ဒုတိယလ၊ ပထမနေ့၌ ပရိသတ်အပေါင်းကိုစည်းဝေးစေပြီးမှ၊ အဆွေအမျိုးစာရင်းကိုဖော်ပြ၍ အနှစ်နှစ်ဆယ်လွန်သောသူတို့၏ နာမည်ပေါင်းကိုမှတ်သဖြင့်၊
ထိုမှတစ်ပါး၊ ဣသရေလအမျိုး မှန်သည်၊ မမှန်သည်ကိုလည်းကောင်း၊ မိမိတို့ အဆွေအမျိုးကိုလည်းကောင်း၊ မပြနိုင်ဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒန်မြို့၊ ဣမေရမြို့မှ ထွက်သွားသောသူဟူမူကား၊
ထိုမှတစ်ပါး၊ ဣသရေလအမျိုး မှန်သည်၊ မမှန်သည်ကိုလည်းကောင်း၊ မိမိတို့အဆွေအမျိုးကိုလည်းကောင်း မပြနိုင်ဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့၊ ဣမေရမြို့မှ ထွက်သွားသောသူ ဟူမူကား၊
ဣသရေလအဆွေအမျိုး သူကြီးတို့၏အမည်ဟူမူကား၊ ဣသရေလသားဦး ရုဗင်၏သားကား၊ ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတည်း။ ဤသူတို့သည် ရုဗင်အမျိုးအနွယ်ဖြစ်၏။
ဣသရေလအမျိုးသားတို့သည်၊ အဲဂုတ္တုပြည်မှထွက်၍ ဒုတိယနှစ်၊ ဒုတိယလ၊ ပထမနေ့၌ သိနာတောတွင် ပရိသတ်စည်းဝေးရာတဲတော်မှာ ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
ထိုသို့နာမည်ဖြင့်ရွေးတော်မူသော ထိုသူတို့ကို၊ မောရှေနှင့်အာရုန်သည် ခေါ်၍၊
အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက် အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့်တူ၍၊ ယဇ်ပုရောဟိတ်အရာ၌ အစဉ်အမြဲတည်၏။-
သူတို့အမျိုးမဟုတ်သော ထိုမင်းမူကား၊ အာဗြဟံ၏လက်မှ ဆယ်ဖို့တစ်ဖို့ကို ခံလေ၏။ ကတိတော်တို့ကိုခံရသော သူကိုလည်း ကောင်းချီးပေးလေ၏။-