Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 3:3

Judson Bible

ဤ​သူ​တို့​ကား၊ အ​ဘ​သည် ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​ဆောင်​စေ​ခြင်း​ငှာ ဆီ​လောင်း​ခြင်း​ဘိ​သိက်​ကို​ပေး၍ အ​ရာ၌​ခန့်​ထား​သော အာ​ရုန်၏​သား​ဖြစ်​ကြ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

လေ​ဝိ​သား ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​အ​မျိုး​အ​သီး​အ​သီး​တို့​ကို ဒါ​ဝိဒ်​ခွဲ​ထား၍ တစ်​မျိုး​တ​ခြား​စီ သင်း​ဖွဲ့​စေ၏။

ထို​သို့ သင်၏​အစ်​ကို​အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​ဝတ်​ဆင်​စေ​ပြီး​မှ၊ သူ​တို့​သည် ငါ့​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​ကို ဆီ​နှင့်​လိမ်း​သ​ဖြင့် အ​ရာ၌​ခန့်​ထား၍ သန့်​ရှင်း​စေ​ရ​မည်။

အာ​ရုန်​သည်​ငါ့​ရှေ့၌၊ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော​အ​ဝတ်​နှင့်​ဝတ်​စေ၍ ဆီ​လိမ်း​သ​ဖြင့် သန့်​ရှင်း​စေ​ရ​မည်။

အ​ကယ်​စင်​စစ် သူ​တို့​ဆီ​လိမ်း​ခြင်း​ဘိ​သိက်​သည် သား​စဉ်​မြေး​ဆက်​ပတ်​လုံး၊ ထာ​ဝ​ရ​ယဇ်​ပု​ရော​ဟိတ်​အ​ရာ ဖြစ်​သ​တည်း​ဟု၊

လိမ်း​ရန်​ဆီ​ကို အာ​ရုန်​ခေါင်း​ပေါ်​မှာ​လောင်း၍ သူ့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ လိမ်း​လေ၏။

တစ်​ဖန် ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော​အ​သွေး​နှင့် လိမ်း​ရန်​ဆီ​ကို​ယူ၍ အာ​ရုန်​နှင့် သူ၏​အ​ဝတ်၌​လည်း​ကောင်း၊ သူ၏​သား​တို့​နှင့် သူ​တို့​အ​ဝတ်၌​လည်း​ကောင်း​ဖျန်း​သ​ဖြင့်၊ အာ​ရုန်​မှ​စ၍ သား​များ၊ အ​ဝတ်​များ​တို့​ကို သန့်​ရှင်း​စေ​လေ၏။

နာ​ဒပ်​နှင့် အ​ဘိ​ဟု​သည်၊ သိ​နာ​တော​တွင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထူး​ခြား​သော​မီး​ကို​ပူ​ဇော်​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သေ​ကြ၏။ သူ​တို့၌ သား​မ​ရှိ​သည်​ဖြစ်၍၊ ဧ​လာ​ဇာ​နှင့် ဣ​သ​မာ​သည်၊ အ​ဘ​အာ​ရုန်​ရှေ့​မှာ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရွက်​ကြ၏။

ပ​ညတ်​တ​ရား​သည် အ​ပြစ်​ရှိ​သော​သူ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား၏။ ပ​ညတ်​တ​ရား​နောက်၌ ကျိန်​ဆို​တော်​မူ​သော ဗျာ​ဒိတ်​တော်​မူ​ကား၊ အ​စဉ်​အ​မြဲ စုံ​လင်​ခြင်း​သို့​ရောက်​သော သား​တော်​ကို ခန့်​ထား​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ