ထိုနောက် ဟာဇရုတ်အရပ်မှပြောင်း၍ ပါရန်တော၌တဲဆောက်ကြ၏။
ပါရန်တော၌နေသည်ဖြစ်၍၊ သူ့အမိသည် အဲဂုတ္တုပြည်မှ မိန်းမတစ်ယောက်ကိုခေါ်၍ သူနှင့် စုံဖက်စေ၏။
ဘုရားသခင်သည် တေမန်မြို့မှလည်းကောင်း၊ သန့်ရှင်းသောဘုရားသည် ပါရန်တောင်မှလည်းကောင်း ကြွတော်မူ၏။ ဘုန်းတော်သည် မိုးကောင်းကင်ကို ဖုံးအုပ်လျက်၊ မြေကြီးသည် ဂုဏ်အသရေတော်နှင့် ပြည့်စုံလျက်ရှိ၏။
ဣသရေလအမျိုးသားတို့သည် သိနာတောင်မှခရီးသွားကြ၏။ နောက်တစ်ဖန် မိုးတိမ်သည် ပါရန်တော၌တည်နေ၏။
လူများတို့သည် ကိဗြုတ်ဟတ္တဝါအရပ်မှ ထွက်ပြီးလျှင်၊ ဟာဇရုတ်အရပ်သို့ ရောက်၍နေကြ၏။
မိရိအံကိုနှင်ထုတ်၍ သူသည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာနေရ၏။ မိရိအံအနာမပျောက်မီတိုင်အောင် လူများတို့သည် ခရီးမသွားဘဲနေကြ၏။
တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
မောရှေနှင့်အာရုန်မှစ၍ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှအရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သတင်းကြားပြော၍ ထိုပြည်၌သီးသောအသီးကို ပြကြ၏။
ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ၏။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး၌ အကဲအမှူးဖြစ်ကြ၏။
ဟာဇရုတ်အရပ်မှပြောင်း၍ ရိသမအရပ်၌ စခန်းချကြ၏။
ထိုနောက် ရှမွေလသေသောအခါ၊ ဣသရေလ အမျိုးသားအပေါင်းတို့သည် စည်းဝေး၍ ငိုကြွေးမြည်တမ်းခြင်းကို ပြုသဖြင့်၊ ရာမမြို့တွင် သူ၏အိမ်၌ သင်္ဂြိုဟ်ကြ၏။ ဒါဝိဒ်သည် ထ၍ ပါရန်တောသို့ သွားလေ၏။