သက္ကရာဇ်လေးဆယ်၊ ပထမလ၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဇိနတောသို့ရောက်၍၊ ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သင်္ဂြိုဟ်လေ၏။
တစ်ဖန်ပြန်လာ၍၊ ကာဒေရှပြည်၊ အင်မိရှပတ်မြို့သို့ရောက်ပြီးလျှင်၊ အာမလက်ပြည်ရှိသမျှကိုလည်းကောင်း၊ ဟာဇဇုန္တမာမြို့၌နေသော အာမောရိလူများကိုလည်းကောင်း လုပ်ကြံကြ၏။
ထာဝရဘုရား၏အသံတော်သည် တောကို ချောက်ချားတော်မူ၏။ ထာဝရဘုရားသည် ကာဒေရှတောကို ချောက်ချားတော်မူ၏။
အာရုန်၏အစ်မဖြစ်သော ပရောဖက်မမိရိအံသည် ပတ်သာကိုကိုင်၍၊ မိန်းမအပေါင်းတို့သည် ပတ်သာတီးလျက် ကလျက်လိုက်သွားကြ၏။
သူငယ်အစ်မလည်း အဘယ်သို့ဖြစ်မည်ကိုသိမြင်ခြင်းငှာ အဝေး၌ရပ်နေလေ၏။
သူငယ်၏အစ်မက၊ ကိုယ်တော်အတွက် သူငယ်ကိုထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား၍ခေါ်ရပါမည်လောဟု ဖာရောဘုရင်၏သမီးတော်အား မေးလျှောက်၍၊
တောင်ဘက်အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့၊ မေရိဘရေတိုင်အောင်လည်းကောင်း၊ မဟာပင်လယ်ထဲသို့ ဝင်သော မြစ်တိုင်အောင်လည်းကောင်း လျှောက်သွားရမည်။ ဤရွေ့ကား၊ တောင်ဘက်အပိုင်းအခြား ဖြစ်သတည်း။
သင့်ကို အဲဂုတ္တုပြည်မှ ငါဆောင်ခဲ့ပြီ။ ကျွန်ခံနေရာအရပ်မှ ရွေးနုတ်ပြီ။ သင့်ရှေ့မှာ မောရှေ၊ အာရုန်၊ မိရိအံတို့ကို ငါစေလွှတ်လေပြီ။
မောရှေသည် ကုရှအမျိုးသားမိန်းမနှင့် စုံဖက်သည်ဖြစ်၍၊ ထိုမိန်းမကြောင့် မိရိအံနှင့်အာရုန်သည် မောရှေကိုအပြစ်တင်လျက်၊
မိုးတိမ်သည် တဲတော်အပေါ်မှကွာသွား၏။ မိရိအံသည်လည်း၊ နူနာစွဲ၍ မိုးပွင့်ကဲ့သို့ဖြူလေ၏။ အာရုန်ကြည့်၍ မိရိအံနူသည်ကိုမြင်လျှင်၊
မိရိအံကိုနှင်ထုတ်၍ သူသည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာနေရ၏။ မိရိအံအနာမပျောက်မီတိုင်အောင် လူများတို့သည် ခရီးမသွားဘဲနေကြ၏။
ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ရောက်သောလမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန်ပြည်ကိုစူးစမ်းကြ၏။
မောရှေနှင့်အာရုန်မှစ၍ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှအရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သတင်းကြားပြော၍ ထိုပြည်၌သီးသောအသီးကို ပြကြ၏။
အကျွန်ုပ်တို့သည် ထာဝရဘုရားကိုအော်ဟစ်သောအခါ၊ ကောင်းကင်တမန်ကို စေလွှတ်၍၊ အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူကြောင်းကို ကိုယ်တော်သိပါ၏။ ယခုမှာ အကျွန်ုပ်တို့သည် ကိုယ်တော်၏နိုင်ငံအစွန်အနား၊ ကာဒေရှအရပ်၌ရှိကြပါ၏။
ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ကာဒေရှအရပ်မှပြောင်း၍ ဟောရတောင်သို့ရောက်ကြ၏။
မောရှေသည် အာရုန်၏အဝတ်ကိုချွတ်၍ သားဧလာဇာကိုဝတ်စေပြီးမှ၊ အာရုန်သည် တောင်ထိပ်၌ သေလေ၏။ မောရှေနှင့်ဧလာဇာတို့သည် တောင်ပေါ်က ဆင်းလာကြ၏။
အာမရံ၏မယားကား၊ အဲဂုတ္တုပြည်၌ လေဝိမယားဖွားမြင်သော လေဝိ၏သမီးယောခေဗက်တည်း။ ထိုမိန်းမသည် အာမရံ၏မယားဖြစ်၍၊ အာရုန်၊ မောရှေ၊ နှမမိရိအံတို့ကိုဖွားမြင်လေ၏။
အကြောင်းမူကား၊ ပရိသတ်တို့သည် ဇိနတော၊ ကာဒေရှအရပ်၊ မေရိဘစမ်းရေအနား၌ ရုန်းရင်းခတ်ပြုကြသောအခါ၊ သင်တို့သည် ငါ့စကားကို ဆန့်ကျင်ဘက်ပြု၍၊ သူတို့ရှေ့မှာ ငါ့ကိုမရိုမသေပြုသော အပြစ်ရှိသည်ဟု မောရှေအား မိန့်တော်မူ၏။
ဧဇယုန်ဂါဗာအရပ်မှပြောင်း၍ ဇိနတော၊ ကာဒေရှအရပ်၌ စခန်းချကြ၏။
ထိုကြောင့် ကာဒေရှအရပ်၌ အရင်နေသကဲ့သို့ ကြာမြင့်စွာနေပြန်ရကြ၏။
ကာဒေရှဗာနာအရပ်သို့ အရင်ရောက်သောကာလမှစ၍ ဇေရက်ချောင်းကို ကူးသောကာလတိုင်အောင် နှစ်ပေါင်းသုံးဆယ်ရှစ်နှစ် လွန်သတည်း။ ထာဝရဘုရား ကျိန်ဆိုတော်မူသည်အတိုင်း၊ အရင်စစ်သူရဲမျိုးအပေါင်းတို့သည် လူအလုံးအရင်းထဲက သေကြေကွယ်ပျောက်ရကြ၏။
အကြောင်းမူကား၊ သင်တို့သည် ဇိနတော၊ ကာဒေရှရွာ၊ မေရိဘစမ်းရေအနား၌ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေပြု၍ ပြစ်မှားကြပြီ။
ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာ၍ ဧဒုံပင်လယ်အနား၊ တော၌ လှည့်လည်သဖြင့် ကာဒေရှရွာသို့ ရောက်သောအခါ၊