Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 11:4

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ရော​နှော​လျက်​ပါ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် တောင့်​တ​သော​စိတ်​စွဲ​လမ်း​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လည်း တစ်​ဖန်​ငို​ကြွေး​လျက် ငါ​တို့​စား​စ​ရာ​ဖို့ အ​မဲ​သား​ကို အ​ဘယ်​သူ​ပေး​လိမ့်​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​တ​ရား​ကို ကြား​သော​အ​ခါ၊ အ​မျိုး​မ​စစ်​သော​သူ ရှိ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှား​ကြ၏။

တော၌ အ​လွန်​တပ်​မက်၍၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ်၌ ဘု​ရား​သ​ခင်​ကို စုံ​စမ်း​ကြ၏။

အ​မျိုး​မျိုး​သော​လူ​အ​များ​တို့​သည်​လည်း၊ သိုး​နွား​အ​စ​ရှိ​သော များ​စွာ​သော​တိ​ရ​စ္ဆာန်​တို့​နှင့်​တ​ကွ လိုက်​ကြ​၏။

ညဉ့်​ဦး​ယံ၌ သင်​တို့​သည်​အ​မဲ​သား​ကို စား​ရ​ကြ​လိမ့်​မည်။ နံ​နက်​ယံ၌​လည်း မုန့်​နှင့်​ဝ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ကြ​လိမ့်​မည်​ဟု သူ​တို့​ကို​ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ အ​မဲ​သား​ချက်​သော​အိုး​ကင်း​နား​မှာ​ထိုင်၍ ဝ​စွာ​စား​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​ဖြင့်​သေ​လျှင် သာ၍​ကောင်း၏။ ယ​ခု​မူ​ကား၊ ဤ​စည်း​ဝေး​လျက်​ရှိ​သော လူ​အ​ပေါင်း​တို့​ကို ငတ်​မွတ်​ခြင်း​အား​ဖြင့် သတ်​လို​သော​ငှာ၊ ဤ​တော​အ​ရပ်​သို့​ဆောင်​ခဲ့​ပြီ​တ​ကား​ဟု မော​ရှေ​နှင့် အာ​ရုန်​ကို အ​ပြစ်​တင်၍ မြည်​တမ်း​လျက်​ဆို​ကြ၏။

စစ်​မှု​ကို မ​တွေ့​မြင်၊ တံ​ပိုး​မှုတ်​သံ​ကို မ​ကြား၊ မ​ငတ်​မ​မွတ်​ရာ​အ​ရပ်၊ အဲ​ဂု​တ္တု​ပြည်​သို့ သွား၍​နေ​မည်​ဟု ဆို​လျှင်၊

သင်​သည်​လည်း လူ​များ​တို့​အား​ဆင့်​ဆို​ရ​မည်​မှာ၊ နက်​ဖြန်​နေ့​အ​ဖို့ ကိုယ်​ကို​သန့်​ရှင်း​စင်​ကြယ်​လော့။ အ​မဲ​သား​ကို စား​ရ​ကြ​မည်။ သင်​တို့​က အ​ဘယ်​သူ​သည် ငါ​တို့​အား အ​မဲ​သား​ကို​ပေး​လိမ့်​မည်​နည်း။ အဲ​ဂု​တ္တု​ပြည်၌​နေ​စဉ်၊ ငါ​တို့​သည်​ချမ်း​သာ​စွာ​နေ​ကြ၏​ဟု ငို​ကြွေး​လျက်​ပြော​ဆို​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​သော​ကြောင့်၊ အ​မဲ​သား​ကို​ပေး​တော်​မူ​သ​ဖြင့် သင်​တို့​သည် စား​ရ​ကြ​မည်။

ထို​အ​ခါ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် အ​သံ​ကို​လွှင့်၍ မြည်​တမ်း​သ​ဖြင့်၊ တစ်​ည​လုံး​ငို​ကြွေး​ကြ၏။

ငါ့​ဘုန်း​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်​မှ​စ၍ ဤ​တော၌​ထူး​ဆန်း​သော တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ မြင်​ရ​သော​လူ​အ​ပေါင်း​တို့​သည်၊ ငါ့​စ​ကား​ကို​နား​မ​ထောင်၊ ဆယ်​ကြိမ်​တိုင်​အောင် ငါ့​ကို​စုံ​စမ်း​သော​ကြောင့်၊

သင်​သည် ဤ​တော၌ ငါ​တို့​ကို​သတ်​လို၍ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​မှ ဆောင်​ခဲ့​သော်​လည်း၊ ငါ​တို့​အ​ပေါ်၌ လုံး​လုံး​မင်း​မ​ပြု​ရ​လျှင်၊ စိတ်​မ​ပြေ​သေး​သည် တ​ကား။

သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယူ​တင်​ဝတ်​ဆောင်​ကြ​လော့။ ကိုယ်​ကာ​ယ၏​တပ်​မက်​ခြင်း​အ​လို​ငှာ မ​ကြံ​စည်​ကြ​နှင့်။

ထို​သူ​တို့​သည် မ​ကောင်း​သော​အ​ရာ​တို့​ကို တပ်​မက်​သ​ကဲ့​သို့ ငါ​တို့​သည် မ​တပ်​မက်​စေ​ခြင်း​ငှာ၊ ထို​အ​ကြောင်း​အ​ရာ​တို့​သည် ငါ​တို့​အ​ဖို့ ပုံ​သက်​သေ ဖြစ်​ကြ၏။-

အ​လွဲ​မ​ယူ​ကြ​နှင့်။ မ​ကောင်း​သော သူ​တို့​နှင့် ပေါင်း​ဖော်​ခြင်း​အား​ဖြင့် ကောင်း​သော​အ​ကျင့်​ဓ​လေ့ ယို​ယွင်း​တတ်၏။-

တ​ဗေ​ရ​အ​ရပ်၊ မဿာ​အ​ရပ်၊ ကိ​ဗြုတ်​ဟ​တ္တ​ဝါ​အ​ရပ်၌​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​မျက်​တော်​ထွက်​အောင် ပြု​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ