တောလည် 11:2Judson Bibleလူများတို့သည် မောရှေအားအော်ဟစ်၍၊ မောရှေသည် ထာဝရဘုရားကို ဆုတောင်းသဖြင့် မီးငြိမ်းလေ၏။ အခန်းကိုကြည့်ပါ။ |
အိုဘုရားရှင်၊ အကျွန်ုပ်သည် ရှေ့တော်၌မျက်နှာရလျှင်၊ အကျွန်ုပ်အရှင်သည် အကျွန်ုပ်တို့နှင့်အတူ ကြွတော်မူပါစေသော၊ အကျွန်ုပ်တောင်းပန်ပါ၏။ ဤလူမျိုးသည် လည်ပင်းခိုင်မာသောအမျိုး ဖြစ်သော်လည်း၊ အကျွန်ုပ်တို့ပြစ်မှားမိသော ဒုစရိုက်အပြစ်များကိုလွှတ်၍ အကျွန်ုပ်တို့ကို ကိုယ်တော်အမွေဥစ္စာဖို့ သိမ်းယူတော်မူပါဟုလျှောက်လျှင်၊
အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့စေခြင်းငှာ၊ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန် ရာဗရှာခစကားကို သင်၏ဘုရားသခင် ထာဝရဘုရားကြားတော်မူပါစေသော။ သင်၏ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် ကြားသောစကားကို ချေတော်မူပါစေသော။ သင်သည်လည်း ကျန်ကြွင်းသော လူတို့အဖို့ ဆုတောင်းပတ္ထနာပြုပါဟု ပြောစေခြင်းငှာ၊
အကျွန်ုပ်တို့သည် အထက်ကများသော်လည်း၊ ယခုကိုယ်တော် မြင်သည်အတိုင်း အနည်းငယ်သာ ကျန်ကြွင်းပါသည်ဖြစ်၍၊ အကျွန်ုပ်တို့ အသနားတော်ခံသောစကားကို မပယ်ပါနှင့်။ အကျွန်ုပ်တို့ သွားရသောလမ်းနှင့် ပြုရသောအမှုကို ကိုယ်တော်၏ ဘုရားသခင် ထာ၀ရဘုရားသည် အကျွန်ုပ်တို့အား ပြတော်မူမည်အကြောင်း၊ ကျန်ကြွင်းသမျှသောသူ၊ အကျွန်ုပ်တို့အဖို့ ကိုယ်တော်၏ ဘုရားသခင် ထာရဘုရားထံတော်၌ ဆုတောင်းပါလော့ဟု တောင်းပန်ကြ၏။
ထိုကြောင့် လူများတို့သည် မောရှေထံသို့လာ၍ အကျွန်ုပ်တို့သည် ထာဝရဘုရားနှင့် ကိုယ်တော်ကိုဆန့်ကျင်လျက် ပြောဆို၍ပြစ်မှားပါပြီ။ ထာဝရဘုရားသည် မြွေများကို အကျွန်ုပ်တို့မှ ပယ်ရှားတော်မူမည်အကြောင်း ဆုတောင်းပါဟုလျှောက်လျှင်၊ မောရှေသည် လူများအဖို့ ဆုတောင်းလေ၏။
ညီအစ်ကိုချင်းသည် သေပြစ်မသင့်သောဒုစရိုက်ကို ပြုမိသည်ကို တစ်စုံတစ်ယောက်သောသူသည် မြင်လျှင်၊ ထိုသူသည် ဆုတောင်းရမည်။ သေပြစ်ကို မပြုသောသူတို့အဖို့ အလိုငှာ၊ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော်မူမည်။ သေပြစ်သင့်သော ဒုစရိုက်ရှိ၏။ ထိုဒုစရိုက်အပြစ်ကို လွှတ်စေခြင်းငှာ ဆုတောင်းရမည်ဟု ငါမဆို။-