Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 2:10

Judson Bible

တောင်​မျက်​နှာ၌၊ ရု​ဗင်​တပ်​အ​လုံး​အ​ရင်း​သည် ရု​ဗင်​အ​လံ​ကို​ထူ၍ ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ​သည် ရု​ဗင်​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ရု​ဗင်​သည် ဣ​သ​ရေ​လ၏​သား​ဦး​ဖြစ်​သော်​လည်း၊ အ​ဘ​အိပ်​ရာ​ကို ညစ်​ညူး​စေ​သော​ကြောင့်၊ သား​ဦး​အ​ရာ​ကို​နုတ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ၏​သား​ဖြစ်​သော ယော​သပ်၏​သား​တို့​အား​ပေး​သည်​ဖြစ်၍၊ သား​စဉ် မြေး​ဆက်​တို့​ကို​မှတ်​သော​အ​ခါ၊ သား​ဦး​အ​ရာ​ကို​လိုက်၍ မ​မှတ်​ရ။

သင်​တို့​နှင့်​အ​တူ​ကူ​ညီ၍ အ​မှု​ကို​ဆောင်​ရ​သော​သူ​ဟူ​မူ​ကား၊ ရု​ဗင်​အ​မျိုး၊ ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ။

ရု​ဗင်​တပ်​အ​စဉ်​အ​တိုင်း၊ အ​လုံး​အ​ရင်း​တို့​သည် အ​လံ​နှင့်​တ​ကွ ချီ​သွား​ကြ၏။ ရု​ဗင်​တပ်​ကို ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ အုပ်​ရ၏။

ဒု​တိ​ယ​အ​ကြိမ် နှိုး​ဆော်​သံ​နှင့်​မှုတ်​သော​အ​ခါ၊ တောင်​တပ်​တို့​သည် ချီ​သွား​ရ​ကြ​မည်။ တ​တိ​ယ​အ​ကြိမ် နှိုး​ဆော်​သံ​နှင့်​မှုတ်​သော​အ​ခါ၊ အ​နောက်​တပ်​တို့​သည် ချီ​သွား​ရ​ကြ​မည်။ စ​တု​တ္ထ​အ​ကြိမ် နှိုး​ဆော်​သံ​နှင့်​မှုတ်​သော​အ​ခါ၊ မြောက်​တပ်​တို့​သည် ချီ​သွား​ရ​ကြ​မည်။ အ​စဉ်​အ​တိုင်း ချီ​သွား​စေ​ခြင်း​ငှာ နှိုး​ဆော်​သံ​နှင့်​မှုတ်​ရ​မည်။

သူ​အုပ်​ရ​သော​အ​လုံး​အ​ရင်း အ​ရေ​အ​တွက်​ကား၊ လေး​သောင်း​ခြောက်​ထောင်​ငါး​ရာ ရှိ​သ​တည်း။

စ​တု​တ္ထ​နေ့၌ ရု​ဗင်​အ​မျိုး​တွင်​မင်း​ဖြစ်​သော ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ​ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊

မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​နှစ်​ကောင်၊ သိုး​ငါး​ကောင်၊ ဆိတ်​ငါး​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​ငါး​ကောင်​တို့​ကို ရှေ​ဒု​ရ​သား​ဧ​လိ​ဇု​ရ​သည် ပူ​ဇော်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ