတို့တွင် တစ်ယောက်ကိုမျှမညှဉ်းဆဲပါဟု ထာဝရဘုရားအားလျှောက်၍၊
ပိုသောသူတို့ပေးရသောအရွေးငွေကို၊ အာရုန်နှင့် သူ၏သားတို့အားပေးရမည်ဟု မိန့်တော်မူသည်အတိုင်း၊
မောရှေသည် အကျပ်တော်နှင့်ချိန်လျက်၊ အခွက် တစ်ဆယ်သုံးပိဿာခြောက်ဆယ်ငါးကျပ်ကိုယူပြီးလျှင်၊
တစ်ဖန် ထာဝရဘုရားသည် မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊
သူ့ရွှေငွေ အဝတ်တန်ဆာတို့ကို ငါသည်တပ်မက်ခြင်းမရှိပြီ။-
အခြားသောသူတို့သည် သင်တို့ထံမှာ ထိုအခွင့်ကိုရလျှင် ငါတို့သည် သာ၍ ရထိုက်သည်မဟုတ်လော။ သို့သော်လည်း ထိုအခွင့်ကို ငါတို့သည်မသုံးဘဲ၊ ခရစ်တော်၏ ဧဝံဂေလိတရားကို ဆီးတားခြင်းအကြောင်း မရှိစေခြင်းငှာ အရာရာ၌ သည်းခံကြ၏။-
သင်တို့နှင့်အတူရှိသော ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ၊ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ၊ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။-