ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ၏။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး၌ အကဲအမှူးဖြစ်ကြ၏။
ဣသရေလအမျိုးသားတို့သည် သိနာတောင်မှခရီးသွားကြ၏။ နောက်တစ်ဖန် မိုးတိမ်သည် ပါရန်တော၌တည်နေ၏။
ထိုနောက် ဟာဇရုတ်အရပ်မှပြောင်း၍ ပါရန်တော၌တဲဆောက်ကြ၏။
ဣသရေလအမျိုးသားတို့အား ငါပေးသောခါနာန်ပြည်ကို စူးစမ်းစေခြင်းငှာ၊ အမျိုးအနွယ်အသီးအသီးထဲက အဆွေအမျိုးသူကြီးဖြစ်သောသူ တစ်မျိုးတစ်ယောက်စီရွေးကောက်၍ စေလွှတ်လော့ဟု၊
မောရှေနှင့်အာရုန်မှစ၍ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှအရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သတင်းကြားပြော၍ ထိုပြည်၌သီးသောအသီးကို ပြကြ၏။
သူတို့အမည်ကား၊ ရုဗင်အမျိုး၊ ဇက္ကုရသား ရှမွာ။
ပြည်တော်ကို ကြည့်ရှုစေခြင်းငှာ၊ သင်တို့အဘတို့ကို ကာဒေရှဗာနာအရပ်က ငါစေလွှတ်သောအခါ ထိုသို့ပြုကြ၏။
အမျိုးသားတစ်မျိုးလျှင် မင်းတစ်ပါးစီရွေး၍၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှုတို့နှင့် ဝိုင်းလျက်၊
ငါတို့သည် ဟောရပ်အရပ်မှထွက်သောနောက်၊ အာမောရိတောင်သို့ သွားသောလမ်းနားမှာ ကြောက်မက်ဖွယ်ဖြစ်၍ သင်တို့တွေ့မြင်သော တောကြီးအလယ်၌၊ ငါတို့ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း လျှောက်သွား၍၊ ကာဒေရှဗာနာအရပ်သို့ ရောက်ကြ၏။
လျှောက်ဆိုသောစကားကို ငါနှစ်သက်၍၊ သင်တို့တွင် တစ်မျိုးတစ်ယောက်စီ၊ လူပေါင်းတစ်ကျိပ်နှစ်ယောက်တို့ကို ရွေးထား၏။
ကာဒေရှဗာနာအရပ်၌လည်း၊ ထာဝရဘုရားက၊ သွား၍ငါပေးသောပြည်ကို သိမ်းယူကြလော့ဟု သင်တို့ကို စေခိုင်းတော်မူသောအခါ၊ သင်တို့သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရား အမိန့်တော်ကို ငြင်းဆန်ကြ၏။ ကိုယ်တော်ကိုမယုံ၊ စကားတော်ကို နားမထောင်ဘဲနေကြ၏။
ထိုနောက် ရှမွေလသေသောအခါ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် စည်းဝေး၍ ငိုကြွေးမြည်တမ်းခြင်းကို ပြုသဖြင့်၊ ရာမမြို့တွင် သူ၏အိမ်၌ သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည် ထ၍ ပါရန်တောသို့ သွားလေ၏။