ထာဝရဘုရားကလည်း၊ သင်တို့သုံးယောက်သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြလော့ဟု မောရှေ၊ အာရုန်၊ မိရိအံတို့အား ချက်ချင်းမိန့်တော်မူ၍ သူတို့သည်ထွက်သွားကြ၏။
တရားဆုံးဖြတ်ခြင်းငှာ ထတော်မူသောအခါ၊ တရားဆုံးဖြတ်သံကို ကောင်းကင်ထဲက လွှတ်တော်မူသဖြင့်၊ မြေကြီးသည်ကြောက်၍ တိတ်ဆိတ်စွာနေပါ၏။
ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တုပြည်မှထွက်၍ ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့၌ သိနာတောတွင် ပရိသတ်စည်းဝေးရာတဲတော်မှာ ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူအပေါင်းတို့ထက်သာ၍ နူးညံ့သိမ်မွေ့သောသဘောရှိ၏။
ထာဝရဘုရားသည် မိုးတိမ်တိုင်ဖြင့်ဆင်းသက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ရပ်လျက်၊ အာရုန်နှင့် မိရိအံကိုခေါ်တော်မူ၍၊ သူတို့သည် ချဉ်းကပ်ကြ၏။