ဘောဇဉ်ပူဇော်သကာဖို့ ဆီလေးလောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင်၍ သွန်းလောင်းရာပူဇော်သကာဖို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည်။
နက်ဖြန်နေ့၌လည်း ယဇ်ပူဇော်ခြင်းအမှုကိုပြု၍ နွားတစ်ထောင်၊ သိုးတစ်ထောင်၊ သိုးသငယ်တစ်ထောင်တို့ကို မီးရှို့သဖြင့်၊ သွန်းလောင်းရာ ပူဇော်သကာတို့နှင့်တကွ ဣသရေလအမျိုး တစ်မျိုးလုံးအတွက် ထာဝရဘုရားအား များစွာသောယဇ်ကို ပူဇော်ကြ၏။
သိုးသငယ်တစ်ကောင်ကို ပူဇော်သောအခါ၊ သံလွင်သီးကိုထောင်း၍၊ ရသောသံလွင်ဆီ သုံးလောဃနှင့်ရောသော မုန့်ညက်တစ်ဩမဲကိုလည်းကောင်း၊ သွန်းလောင်းရာ ပူဇော်သကာဖို့ စပျစ်ရည် သုံးလောဃကိုလည်းကောင်း၊ သိုးသငယ်နှင့်အတူ ပူဇော်ရမည်။
သိုးကိုပူဇော်လျှင်၊ ထာဝရဘုရားအဖို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ၊
ထာဝရဘုရားအားမီးရှို့ရာယဇ်၊ သစ္စာကတိရှိ၍ပူဇော်သောယဇ်၊ မိတ်သဟာယယဇ်ဖို့ နွားကိုပြင်ဆင်လျှင်၊
သိုးသငယ်တစ်ကောင်နှင့်အတူ သွန်းလောင်းရာပူဇော်သကာဖို့၊ စပျစ်ရည်သုံးလောဃကို ပူဇော်၍၊ သန့်ရှင်းရာဌာန၌ သွန်းလောင်းရာပူဇော်သကာဖို့၊ ထာဝရဘုရားအား သွန်းလောင်းရမည်။
ဆီရောသောမုန့်ညက်နှင့်လုပ်သောမုန့်ပြား၊ ဆီလူးသော တဆေးမဲ့ မုန့်ကြွပ်တည်းဟူသော တဆေးမဲ့မုန့်တစ်တောင်း၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာပူဇော်သကာကို ထာဝရဘုရားအားဆက်ရမည်။
စပျစ်ပင်က၊ ဘုရား၏စိတ်နှင့် လူ၏စိတ်ကို ရွှင်လန်းစေသော ငါ့စပျစ်ရည်ကို ငါသည်စွန့်၍ သစ်ပင်တို့အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို၏။