Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 22:6

Judson Bible

သို့​ဖြစ်၍၊ ကြွ​လာ​ပါ။ ဤ​လူ​မျိုး​သည် ငါ့​ထက်​အား​ကြီး​သော​ကြောင့် သူ​တို့​ကို ငါ့​အ​ဖို့​ကျိန်​ဆဲ​ပါ။ သို့​ပြု​လျှင် သူ​တို့​ကို​ငါ​တိုက်၍ ငါ့​ပြည်​မှ​နှင်​ထုတ်​နိုင်​ကောင်း နှင်​ထုတ်​နိုင်​လိမ့်​မည်။ ကိုယ်​တော်​ကောင်း​ချီး​ပေး​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ခံ​ရ​သည်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ကျိန်​ဆဲ​သော​သူ​သည် ကျိန်​ဆဲ​အပ်​သော​သူ ဖြစ်​သည်​ကို​လည်း​ကောင်း​ငါ​သိ​သည်​ဟု မှာ​လိုက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​ကို ငါ​ကောင်း​ချီး​ပေး​မည်။ သင့်​ကို ကျိန်​ဆဲ​သော​သူ​ကို ငါ​ကျိန်​ဆဲ​မည်။ သင်​အား​ဖြင့်​လည်း လူ​မျိုး​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သူ​တစ်​ပါး​တို့​သည်​သင်၌​ကျွန်​ခံ၍၊ အ​ပြည်​ပြည်​တို့​သည် သင့်​ရှေ့​မှာ ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင်​သည် သင်၏​ညီ​အစ်​ကို​တို့၌​အ​ရှင်​ဖြစ်၍၊ သင့်​အ​မိ​သား​တို့​သည် သင့်​ရှေ့​မှာ​ဦး​ညွှတ်​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကျိန်​ဆဲ သော​သူ​အ​ပေါင်း​တို့​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​ကြ​စေ​သ​တည်း။ သင့်​ကို ကောင်း​ချီး​ပေး​သော​သူ​အ​ပေါင်း​တို့​သည် ကောင်း​ချီး​ကို​ခံ​ရ​ကြ​စေ​သ​တည်း​ဟု ကောင်း​ချီး​ပေး​လေ၏။

မိ​က္ခာ​ကို​ခေါ်​သော​တ​မန်​က၊ ပ​ရော​ဖက်​အ​ပေါင်း​တို့​သည် မင်္ဂ​လာ​စ​ကား​ကို​သာ ရှင်​ဘု​ရင်​အား တ​ညီ​တ​ညွတ်​တည်း ဟော​ကြ၏။ ကိုယ်​တော်​လည်း သူ​တို့​ဟော​ကြ​သည်​နည်း​တူ မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တော်​မူ​ပါ​ဟု​ဆို​လျှင်၊

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ပ​ရော​ဖက်​လေး​ရာ​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ငါ​သည်​ဂိ​လဒ်​ပြည် ရာ​မုတ်​မြို့​သို့ စစ်​ချီ​ကောင်း​သ​လော။ မ​ချီ​ဘဲ နေ​ကောင်း​သ​လော​ဟု​မေး​သော်၊ သူ​တို့​က ချီ​တော်​မူ​ပါ။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရှင်​မင်း​ကြီး၏​လက်​တော်​သို့ အပ်​တော်​မူ​မည်​ဟု လျှောက်​ကြ၏။

ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ထာ​ဝ​ရ​ဘု​ရား​ကို မေး​မြန်း​ရ​သော​သူ​တစ်​ယောက် ဣ​မ​လ​သား မိ​က္ခာ​ရှိ​သေး၏။ သို့​ရာ​တွင် ထို​သူ​ကို ငါ​မုန်း၏။ ငါ၌ မင်္ဂ​လာ​စ​ကား​ကို မ​ဟော။ အ​မင်္ဂ​လာ​စ​ကား​ကို​သာ ဟော​တတ်​သည်​ဟု ယော​ရှ​ဖတ်​အား​ဆို​လျှင်၊ ယော​ရှ​ဖတ်​က ထို​သို့ မင်း​ကြီး​မ​ပြော​ပါ​နှင့်​ဟု ပြန်​ဆို၏။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို လုပ်​ကျွေး​ခြင်း​ငှာ မ​ကြို​ဆို၊ ကျိန်​ဆဲ​စေ​ခြင်း​ငှာ ဗာ​လံ​ကို​ငှား​ကြ၏။ သို့​ရာ​တွင် ငါ​တို့၏ ဘု​ရား​သ​ခင်​သည် ကျိန်​ဆဲ​သော​စ​ကား​ကို ကောင်း​ချီး​ပေး​သော စ​ကား​ဖြစ်​စေ​တော်​မူ၏။

ထို​သူ​တို့​သည် ကျိန်​ဆဲ​သော်​လည်း၊ ကိုယ်​တော်​မူ​ကား ကောင်း​ချီး​ပေး​တော်​မူ​ပါ။ သူ​တို့​သည် ထ​သော​အ​ခါ အ​ရှက်​ကွဲ​ကြ​ပါ​စေ​သော။ ကိုယ်​တော်၏​ကျွန်​မူ​ကား၊ ဝမ်း​မြောက်​ပါ​စေ​သော။

စာ​ငှက်​သည် အ​ရပ်​ရပ်​လှည့်​လည်၍၊ ဇ​ရက်​သည်​လည်း ပျံ​သွား​သ​ကဲ့​သို့၊ ထို​နည်း​တူ အ​ကြောင်း​မ​ရှိ​သော ကျိန်​ဆဲ​ခြင်း​သည် မ​သင့်​မ​ရောက်​တတ်။

အ​ချည်း​နှီး​သော​အ​ရာ​ကို မြင်​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မ​မူ​ဘဲ၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ဟု ဆို​လျက်၊ လှည့်​စား၍ ပ​ရော​ဖက်​ပြု​ကြ​ပြီ။ ကိုယ်​စ​ကား​ပြည့်​စုံ​မည်​ဟု သူ​တစ်​ပါး​ယုံ​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။

အို ငါ၏​လူ​မျိုး၊ ရှိ​တ္တိမ်​မြို့​နှင့် ဂိ​လ​ဂါ​လ​မြို့ စပ်​ကြား​မှာ မော​ဘ​မင်း​ကြီး ဗာ​လက်​ကြံ​စည်​သော အ​ကြံ​ကို​လည်း​ကောင်း၊ ဗော​ရ​သား ဗာ​လမ်​ပြန်​ပြော​သော စ​ကား​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ထို​သို့ အောက်​မေ့​မိ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏​ဖြောင့်​မတ်​တော်​မူ​ခြင်း​ကို နား​လည်​လိမ့်​မည်။

ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် ဤ​လူ​တို့​နှင့်​အ​တူ မ​လိုက်​မ​သွား​ရ။ ထို​လူ​မျိုး​ကို မ​ကျိန်​ဆဲ​ရ။ ကောင်း​ချီး​မင်္ဂ​လာ​ကို ခံ​ရ​သော​လူ​မျိုး​ဖြစ်​သည်​ဟု ဗာ​လမ်​အား​မိန့်​တော်​မူ၏။

ငါ​သည် ကိုယ်​တော်​ကို အ​လွန်​ချီး​မြှောက်​မည်။ ကိုယ်​တော်​တောင်း​သ​မျှ​ကို ပေး​မည်။ သို့​ဖြစ်၍​ကြွ​လာ​ပါ။ ဤ​လူ​မျိုး​ကို ငါ့​အ​ဖို့​ကျိန်​ဆဲ​ပါ​ဟု မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​ကြ၏။

ဗာ​လက်​မင်း​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို တစ်​ပြိုင်​နက်​မ​မြင်​ရ​ဘဲ တစ်​ပိုင်း​ကို​မျှ​သာ​ကြည့်​မြင်​ရာ၊ အ​ခြား​သော​အ​ရပ်​သို့ ငါ​နှင့်​အ​တူ​လိုက်​ပါ​လော့။ ထို​အ​ရပ်၌ သူ​တို့​ကို ငါ့​အ​ဖို့ ကျိန်​ဆဲ​ပါ​ဟု​ဆို​လျက်၊

တစ်​ဖန် ဗာ​လက်​မင်း​က၊ လာ​ပါ​တော့။ အ​ခြား​သော​အ​ရပ်​သို့ ဆောင်​သွား​ပါ​မည်။ ထို​အ​ရပ်၌ သူ​တို့​ကို​ငါ့​အ​ဖို့ ကျိန်​ဆဲ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​အ​လို​တော် ရှိ​ကောင်း​ရှိ​တော်​မူ​လိမ့်​မည်​ဟု ဗာ​လမ်​အား​ဆို​လျက်၊

ဝပ်​လျက်​နေ၏။ ခြင်္သေ့​ကဲ့​သို့​လည်း​ကောင်း၊ ခြင်္သေ့​မ​ကဲ့​သို့​လည်း​ကောင်း ဝပ်​တွား​လေ၏။ အ​ဘယ်​သူ နှိုး​ဆော်​ဝံ့​မည်​နည်း။ သင့်​ကို​ကောင်း​ချီး​ပေး​သော​သူ​သည် ကောင်း​ချီး​မင်္ဂ​လာ​ရှိ၏။ သင့်​ကို ကျိန်​ဆဲ​သော​သူ​သည် ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​သည်​ဟု မြွက်​ဆို၏။

ထို​နောက်​မှ ငါ​တို့​သည် ပ​တ္ထ​နာ​ဇ​ရပ်​သို့ သွား​စဉ်​တွင် နတ်​ဝင်​ဖြစ်၍ အ​နာ​ဂတ်​ကို​ဟော​သ​ဖြင့်၊ မိ​မိ​သ​ခင်​တို့​အား စီး​ပွား​များ​ကို ပြု​တတ်​သော မိန်း​မ​ငယ်​တစ်​ယောက်​သည် ငါ​တို့​ကို​ဆီး​ကြို​လေ၏။-

အ​ကြောင်း​မူ​ကား၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ သူ​တို့​သည် မုန့်​နှင့်​ရေ​ကို​ဆောင်၍ ခ​ရီး​ဦး​ကြို​မ​လာ​ကြ။ သင့်​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ပေ​သော်​မြို့၌​နေ​သော ဗော​ရ​သား​ဗာ​လမ်​ကို ငှား​ကြ၏။

မော​ဘ​ရှင်​ဘု​ရင် ဇိ​ဖော်၏​သား​ဗာ​လက်​သည် ထ၍ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​သ​ဖြင့်၊ သင်​တို့​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ၊ ဗော​ရ၏​သား​ဗာ​လမ်​ကို​ခေါ်​သော​အ​ခါ၊

ဖိ​လိ​တ္တိ​လူ​က၊ သင်​သည် တောင်​ဝှေး​နှင့် ငါ့​ထံ​သို့​လာ​ရ​မည်​အ​ကြောင်း၊ ငါ​သည် ခွေး​ဖြစ်​သ​လော​ဟု​မေး​လျက်၊ မိ​မိ​ဘု​ရား​တို့​ကို​တိုင်​တည်၍ ဒါ​ဝိဒ်​ကို​ကျိန်​ဆဲ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ