တိုင်းသောသူကလည်း၊ လွတ်လပ်သောအရပ်ရှေ့မှာ မြောက်ခန်းနှင့် တောင်ခန်းတို့သည် သန့်ရှင်းသောအခန်း၊ ထာဝရဘုရားထံတော်သို့ချဉ်းကပ်သော ယဇ်ပုရောဟိတ်တို့သည် အလွန်သန့်ရှင်းသောအရာများကို စားရသောအခန်း ဖြစ်ကြ၏။ ထိုအရပ်သည် သန့်ရှင်းသောကြောင့် အလွန်သန့်ရှင်းသောအရာ၊ ဘောဇဉ်ပူဇော်သကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကို ထားရာအရပ်ဖြစ်၏။