Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 15:9

Judson Bible

မီး​ဖြင့်​ပူ​ဇော်၍ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

အ​ရော​န​က၊ ကျွန်​တော်​သ​ခင် အ​ရှင်​မင်း​ကြီး ယူ​တော်​မူ​ပါ။ စိတ်​တော်​ရှိ​သည်​အ​တိုင်း ပြု​တော်​မူ​ပါ။ မီး​ရှို့​ရာ​ယဇ်​ဖို့ နွား​များ၊ ထင်း​ဖို့ ကောက်​နယ်​တန်​ဆာ​များ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ဂျုံ​စ​ပါး​များ​အ​လုံး​စုံ​ကို ကျွန်​တော်​ဆက်​ပါ၏​ဟု ဒါ​ဝိဒ်​အား​လျှောက်​လျှင်၊

မြဲ​သော​ဘော​ဇဥ်​ပူ​ဇော်သ​ကာ၊ မြဲ​သော​မီး​ရှို့​ရာ​ယဇ်၊ ဓ​မ္မ​ပွဲ၊ သန့်​ရှင်း​သော​အ​သုံး​အ​ဆောင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​စ​ရှိ​သော ငါ​တို့၏​ဘု​ရား​သ​ခင် အိမ်​တော်​အ​မှု​အ​လုံး​စုံ​ကို ဆောင်​ရွက်​စ​ရာ​ဖို့၊ လူ​တိုင်း​တစ်​နှစ်​လျှင် ငွေ​တစ်​ကျပ်​သုံး​စု​တစ်​စု​စီ ပေး​ရ​မည်​အ​ကြောင်း ကိုယ်​အ​ဖို့ စီ​ရင်​ထုံး​ဖွဲ့​ကြ၏။

တိုင်း​သော​သူ​က​လည်း၊ လွတ်​လပ်​သော​အ​ရပ်​ရှေ့​မှာ မြောက်​ခန်း​နှင့် တောင်​ခန်း​တို့​သည် သန့်​ရှင်း​သော​အ​ခန်း၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ချဉ်း​ကပ်​သော ယဇ်​ပု​ရော​ဟိတ်​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​များ​ကို စား​ရ​သော​အ​ခန်း ဖြစ်​ကြ၏။ ထို​အ​ရပ်​သည် သန့်​ရှင်း​သော​ကြောင့် အ​လွန်​သန့်​ရှင်း​သော​အ​ရာ၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ယဇ်၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တို့​ကို ထား​ရာ​အ​ရပ်​ဖြစ်၏။

ပွဲ​ခံ၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ​ကာ​လ၌ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့၊ နွား​တစ်​ကောင်​နှင့် မုန့်​ညက်​တစ်​ဧ​ဖာ၊ သိုး​တစ်​ကောင်​နှင့် တစ်​ဧ​ဖာ၊ သိုး​သ​ငယ်​နှင့် အ​လို​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မုန့်​ညက်​တစ်​ဧ​ဖာ​နှင့် ဆီ​တစ်​ဟိန်​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်။

ထို​သို့​မီး​ရှို့​ရာ​ယဇ်​ကို နံ​နက်​တိုင်း အ​စဉ်​မ​ပြတ် ပူ​ဇော်​စ​ရာ​ဖို့ သိုး​သ​ငယ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့် ဆီ​ကို​လည်း​ကောင်း ပြင်​ဆင်​ရ​မည်။

ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ သိုး​ထီး​တစ်​ကောင်​နှင့် မုန့်​ညက်​တစ်​ဧ​ဖာ၊ ဆီ​တစ်​ဟိန်​ကို​လည်း​ကောင်း၊ သိုး​သ​ငယ်​နှင့် အ​လို​ရှိ​သ​မျှ​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်။

ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ နွား​တစ်​ကောင်​နှင့် မုန့်​ညက်​တစ်​ဧ​ဖာ၊ သိုး​တစ်​ကောင်​နှင့် တစ်​ဧ​ဖာ၊ သိုး​သ​ငယ်​နှင့် အ​လို​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ မုန့်​ညက်​တစ်​ဧ​ဖာ​နှင့် ဆီ​တစ်​ဟိန်​ကို​လည်း​ကောင်း ပူ​ဇော်​ရ​မည်။

ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့် သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​သည် ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်၌ ပြတ်၏။ ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​စောင့် ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငို​ကြွေး​မြည်​တမ်း​ကြ၏။

သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့် သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရန် ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် တစ်​ဖန် ပြန်​လာ၍ နောင်​တ​ရ​ပြီး​လျှင်၊ ကောင်း​ကြီး​မင်္ဂ​လာ​ကို ထား​ရစ်​စေ​တော်​မူ​မည် မ​မူ​မည်​ကို အ​ဘယ်​သူ​သိ​နိုင်​သ​နည်း။

အ​ဋ္ဌ​မ​နေ့၌​လည်း၊ အ​ပြစ်​မ​ရှိ၊ အ​ခါ​လည်​သော သိုး​သ​ငယ်​အ​ထီး​နှစ်​ကောင်၊ အ​မ​တစ်​ကောင်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက်​သုံး​ဩ​မဲ​နှင့် ဆီ​တစ်​လော​ဃ​ကို​လည်း​ကောင်း​ယူ​ပြီး​လျှင်၊

ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တ​ရား​ဟူ​မူ​ကား၊ အာ​ရုန်၏​သား​တို့​သည် ထို​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၊ ယဇ်​ပ​လ္လင်​ရှေ့​မှာ​ပူ​ဇော်​သော​အ​ခါ၊

ဤ​ရွေ့​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ သိ​နာ​တော၌ ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ရ​မည်​အ​ကြောင်း​မှာ​ထား​တော်​မူ​သော​နေ့၌ သိ​နာ​တောင်​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ပေး​တော်​မူ​သော မီး​ရှို့​ရာ​ယဇ်​တ​ရား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တ​ရား၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​တ​ရား၊ ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​တ​ရား၊ အ​ရာ၌​ခန့်​ထား​ရာ​ယဇ်​တ​ရား၊ မိတ်​သ​ဟာ​ယ​ယဇ်​တ​ရား​ဖြစ်​သ​တည်း​ဟု မိန့်​တော်​မူ၏။

နွား​နှင့်​တ​ကွ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ဆီ​ခြောက်​လော​ဃ​ရော​သော မုန့်​ညက်​သုံး​ဩ​မဲ​ကို​လည်း​ကောင်း၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့ စ​ပျစ်​ရည်​ခြောက်​လော​ဃ​ကို​လည်း​ကောင်း ဆောင်​ခဲ့​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ​ယဇ်၊ သ​စ္စာ​က​တိ​ရှိ၍​ပူ​ဇော်​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​ကို​ပြင်​ဆင်​လျှင်၊

နွား​တစ်​ကောင်​အ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် သုံး​ဩ​မဲ၊ သိုး​တစ်​ကောင်​အ​ဖို့၊ ဆီ​ရော​သော​မုန့်​ညက် နှစ်​ဩ​မဲ၊

သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​ဖို့​ကား၊ နွား​တစ်​ကောင်​နှင့် စ​ပျစ်​ရည်​ခြောက်​လော​ဃ၊ သိုး​တစ်​ကောင်​နှင့် လေး​လော​ဃ၊ သိုး​သ​ငယ်​တစ်​ကောင်​နှင့် သုံး​လော​ဃ​ကို ပူ​ဇော်​ရ​မည်။ ထို​သို့ လ​တိုင်း​အ​စဉ်​မ​ပြတ် မီး​ရှို့​ရာ​ယဇ်​ကို ပူ​ဇော်​ရ​မည်။

ထို​သို့​ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ လ​ဆန်း​နေ့​မီး​ရှို့​ရာ​ယဇ်​နှင့် သူ၏​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ နေ့​တိုင်း​ပြု​သော​မီး​ရှို့​ရာ​ယဇ်​နှင့် သူ၏​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော​ယဇ်​ပူ​ဇော်​သ​ကာ​ကို ပူ​ဇော်​ရ​မည်။

နို့​ကွာ​ပြီး​မှ၊ အ​သက်​သုံး​နှစ်​ရှိ​သော နွား​တစ်​ကောင်၊ မုန့်​ညက် တစ်​ဧ​ဖာ၊ စ​ပျစ်​ရည်​တစ်​ဘူး​နှင့်​တ​ကွ သူ​ငယ်​ကို​ဆောင်​သွား၍၊ ရှိ​လော​မြို့၌ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ ရောက်​လေ၏။ ထို​အ​ခါ သူ​ငယ်​သည် အ​သက်​နု​သေး၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ