Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 12:2

Judson Bible

အ​ကယ်၍​ထာ​ဝ​ရ​ဘု​ရား​သည်၊ မော​ရှေ​အား​ဖြင့်​သာ ဗျာ​ဒိတ်​ပေး​တော်​မူ​သ​လော။ ငါ​တို့​အား​ဖြင့်​လည်း ပေး​တော်​မ​မူ​လော​ဟု ဆို​ကြ၏။ ထို​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍ သား​ကို​ဖွား​မြင်​သော်၊ ငါ​သည်​အ​မုန်း​ခံ​ရ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား ကြား​သော​ကြောင့်၊ ဤ​သား​ကို​လည်း ပေး​သ​နား​တော်​မူ​ပြီ​ဟု​ဆို​ပြီး​လျှင်၊ ထို​သား​ကို ရှိ​မောင်​အ​မည်​ဖြင့်​မှည့်​လေ၏။

ငို​ကြွေး​မြည်​တမ်း​ချိန်​လွန်​မှ၊ ဒါ​ဝိဒ်​သည် လူ​ကို​စေ​လွှတ်၍ ထို​မိန်း​မ​ကို နန်း​တော်​သို့​ခေါ်​စေ​သ​ဖြင့်၊ သူ​သည် မိ​ဖု​ရား​အ​ဖြစ်​သို့​ရောက်၍ သား​ယောက်ျား​ကို ဖွား​မြင်​လေ၏။ သို့​ရာ​တွင် ဒါ​ဝိဒ်​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆိုး​သော​အ​မှု​ဖြစ်​သ​တည်း။

အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကဲ့​ရဲ့​စေ​ခြင်း​ငှာ အာ​ရှု​ရိ​ရှင်​ဘု​ရင် စေ​လွှတ်​သော မိ​မိ​ကျွန်​ရာ​ဗ​ရှာ​ခ​စ​ကား​ကို သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကြား​တော်​မူ​ပါ​စေ​သော။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင်​ကြား​သော စ​ကား​ကို ချေ​တော်​မူ​ပါ​စေ​သော။ သင်​သည်​လည်း ကျန်​ကြွင်း​သော​လူ​တို့​အ​ဖို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပါ​ဟု ပြော​စေ​ခြင်း​ငှာ၊

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား အ​မျက်​တော်​ထွက်၍၊ လေ​ဝိ​လူ​အာ​ရုန်​သည် သင်၏​အစ်​ကို​ဖြစ်​သည်​မ​ဟုတ်​လော။ သူ​သည်​ကောင်း​မွန်​စွာ​ပြော​တတ်​သည်​ကို ငါ​သိ၏။ သူ​သည်​လည်း​သင့်​ကို​ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ ယ​ခု​လာ၏။ တွေ့​မြင်​သော​အ​ခါ ဝမ်း​မြောက်​လိမ့်​မည်။

အာ​ရုန်​သည် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​တော်​အ​လုံး​စုံ​တို့​ကို​ပြန်​ပြော၍၊ လူ​တို့​ရှေ့​မှာ​နိ​မိတ်​သက်​သေ​တို့​ကို​ပြ​လေ၏။

ထို​နောက်​မှ၊ မော​ရှေ​နှင့် အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍၊ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘုရား​က၊ ငါ၏​လူ​တို့​သည် တော၌​ငါ့​အ​ဖို့ ပွဲ​ခံ​စေ​ခြင်း​ငှာ​လွှတ်​ရ​မည်​ဟု မိန့်​တော်​မူ​ကြောင်း​ကို လျှောက်​၏။

မော​ရှေ​နှင့် အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ထံ​သို့​ဝင်၍ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​သ​ဖြင့်၊ အာ​ရုန်​သည် ဖာ​ရော​ဘု​ရင်​ရှေ့၊ သူ၏​ကျွန်​များ​ရှေ့​မှာ လှံ​တံ​ကို​ချ၍ မြွေ​ဖြစ်​လေ၏။

မာ​န​ကြောင့်​သာ ရန်​တွေ့​ခြင်း​ဖြစ်၏။ သ​တိ​ပေး​သော​စ​ကား​ကို နား​ခံ​သော​သူ​မူ​ကား ပ​ညာ​ရှိ၏။

အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ကဲ့​ရဲ့​စေ​ခြင်း​ငှာ၊ အာ​ရှု​ရိ​ရှင်​ဘု​ရင် စေ​လွှတ်​သော မိ​မိ​ကျွန် ရာ​ဗ​ရှာ​ခ​စ​ကား​ကို သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပါ​စေ​သော။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် ကြား​သော​စ​ကား​ကို ချေ​တော်​မူ​ပါ​စေ​သော။ သင်​သည်​လည်း ကျန်​ကြွင်း​သော လူ​တို့​အ​ဖို့ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပါ​ဟု ပြော​စေ​ခြင်း​ငှာ၊

သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ဆောင်​ခဲ့​ပြီ။ ကျွန်​ခံ​နေ​ရာ​အ​ရပ်​မှ ရွေး​နုတ်​ပြီ။ သင့်​ရှေ့​မှာ မော​ရှေ၊ အာ​ရုန်၊ မိ​ရိ​အံ​တို့​ကို ငါ​စေ​လွှတ်​လေ​ပြီ။

တစ်​ဖန် လူ​များ​တို့​သည် အ​လို​တော်​မ​ရှိ​သော မြည်​တမ်း​ခြင်း​ကို​ပြု​ကြ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​စ​ကား​ကို​ကြား၍ အ​မျက်​ထွက်​တော်​မူ၏။ ရှို့​တော်​မူ​သော​မီး​သည် သူ​တို့​တွင်​လောင်၍ တပ်​အ​စွန်​အ​နား၌​ရှိ​သော သူ​အ​ချို့​တို့​ကို သေ​စေ​လေ၏။

မော​ရှေ​က၊ သင်​သည် ငါ့​အ​တွက်​ငြူ​စူ​သော​စိတ်​ရှိ​သ​လော။ ထာ​ဝ​ရ​ဘု​ရား၏​လူ​အ​ပေါင်း​တို့​သည် ပ​ရော​ဖက်​ဖြစ်​ကြ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် ဝိ​ညာဉ်​တော်​ကို သူ​တို့​အ​ပေါ်​မှာ​တင်​တော်​မူ​ပါ​စေ​သော​ဟု ဆို​ပြီး​မှ၊

မော​ရှေ​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​နေ​သော သူ​အ​ပေါင်း​တို့​ထက်​သာ၍ နူး​ညံ့​သိမ်​မွေ့​သော​သ​ဘော​ရှိ၏။

မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌​စု​ဝေး​လျက်၊ သင်​တို့​သည် အ​မှု​တော်​ကို စောင့်​လွန်း၏။ ပ​ရိ​သတ်​ရှိ​သ​မျှ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​တွင်​ရှိ​တော်​မူ၏။ သို့​ဖြစ်၍ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​အ​ပေါ်​မှာ အ​ဘယ်​ကြောင့် ကိုယ်​ကို​ကိုယ် ချီး​မြှောက်​ရ​သ​နည်း​ဟု ဆို​လေ၏။

ညီ​အစ်​ကို​ချစ်​ခြင်း​အ​ရာ​မှာ၊ ပ​က​တိ​ပေါက်​ဖော်​ကဲ့​သို့ တစ်​ယောက်​ကို​တစ်​ယောက် စုံ​မက်​ကြ​လော့။ ချီး​မွမ်း​ခြင်း​အ​ရာ​မှာ၊ သူ​တစ်​ပါး​ကို ကိုယ်​ထက် ချီး​မြှောက်​ကြ​လော့။-

သင်​တို့​သည် ကိုယ်​ကို​ထင်​သင့်​သည် အ​တိုင်း​ထက် လွန်၍​မ​ထင်​ဘဲ၊ ဘု​ရား​သ​ခင်​သည် လူ​အ​သီး​အ​သီး​တို့​အား ယုံ​ကြည်​ခြင်း​ကို ဝေ​ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊ ကိုယ်​ကို လျောက်​ပတ်​စွာ ထင်​ရ​မည်​အ​ကြောင်း ငါ​သည် ကိုယ်​ခံ​ရ​သော ကျေး​ဇူး​တော်​ကို​အ​မှီ​ပြု​လျက်၊ သင်​တို့​တွင် ရှိ​သ​မျှ​သော​သူ​တို့​ကို မှာ​ထား၏။-

သင်​တို့​သည် ပြု​လေ​သ​မျှ​တို့၌ မြည်​တမ်း​ခြင်း၊ ငြင်း​ခုံ​ခြင်း​မ​ရှိ​ဘဲ ပြု​ကြ​လော့။-

ရန်​တွေ့​လို​သော​စိတ်၊ အ​ချည်း​နှီး ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​သော​စိတ်​ရှိ၍ အ​ဘယ်​အ​မှု​ကိုမျှ မ​ပြု​ကြ​နှင့်။ သူ​တစ်​ပါး​သည် ကိုယ်​ထက်​သာ၍ ကောင်း​မြတ်​သည်​ဟု နှိမ့်​ချ​သော စိတ်​ရှိ၍ တစ်​ယောက်​ကို​တစ်​ယောက် ထင်​မှတ်​ကြ​လော့။-

ထို​နည်း​တူ၊ အ​သက်​ပျို​သော​သူ​တို့၊ အ​သက်​ကြီး​သော သူ​တို့၏ စ​ကား​ကို နား​ထောင်​ကြ​လော့။ ထို​မျှ​မ​က၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် နှိမ့်​ချ​လျက်​နေ၍၊ နှိမ့်​ချ​ခြင်း​တန်​ဆာ​ကို ဆင်​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ထောင်​လွှား​စော်​ကား​သော သူ​တို့​ကို ဘု​ရား​သ​ခင် ဆီး​တား​တော်​မူ၏။ စိတ်​နှိမ့်​ချ​သော သူ​တို့​အား ကျေး​ဇူး​ပြု​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ