Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 27:5

Judson Bible

သူ​တို့​အ​မှု​ကို​မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ရှေ့​တော်​သို့​ရောက်​မှ ငါ​သည် ကိုယ်​အ​မှု​ကို​ပြင်​ဆင်၍၊ များ​စွာ​သော အ​ကျိုး​အ​ကြောင်း​တို့​ကို လျှောက်​ထား​ရ၏။

ထို​အ​ရပ်၌ ငါ​သည်​သင်​နှင့်​တွေ့၍၊ သက်​သေ​ခံ​ချက်​ထား​သော သေ​တ္တာ​ဖုံး​အ​ပေါ်၊ ခေ​ရု​ဗိမ်​နှစ်​ပါး​စပ်​ကြား​မှာ သင်​နှင့်​နှုတ်​ဆက်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ဆင့်​ဆို​ရာ​သ​မျှ​တို့​ကို စီ​ရင်​မည်။

သူ၏​အ​မှု​ကို​စီ​ရင်​ရာ​လမ်း မ​ထင်​ရှား​သေး​သော​ကြောင့် ချုပ်​ထား​ကြ၏။

ထို​သူ​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့​မှာ ရပ်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဥ​ရိမ်​စီ​ရင်​ဆုံး​ဖြတ်​သော တ​ရား​အ​တိုင်း၊ သူ့​အ​တွက်​မေး​မြန်း​ရ​မည်။ သူ​စီ​ရင်​သည်​အ​တိုင်း၊ သူ​နှင့်​အ​တူ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထွက်​ဝင်​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ပြု​လျက်၊ ယော​ရှု​ကို​ခေါ်၍ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ ထား​ပြီး​လျှင်၊

ထို​သို့ သား​ယောက်ျား​မ​ရှိ​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့​အ​ဘ၏ အ​မည်​သည် အ​ကျွန်ုပ်​တို့​အ​ဆွေ​အ​မျိုး၌ ပျောက်​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​တို့​အ​ဘ၏ ညီ​အစ်​ကို​တို့​နှင့်​အ​တူ၊ အ​ကျွန်ုပ်​တို့​အား အ​မွေ​ပေး​ပါ​ဟု လျှောက်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဇ​လော​ဖဒ်​သ​မီး​တို့၏​စ​ကား​သည် လျောက်​ပတ်​ပေ၏။

အ​ကျွန်ုပ်​တို့​သ​ခင်​သည် စာ​ရေး​တံ​ချ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ခါ​နာန်​ပြည်​ကို အ​မွေ​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​အစ်​ကို ဇ​လော​ဖဒ်၏​အ​မွေ​မြေ​ကို သူ၏​သ​မီး​တို့​အား ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​ပါ၏။

မော​ရှေ​က​လည်း၊ နေ​ကြ​ဦး​လော့။ သင်​တို့​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို ငါ​နား​ထောင်​ဦး​မည်​ဟု ပြန်​ဆို၏။

ထို​မိန်း​မ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု၊ မင်း​များ​ရှေ့​သို့ ချဉ်း​ကပ်၍ အ​ကျွန်ုပ်​တို့​ပေါက်​ဖော်​နှင့်​အ​တူ အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို အ​ကျွန်ုပ် တို့​အား​ပေး​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို​မှာ​ထား​တော်​မူ​ပြီ​ဟု လျှောက်၍၊ ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း သူ​တို့​အ​ဘ၏​ညီ​အစ်​ကို​တို့​နှင့်​အ​တူ အ​မွေ​ခံ​ရ​သော​အ​ခွင့်​ကို ပေး၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ