သူအုပ်ရသောအလုံးအရင်း အရေအတွက်ကား၊ ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိသတည်း။
အသက်နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သောယောက်ျားပေါင်း ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိကြ၏။
နေထွက်ရာအရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သောအလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သားနာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
ယုဒတပ်အနားမှာ၊ ဣသခါတပ်ချ၍ ဇုအာသားနာသနေလသည် ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
ဤသူတို့သည်ယုဒအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သောလူပေါင်းကား၊ ခုနစ်သောင်းခြောက်ထောင်ငါးရာ ရှိသတည်း။