Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 10:9

Judson Bible

သင်​တို့​သည် ကိုယ်​ပြည်၌​နေ​သော​အ​ခါ၊ တိုက်​လာ​သော​ရန်​သူ​တို့​ကို စစ်​ချီ​လျှင်၊ နှိုး​ဆော်​သံ​နှင့် တံ​ပိုး​မှုတ်​ရ​မည်။ ထို​အ​ခါ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​အောက်​မေ့၍၊ ရန်​သူ​လက်​မှ​ကယ်​တင်​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည်၊ နော​ဧ​မှ​စ၍ အ​သက်​ရှင်​သ​မျှ​သော​သ​တ္တ​ဝါ၊ နော​ဧ​နှင့်​အ​တူ သင်္ဘော​ထဲ၌​ရှိ​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​အောက်​မေ့၍၊ မြေ​ကြီး​ပေါ်​မှာ လေ​လာ​စေ​တော်​မူ​သ​ဖြင့် ရေ​ငြိမ်​လေ​၏။

ဘု​ရား​သ​ခင် ကိုယ်​တော်​တိုင်​သည်၊ ငါ​တို့​တွင် ဗိုလ်​မင်း​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်၏ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း၊ တံ​ပိုး​မှုတ်​လျက် သင်​တို့​တစ်​ဖက်၌ နှိုး​ဆော်​ခြင်း​ငှာ၊ ငါ​တို့​တွင်​ရှိ​ကြ၏။ အို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဘိုး​ဘေး​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ မ​တိုက်​ကြ​နှင့်။ တိုက်​လျှင် ရှုံး​ရ​ကြ​လိမ့်​မည်​ဟု ပြော​ဆို၏။

ယု​ဒ​လူ​တို့​သည် ပြန်​ကြည့်​သော​အ​ခါ၊ စစ်​မှု​ဝိုင်း​မိ​သည်​ကို​မြင်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​အား ဟစ်​ခေါ်၍၊ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း တံ​ပိုး​မှုတ်​ကြ၏။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရွေး​ကောက်​တော်​မူ​သော​သူ​တို့၏​ကောင်း​ကျိုး​ကို မြင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊

ရန်​သူ​တို့​သည်​ညှဉ်း​ဆဲ၍၊ သူ​တို့​သည် ရန်​သူ​တို့​အောက်​မှာ နှိမ့်​ချ​ခြင်း​ကို ခံ​ရ​ကြ၏။

က​ရု​ဏာ​တော် အ​စဉ်​အ​မြဲ တည်​သည်​ဖြစ်၍၊ နှိမ့်​ချ​လျက်​နေ​သော ငါ​တို့​ကို အောက်​မေ့​တော်​မူ​ထ​သော၊

လော​ကီ​နိုင်​ငံ၌​နေ​သော မြေ​ကြီး​သား​အ​ပေါင်း​တို့၊ တောင်​ပေါ်​မှာ အ​လံ​ကို ထူ​သော​အ​ခါ ကြည့်​ရှု​ကြ​လော့။ တံ​ပိုး​မှုတ်​သော​အ​ခါ နား​ထောင်​ကြ​လော့။

အ​သံ​မ​လျော့​ဘဲ ကြွေး​ကြော်​လော့။ တံ​ပိုး​သံ​ကဲ့​သို့ အ​သံ​ကို​လွှင့်၍၊ ယာ​ကုပ်​အ​မျိုး​သား​ဖြစ်​သော ငါ၏​လူ​တို့​အား၊ သူ​တို့​ဒု​စ​ရိုက်​အ​ပြစ်​ကို ဖော်​ပြ​လော့။

ငါ့​အ​သည်း​သည်​နာ၏။ ငါ့​အ​သည်း​သည် နာ၏။ ငါ့​နှ​လုံး​အ​ရေ​ဖျား​လည်း နာ၏။ ငါ့​အ​ထဲ၌ ငါ့​နှ​လုံး​ပူ​ဆွေး၏။ ငါ​သည် တိတ်​ဆိတ်​စွာ မ​နေ​နိုင်။ အ​ကြောင်း​မူ​ကား၊ အို ငါ့​ဝိ​ညာဉ်၊ သင်​သည် တံ​ပိုး​မှုတ်​သံ​နှင့် စစ်​တိုက်​သံ​ကို ကြား​ရ၏။

ငါ​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး အ​လံ​ကို​မြင်​ရ​အံ့​နည်း။ အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး တံ​ပိုး​သံ​ကို ကြား​ရ​အံ့​နည်း။

ယု​ဒ​ပြည်၌ တံ​ပိုး​မှုတ်​ကြ​လော့​ဟု၊ ယေ​ရု​ရှ​လင်​မြို့​မှ​စ၍ တစ်​ပြည်​လုံး​ကြွေး​ကြော်၍ သ​တင်း​ကြား​ကြ​လော့။ စည်း​ဝေး၍ ခိုင်​ခံ့​သော​မြို့​များ အ​တွင်း​သို့ ဝင်​ကြ​ကုန်​အံ့​ဟု အ​ရပ်​ရပ်၌ အ​နှံ့​အ​ပြား ကြွေး​ကြော်​ကြ​လော့။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​မ္မုန်​အ​မျိုး​သား​တို့​နေ​ရာ ရ​ဗ္ဗာ​မြို့၌ စစ်​တိုက်​ခြင်း​အ​သံ​ကို ငါ​ကြား​စေ​သော​အ​ချိန် ရောက်​လိမ့်​မည်။ ထို​မြို့​သည် ပျက်​စီး​ရာ​ပုံ​ဖြစ်၍၊ သူ၏​သ​မီး​တို့​သည်​လည်း မီး​ရှို့​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး၏ နေ​ရာ​ကို၊ သိမ်း​ယူ​သော​သူ​တို့၏​နေ​ရာ​ကို၊ ဣ​သ​ရေ​လ​သည် တစ်​ဖန်​သိမ်း​ယူ​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အို ဗင်္ယာ​မိန်​အ​မျိုး​သား​တို့၊ ယေ​ရု​ရှ​လင်​မြို့​ထဲ​က​ထွက်၍၊ လွတ်​အောင်​ပြေး​ကြ​လော့။ တေ​ကော​ရွာ၌ တံ​ပိုး​မှုတ်​ကြ​လော့။ ဗေ​သ​က္က​ရင်​ရွာ၌ မီး​ရှူး​ကို မြှောက်၍ ပြ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ဘေး​ဥ​ပဒ်​တည်း​ဟူ​သော ကြီး​စွာ​သော​ပျက်​စီး​ခြင်း အ​ကြောင်း​အ​ရာ​သည် မြောက်​မျက်​နှာ​က ပေါ်​လာ၏။

ငါ​က​လည်း၊ တံ​ပိုး​မှုတ်​သံ​ကို​နား​ထောင်​ကြ​လော့​ဟု ဆို​လျက်၊ သင်​တို့​အ​ပေါ်၌ ကင်း​စောင့်​တို့​ကို ခန့်​ထား​သော​အ​ခါ၊ ငါ​တို့​သည် နား​မ​ထောင်​ဟု ပြန်​ပြော​ကြ၏။

စစ်​ခင်း​ကျင်း​စေ​ခြင်း​ငှာ တံ​ပိုး​ကို​မှုတ်​ကြ​သော်​လည်း၊ အ​ဘယ်​သူ​မျှ စစ်​ချီ၍​မ​သွား။ အ​ကြောင်း​မူ​ကား၊ ငါ့​အ​မျက်​သည် ထို​လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​အ​ပေါ်​မှာ တည်​လျက်​ရှိ၏။

ဂိ​ဗာ​မြို့၌ နှဲ​ခ​ရာ​ကို​လည်း​ကောင်း၊ ရာ​မ​မြို့၌ တံ​ပိုး​ကို​လည်း​ကောင်း မှုတ်​ကြ​လော့။ ဗေ​သ​ဝင်​မြို့၌ ကြွေး​ကြော်​ကြ​လော့။ အို ဗင်္ယာ​မိန်​အ​မျိုး၊ နောက်​သို့ ကြည့်​ကြ​လော့။

သင်​တို့​သည်​သ​တ္တ​မ​လ၊ ပ​ထ​မ​နေ့​ရက်၌​တံ​ပိုး​မှုတ်​ပွဲ၊ ဓ​မ္မ​စည်း​ဝေး​ခြင်း​ကို ပြု​ရ​သော​ဥ​ပုသ်​နေ့​ကို စောင့်​ရ​ကြ​မည်။

မြို့​ထဲ​မှာ တံ​ပိုး​မှုတ်​လျှင်၊ မြို့​သား​တို့​သည် မ​ကြောက်​မ​လန့်​ဘဲ​နေ​ကြ​လိမ့်​မည်​လော။ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မ​မူ​ဘဲ ဘေး​တစ်​စုံ​တစ်​ခု​သည် မြို့​ထဲ​မှာ ရောက်​လိမ့်​မည်​လော။

ခိုင်​ခံ့​သော​မြို့၊ မြင့်​သော​ရဲ​တိုက်​တို့​တစ်​ဖက်၌ တံ​ပိုး​မှုတ်၍ ကြွေး​ကြော်​ရာ​နေ့ ဖြစ်၏။

မော​ရှေ​သည်​ထို​သူ​တို့​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သော​လက်​နက်​နှင့်​တ​ကွ၊ မှုတ်​ရာ​တံ​ပိုး​တို့​ကို​ကိုင်​သော ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​သား ဖိ​န​ဟတ်​ကို​လည်း​ကောင်း စစ်​ချီ​စေ၏။

တံ​ပိုး​ခ​ရာ​သည်​လည်း၊ မ​မှန်​သော​အ​သံ​နှင့် မြည်​လျှင်၊ အ​ဘယ်​သူ​သည် စစ်​တိုက်​ခြင်း​ငှာ မိ​မိ​ကိုယ်​ကို ပြင်​ဆင်​မည်​နည်း။-

သင်​သည် ရန်​သူ​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချီ​သွား​သော​အ​ခါ၊ ကိုယ်​ထက်​သာ၍​များ​သော​မြင်း၊ ရ​ထား၊ လူ​တို့​ကို​မြင်​သော်​လည်း မ​ကြောက်​နှင့်။ သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်၌​ရှိ​တော်​မူ၏။

ယု​ဘိ​လ​တံ​ပိုး​တို့​ကို ရှည်​သော​အ​သံ​နှင့် မှုတ်၍၊ တံ​ပိုး​သံ​ကို​ကြား​လျှင် လူ​အ​ပေါင်း​တို့​သည် ကျယ်​သော​အ​သံ​နှင့် ကြွေး​ကြော်၍၊ မြို့​ရိုး​သည် အ​ကုန်​အ​စင် ပြို​လဲ​ရ​လိမ့်​မည်။ ထို​အ​ခါ လူ​များ​တို့​သည် တည့်​တည့်​တက်​ရ​ကြ​မည်​ဟု ယော​ရှု​အား မိန့်​တော်​မူ၏။

ဇိ​ဒုန်​လူ၊ အာ​မ​လက်​လူ၊ မော​နိ​လူ​တို့ ညှဉ်း​ဆဲ​သော​အ​ခါ၌​လည်း၊ သင်​တို့​သည် ငါ့​ကို​ဟစ်​ကြော်၍၊ သူ​တို့​လက်​မှ ငါ​ကယ်​နုတ်၏။

ယော်​ဒန်​မြစ်​တစ်​ဖက် အာ​မော​ရိ​လူ​နေ​ရာ ဂိ​လဒ်​ပြည်၌​နေ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို ထို​နှစ်​မှ​စ၍ တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး ညှဉ်း​ဆဲ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​သူ​ကြီး​ကို ပေါ်​ထွန်း​စေ​သော​အ​ခါ သူ​နှင့်​အ​တူ​ရှိ၍၊ သူ့​လက်​ထက်​ပတ်​လုံး ဣ​သ​ရေ​လ​လူ​တို့​ကို ရန်​သူ၏​လက်​မှ ကယ်​လွှတ်​တော်​မူ၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည် နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၍ မြည်​တမ်း​ကြ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​ရ​တော်​မူ၏။

ဧ​ဖ​ရိမ်​တောင်​ပေါ်​မှာ တံ​ပိုး​ကို​မှုတ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ့​နောက်​သို့​လိုက်​လျက် တောင်​ပေါ်​က​ဆင်း​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဂိ​ဒေါင်​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် တံ​ပိုး​မှုတ်​သ​ဖြင့် အ​ဗျေ​ဇာ​သား​တို့​သည် လိုက်​ကြ၏။

အဲ​ဂု​တ္တု​ပြည်​သား​လက်​မှ​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သော​သူ​အ​ပေါင်း​တို့ လက်​မှ​လည်း​ကောင်း၊ သင်​တို့​ကို​ကယ်​နုတ်၍၊ သူ​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​သ​ဖြင့် သူ​တို့​ပြည်​ကို​ပေး​ပြီ။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ဖြစ်​သော သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ဆောင်​ခဲ့၍၊ အဲ​ဂု​တ္တု​မင်း​အ​စ​ရှိ​သော သင်​တို့​ကို ညှဉ်း​ဆဲ​သော မင်း​အ​ပေါင်း​တို့​လက်​မှ ကယ်​နုတ်​သော်​လည်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ