Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 18:4

Judson Bible

သူ​တို့​သည် သင်​တို့​နှင့်​အ​တူ​ကူ​ညီ၍၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကို​စောင့်​လျက်၊ တဲ​တော်​အ​မှု​ရှိ​သ​မျှ​ကို ထမ်း​ရ​ကြ​မည်။ မ​ဆိုင်​သော​သူ​သည် သင်​တို့​အ​နီး​သို့ မ​ချဉ်း​မ​ကပ်​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

အိမ်​တော်​ကို​စောင့်၍၊ အိမ်​တော်၌ ခပ်​သိမ်း​သော​အ​မှု​တို့​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ ငါ​ခန့်​ထား​မည်။

တဲ​တော်​ကို ယူ​သွား​ချိန်​ရောက်​သော​အ​ခါ၊ လေ​ဝိ​သား​တို့​သည်​ရုပ်​သိမ်း​ရ​မည်။ နေ​ရာ​ချ​ချိန်​ရောက်​သော​အ​ခါ ထူ​ထောင်​ပြန်​ရ​မည်။ လေ​ဝိ​အ​မျိုး​သား​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး​သား​သည် ချဉ်း​ကပ်​လျှင်၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​စည်း​ဝေး​ရာ၊ ပ​ရိ​သတ်​အ​ပေါ်​မှာ အ​မျက်​တော်​မ​သက်​ရောက်​စေ​ခြင်း​ငှာ၊ လေ​ဝိ​သား​တို့​သည် သက်​သေ​ခံ​ချက် တဲ​တော်​ပတ်​လည်၌ နေ​ရာ​ချ၍ သက်​သေ​ခံ​ချက်​တဲ​တော်​ကို စောင့်​ရှောက်​ရ​မည်​ဟု၊

လေ​ဝိ​သား​တို့​သည် သင့်​ကို​လည်း​ကောင်း၊ တဲ​တော်​ရှိ​သ​မျှ​ကို​လည်း​ကောင်း စောင့်​ရ​ကြ​မည်။ သို့​ရာ​တွင် သင်​တို့​နှင့်​သူ​တို့​သည် သေ​ဘေး​လွတ်​မည်​အ​ကြောင်း၊ သူ​တို့​သည် တဲ​တော်​တန်​ဆာ၊ ယဇ်​ပ​လ္လင်​တန်​ဆာ​များ​ကို မ​ချဉ်း​ကပ်​ရ​ကြ။

နောက်​တစ်​ဖန်​အ​မျက်​တော်​ထွက်၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ်​သို့ မ​ရောက်​မည်​အ​ကြောင်း၊ သင်​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် ယဇ်​ပ​လ္လင်​ကို စောင့်​ရ​ကြ​မည်။

အာ​ရုန်​နှင့် သူ၏​သား​တို့​ကို​လည်း ခန့်​ထား၏။ သူ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို​စောင့်​ရ​ကြ​မည်။ သူ၏​အ​မျိုး​မှ​တစ်​ပါး အ​ခြား​သော​သူ​သည် ချဉ်း​ကပ်​လျှင် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်​ဟု မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​ခံ​ရ​သော ထက်​ဝက်​အ​ဖို့​ထဲ​က​လည်း လူ၊ နွား၊ မြည်း၊ သိုး​အ​စ​ရှိ​သော တိ​ရ​စ္ဆာန်​မျိုး​အ​ကောင်​ငါး​ဆယ်​တို့​တွင် တစ်​ကောင်​ကို​ကောက်​ယူ၍ ထာ​ဝ​ရ​ဘု​ရား၏ တဲ​တော်​ကို​စောင့်​သော လေ​ဝိ​သား​တို့​အား​ပေး​ရ​မည်​ဟု၊

ဗက်​ရှေ​မက်​မြို့​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​ထဲ​သို့ ကြည့်​ရှု​မိ​သော​ကြောင့်၊ လူ​ခု​နစ်​ဆယ်​နှင့် လူ​ငါး​သောင်း​တို့​သည် ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို ခံ​ရ​ကြ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် ဒဏ်​ပေး​တော်​မူ​သော​ကြောင့်၊ လူ​များ​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ