Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 3:13

Judson Bible

အ​ကြောင်း​မူ​ကား အဲ​ဂု​တ္တု​ပြည်၌ သား​ဦး​အ​ပေါင်း​တို့​ကို ငါ​သည်​ဒဏ်​ခတ်​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​တွင်​လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ သား​ဦး​အ​ပေါင်း​တို့​ကို ငါ့​အ​ဖို့​ငါ​သန့်​ရှင်း​စေ​သော​ကြောင့် သား​ဦး​အ​ပေါင်း​တို့​ကို အ​ထူး​သ​ဖြင့်​ငါ​ပိုင်​ရ၏။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး​ထား​သည်​အ​တိုင်း၊ အ​ဦး​ဖွား​သော သား​ယောက်ျား​နှင့် အ​ဦး​ဖွား​သော သိုး​နွား​အ​စ​ရှိ​သည်​တို့​ကို၊ ဗိ​မာန်​တော်၌ အ​မှု​စောင့်​သော ယဇ်​ပု​ရော​ဟိတ်​တို့​ရှိ​ရာ ဗိ​မာန်​တော်​သို့ ဆောင်​ခဲ့​ရ​မည်​အ​ကြောင်း၊

သင်​တို့၌ အ​ဦး​ဖွား​သော​သား​အ​ပေါင်း​တို့​နှင့် သင်​တို့၌​ရှိ​သော​တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​အ​ပေါင်း​တို့​ကို၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ အ​သီး​အ​ခြား​ခွဲ​ထား​ရ​ကြ​မည်။ အ​ထီး​ရှိ​သ​မျှ​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား၏​ဥ​စ္စာ​ဖြစ်​ရ​ကြ​မည်။

ဖာ​ရော​ဘု​ရင်​သည်၊ ငါ​တို့​ကို အ​လွယ်​တ​ကူ​မ​လွှတ်​ဘဲ​နေ​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်၌​လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​ကို ထာ​ဝ​ရ​ဘု​ရား ကွပ်​မျက်​တော်​မူ၏။ ထို​ကြောင့် အ​ဦး​ဖွား​သော တိ​ရ​စ္ဆာန်​အ​ထီး​ရှိ​သ​မျှ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ယဇ်​ပူ​ဇော်​ရ​မည်။ ကိုယ်​သား​တို့​တွင် သား​ဦး​ကို​ရွေး​ရ​မည်​ဟု ပြန်​ဆို​ရ​မည်။

လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​ကို ငါ့​အ​ဖို့​သန့်​ရှင်း​စေ​လော့။ ငါ့​ဥ​စ္စာ​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ၏။

အ​ဦး​မှည့်​သော​အ​သီး၊ အ​ဦး​ညှစ်​သော​အ​ရည်​ကို မ​ထိမ်​မ​ဝှက်​ဘဲ ဆက်​ကပ်​ရ​မည်။ အ​ဦး​ဖွား​သော သား​ယောက်ျား​ကို​လည်း ငါ့​အား​ဆက်​ကပ်​ရ​မည်။

သား​ဦး​အ​ပေါင်း​တို့​သည် ငါ့​ဥ​စ္စာ​ဖြစ်​ကြ၏။ သင်၏​တိ​ရ​စ္ဆာန်​တို့​တွင်​လည်း၊ နွား​ဖြစ်​စေ၊ သိုး​ဖြစ်​စေ၊ သား​ဦး​အ​ပေါင်း​တို့​သည် ငါ့​ဥ​စ္စာ​ဖြစ်​ကြ၏။ သို့​ရာ​တွင်၊ မြည်း​သား​ဦး​ကို သိုး​သ​ငယ်​နှင့်​ရွေး​ယူ​ရ​မည်။

အ​ဦး​သီး​သော အ​သီး​အ​မျိုး​မျိုး​နှင့်၊ ချီး​မြှောက်​ရာ ပူ​ဇော်​သ​ကာ​အ​လုံး​စုံ​တို့​ကို ယဇ်​ပု​ရော​ဟိတ်​သည် သိမ်း​ယူ​ရ​မည်။ သူ​သည်​သင့်​အိမ်၌ ကောင်း​ကြီး​မင်္ဂ​လာ​ကို သက်​ရောက်​စေ​ခြင်း​ငှာ၊ အ​ဦး​နယ်​သော မုန့်​စိမ်း​ကို သူ၌​လှူ​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​ပိုင်​ထိုက်​သော တိ​ရ​စ္ဆာန်​သား​ဦး​ကို၊ အ​ဘယ်​သူ​မျှ မ​သန့်​ရှင်း​စေ​ရ။ နွား​ဖြစ်​စေ၊ သိုး​ဆိတ်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​ဥ​စ္စာ​ဖြစ်၏။

အ​ဦး​ဖွား​သော​သား၊ လူ​ဖြစ်​စေ၊ တိ​ရ​စ္ဆာန်​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ဆောင်​ခဲ့​သ​မျှ​တို့​ကို သင်​ဆိုင်​ရ​မည်။ သို့​ရာ​တွင် လူ၏​သား​ဦး​နှင့် မ​စင်​ကြယ်​သော တိ​ရ​စ္ဆာန်၏​သား​ဦး​ကို အ​မှန်​ရွေး​ရ​မည်။

ထို​သို့ သင်​တို့၏​ညီ​အစ်​ကို လေ​ဝိ​သား​တို့​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထဲ​က ရွေး​ယူ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို ထမ်း​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​အား ပြု​သော​ပူ​ဇော်​သ​ကာ​ကဲ့​သို့ သင်​တို့​အား​ငါ​ပေး၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​ဦး​အ​ပေါင်း​တို့​အ​တွက် လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ တိ​ရ​စ္ဆာန်​သား​ဦး​အ​ပေါင်း​တို့​အ​တွက် လေ​ဝိ​သား​တို့၌​ရှိ​သော တိ​ရ​စ္ဆာန်​များ​ကို​လည်း​ကောင်း၊ ငါ့​အ​ဖို့​ယူ​လော့။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု၊

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ဒဏ်​ခတ်​တော်​မူ​သော သား​ဦး​အ​ပေါင်း​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​သည် သင်္ဂြိုဟ်​ရ​ကြ၏။ သူ​တို့၏​ဘု​ရား​များ​ကို​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​စီ​ရင်​တော်​မူ၏။

သား​ဦး ယောက်ျား​အ​ပေါင်း​တို့​သည် ဘု​ရား​အ​ဖို့​သန့်​ရှင်း​ရ​ကြ၏​ဟု ထာ​ဝ​ရ​ဘု​ရား၏ ပ​ည​တ္တိ​ကျမ်း​လာ​သည်​နှင့်​အ​ညီ၊ ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ပြီး​မှ၊-

ကောင်း​ကင်​စာ​ရင်း၌​ဝင်​သော သား​ဦး​တို့၏ အ​သင်း​တော်​သို့​လည်း​ကောင်း၊ ခပ်​သိမ်း​သော​သူ​တို့​ကို တ​ရား​စီ​ရင်​တော်​မူ​သော ဘု​ရား​သ​ခင် အ​ထံ​တော်​သို့​လည်း​ကောင်း၊ စုံ​လင်​ခြင်း​သို့​ရောက်​သော သူ​တော်​ကောင်း​တို့၏ စိတ်​ဝိ​ညာဉ်​တို့ ထံ​သို့​လည်း​ကောင်း၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ