Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 27:3

Judson Bible

အ​ကျွန်ုပ်​တို့၏​အ​ဘ​သည် တော၌​သေ​ပါ၏။ ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ စု​ဝေး​သော​အ​ပေါင်း​အ​သင်း၊ ကော​ရ၏​အ​ပေါင်း​အ​သင်း၌ မ​ပါ။ မိ​မိ​အ​ပြစ်​ကြောင့် သေ​ပါ၏။ သူ၌​သား​ယောက်ျား မ​ရှိ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ဝိ​ညာဉ်​အ​ပေါင်း​တို့​ကို​ငါ​ပိုင်၏။ အ​ဘ၏​ဝိ​ညာဉ်​ကို ငါ​ပိုင်​သ​ကဲ့​သို့ သား၏​ဝိ​ညာဉ်​ကို​လည်း ငါ​ပိုင်၏။ ပြစ်​မှား​သော​ဝိ​ညာဉ်​သည် အ​သက်​သေ​ရ​မည်။

အ​ကယ်​စင်​စစ် ငါ့​တစ်​ဖက်၌​စည်း​ဝေး​သော ဤ​ပ​ရိ​သတ်​ဆိုး​အ​ပေါင်း​တို့​ကို ထို​သို့​ငါ​ပြု၍ သူ​တို့​သည် ဤ​တော၌ သေ​ကြေ​ပျောက်​ပျက်​ကြ​လိမ့်​မည်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ကော​ရ​သည်​လည်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၌ ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌​စု​ဝေး​စေ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် ပ​ရိ​သတ်​အ​ပေါင်း​တို့၌ ထင်​ရှား​လေ၏။

ကော​ရ​အ​မှု​ကြောင့် သေ​သော​သူ​တို့​ကို​ထား၍ ထို​ဘေး​ဥ​ပဒ်​ဖြင့် သေ​သော​လူ​ပေါင်း​ကား၊ တစ်​သောင်း​လေး​ထောင်​ခု​နစ်​ရာ ရှိ​သ​တည်း။

ဟေ​ဖာ၏​သား​ဇ​လော​ဖဒ်၌​ကား၊ သား​ယောက်ျား​မ​ရှိ၊ သ​မီး​သက်​သက်​သာ​ရှိ၏။ ဇ​လော​ဖဒ်၏​သ​မီး​တို့​အ​မည်​ကား၊ မာ​လာ၊ နော​အာ၊ ဟော​ဂ​လာ၊ မိ​လ​ကာ၊ တိ​ရ​ဇာ​တည်း။

ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ မော​ရှေ​နှင့် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ မင်း​များ၊ ပ​ရိ​သတ်​များ​အ​ပေါင်း​တို့​ရှေ့​မှာ ရပ်​လျက်၊

ထို​သို့ သား​ယောက်ျား​မ​ရှိ​သော​ကြောင့်၊ အ​ကျွန်ုပ်​တို့​အ​ဘ၏ အ​မည်​သည် အ​ကျွန်ုပ်​တို့​အ​ဆွေ​အ​မျိုး၌ ပျောက်​ရ​ပါ​မည်​လော။ အ​ကျွန်ုပ်​တို့​အ​ဘ၏ ညီ​အစ်​ကို​တို့​နှင့်​အ​တူ၊ အ​ကျွန်ုပ်​တို့​အား အ​မွေ​ပေး​ပါ​ဟု လျှောက်​ကြ၏။

တစ်​ဖန်​ယေ​ရှု​က၊ ငါ​သည်​သွား​ရ​မည်။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ကိုယ်​အ​ပြစ်၌​လည်း သေ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု မိန့်​တော်​မူ၏။-

ထို​ကြောင့်​သင်​တို့​သည် ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု ငါ​ဆို၏။ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို သင်​တို့​သည်​မ​ယုံ​လျှင်၊ ကိုယ်​အ​ပြစ်၌ သေ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

ဤ​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ အ​ပြစ်​တ​ရား​သည် တစ်​ယောက်​သော​သူ​အား​ဖြင့် ဤ​လော​က​သို့​ဝင်၍၊ အ​ပြစ်​တ​ရား​အား​ဖြင့် သေ​ခြင်း​တ​ရား ဝင်​သည်​နှင့်​အ​ညီ၊ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​သော​ကြောင့် သေ​ခြင်း​သို့ ရောက်​ရ​ကြ၏။-

ထို​သို့​ဖြစ်​လျှင်၊ အ​ပြစ်​တ​ရား​သည် သေ​ခြင်း​အား​ဖြင့် အ​စိုး​ရ​သည်​နည်း​တူ၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ် ပြု​စု​တော်​မူ၍ ကျေး​ဇူး​တ​ရား​သည် ထာ​ဝ​ရ​အ​သက်​နှင့်​ယှဉ်​သော ဖြောင့်​မတ်​ရာ​သို့ သွင်း​ခြင်း​အား​ဖြင့် အ​စိုး​ရ​လေ​အံ့​သ​တည်း။

အ​ပြစ်​တ​ရား၏​အ​ခ​ကား သေ​ခြင်း​ပေ​တည်း။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော ဆု​ကျေး​ဇူး​တော်​ကား၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ထာ​ဝ​ရ​အ​သက်​ပေ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ