Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 11:8

Judson Bible

လူ​များ​တို့​သည်​လှည့်​လည်​လျက် မ​န္န​ကို​စု​သိမ်း၍ ဆုံ၌​ကြိတ်​ခြင်း၊ ထောင်း​ခြင်း​ကို​ပြု​ပြီး​မှ အိုး​နှင့်​ပြုတ်​ကြ၏။ မုန့်​ပြား​ကို​လည်း လုပ်​ကြ၏။ အ​ရ​သာ​သည် မုန့်​ဆီ​ကြော်​အ​ရ​သာ​နှင့်​တူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

တစ်​နေ့​သ၌၊ ယာ​ကုပ်​သည် စား​စ​ရာ​ကို ချက်​ပြုတ်​စဉ်​တွင်၊ ဧ​သော​သည် တော​မှ​လာ၍ မော​သော​ကြောင့်၊

သူ​က​လည်း၊ နက်​ဖြန်​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့၌ သန့်​ရှင်း​သော​ဥ​ပုသ်​နေ့၊ ငြိမ်​ဝပ်​စွာ​နေ​ရ​သော​နေ့​ဖြစ်၏။ မုန့်​ကို​ပေါင်း​ချင်​သည်​အ​တိုင်း ပေါင်း​ကြ​လော့။ ပြုတ်​ချင်​သည်​အ​တိုင်း​ပြုတ်​ကြ​လော့။ ကျန်​သော​အ​ရာ​ကို နံ​နက်​တိုင်​အောင်​စောင့်၍ သို​ထား​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​စား​စ​ရာ​ကို မ​န္န​ဟု​ခေါ်​ဝေါ်​ကြ၏။ နံ​နံ​စေ့​ကဲ့​သို့​ဖြစ်၍ ဖြူ​သော​အ​ဆင်း​ရှိ၏။ ပျား​ရည်​နှင့်​ရော​သော​မုန့်​ကြွပ်​နှင့် အ​ရ​သာ​တူ၏။

မ​န္န​သည်​နံ​နံ​စေ့​နှင့်​တူ၍ ဗ​ဓေ​လ​သစ်​စေ့​ကဲ့​သို့ အ​ဆင်း​ဖြစ်၏။

စ​ခန်း​ချ​ရာ​အ​ရပ်၌ ည​အ​ခါ​နှင်း​နှင့်​အ​တူ မ​န္န​ကျ​တတ်၏။

မုန့်​ကို​စား၍ ဝ​သော​ကြောင့်​သာ ရှာ​ကြ၏။ ပျက်​စီး​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ မ​ကြိုး​စား​ကြ​နှင့်။ လူ​သား​သည် သင်​တို့​အား​ပေး၍ ထာ​ဝ​ရ​အ​သက်​နှင့်​အ​မျှ တည်​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ ကြိုး​စား​ကြ​လော့။ ထို​သား​သည် ခ​မည်း​တော်​ဘု​ရား၏​တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

ကျမ်း​စာ၌​လာ​သည်​ကား၊ ထို​သူ​တို့ စား​စ​ရာ​ဖို့ ကောင်း​ကင်​မှ​မုန့်​ကို ပေး​တော်​မူ​သည်​ဟု လာ​သည်​နှင့်​အ​ညီ၊ ငါ​တို့​ဘိုး​ဘေး​များ​သည် တော၌ မ​န္န​ကို​စား​ကြ​သည်​ဟု လျှောက်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ