ဂေရရှုန်အဆွေအမျိုးတို့သည် တဲတော်အနောက်မက်နှာ၌ နေရာချရမည်။
ဣသရေလအမျိုးသားစည်းဝေးရာ၊ ပရိသတ်အပေါ်မှာ အမျက်တော်မသက်ရောက်စေခြင်းငှာ၊ လေဝိသားတို့သည် သက်သေခံချက် တဲတော်ပတ်လည်၌ နေရာချ၍ သက်သေခံချက်တဲတော်ကို စောင့်ရှောက်ရမည်ဟု၊
ထိုအခါ၊ တပ်မအလယ်၌ ပရိသတ်စည်းဝေးရာတဲတော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည်အတိုင်း လူအသီးအသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သောအလံနှင့်အတူ လိုက်လျက်ချီရကြမည်။
ထိုအဆွေအမျိုးတို့ကိုရေတွက်၍ အသက်တစ်လကျော်ရှိသော ယောက်ျားပေါင်းကား၊ ခုနစ်ထောင်ငါးရာ ရှိသတည်း။
ဂေရရှုန်အဆွေအမျိုး သူကြီးကား၊ လေလသားဧလျာသပ်တည်း။