ဤသူတို့သည် ပရိသတ်တွင်ကျော်စောသောသူ၊ အဆွေအမျိုးသူကြီးမင်းဖြစ်၍ ဣသရေလအမျိုး၌ လူတစ်ထောင်စီအုပ်ရသောသူ ဖြစ်ကြသတည်း။
ထိုမှတစ်ပါး ဘုရားသခင်ကိုကြောက်ရွံ့လျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ လောဘကိုရွံရှာလျက်၊ တတ်စွမ်းနိုင်သောသူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက်၍၊ တစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အရာ၌ ခန့်ထားရမည်။
တတ်စွမ်းနိုင်သောသူတို့ကို ဣသရေလအမျိုးထဲကရွေးကောက်၍ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အသီးအသီး ခေါင်းအရာ၌ခန့်ထားလေ၏။
အို ဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဖို့ သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင် ဖြစ်၏။
နဿလိအမျိုး၊ ဧနန်သားအဟိရတည်း။
ထိုသို့နာမည်ဖြင့်ရွေးတော်မူသော ထိုသူတို့ကို၊ မောရှေနှင့်အာရုန်သည် ခေါ်၍၊
အမျိုးအနွယ်အသီးအသီး တစ်မျိုးတစ်ယောက်စီ မိမိတို့အဆွေအမျိုး၌ သူကြီးဖြစ်သောလူတို့သည် သင်တို့နှင့်အတူကူညီ၍ အမှုကိုဆောင်ရကြမည်။
တံပိုးတစ်လုံးတည်းကိုမှုတ်လျှင်၊ ဣသရေလအမျိုး၌ လူတစ်ထောင်ကို အုပ်သောမင်းတို့သည် သင့်ထံ၌စည်းဝေးရကြမည်။
ငါသည်လည်း ထိုအရပ်သို့ဆင်းသက်၍ သင်နှင့်နှုတ်ဆက်မည်။ သင့်အပေါ်မှာ ကျိန်းဝပ်သောဝိညာဉ်အချို့ကို ငါယူ၍ သူတို့အပေါ်မှာတင်မည်။ ဤလူတို့ကို သင်တစ်ယောက်တည်းသာ ဆောင်ရွက်ရမည်မဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက်ရကြမည်။
ပရိသတ်၌ကျော်စော၍ ဂုဏ်အသရေရှိသောသူ၊ အစည်းအဝေး၌ မင်းပြုသောသူ၊ ဣသရေလအမျိုးသားနှစ်ရာငါးဆယ်နှင့်တကွ၊ မောရှေကိုပုန်ကန်၍၊
ဤဒါသန်၊ အဘိရံတို့သည်အခြားမဟုတ်၊ ကောရအပေါင်းအသင်းသည် ထာဝရဘုရားနှင့် ဆန့်ကျင်ဘက်ပြုသောအခါ၊ ပရိသတ်၌ကျော်စော၍ မောရှေနှင့် အာရုန်ကိုဆန့်ကျင်ဘက်ပြုသော ဒါသန်၊ အဘိရံဖြစ်ကြ၏။
တစ်ဖန် ထာဝရဘုရားမိန့်တော်မူသောစကားကို မောရှေသည်၊ ဣသရေလ အမျိုးသားတို့တွင် အမျိုးအနွယ်တို့၌ မင်းဖြစ်သောသူတို့အား ဆင့်ဆိုသည်ကား၊
စာရင်းဝင်သောသူတို့ကိုအုပ်၍ ဣသရေလအမျိုးအနွယ်အသီးအသီးတို့၌ မင်းဖြစ်သောသူ၊ အဆွေအမျိုးသူကြီးမင်းတို့သည်၊
ထိုကြောင့် သင်တို့အမျိုးများ၌ အသရေရှိသောလူကြီး၊ ပညာရှိတို့ကို ငါရွေးချယ်ပြီးလျှင်၊ သင်တို့တွင် မင်းလုပ်ရသောသူတည်းဟူသော လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်၊ အကြပ်အဆော်အရာ၌ ခန့်ထား၏။
ဂိဒေါင်ကလည်း၊ အိုသခင်၊ အကျွန်ုပ်သည် ဣသရေလအမျိုးကို အဘယ်သို့ ကယ်နုတ်နိုင်ပါမည်နည်း။ အကျွန်ုပ်အဆွေအမျိုးသည် မနာရှေအမျိုး၌ သာ၍ဆင်းရဲပါ၏။ အကျွန်ုပ်သည်လည်း၊ ကိုယ်အဆွေအမျိုး၌ အယုတ်ဆုံးသော သူဖြစ်ပါ၏ဟု လျှောက်လျှင်၊
အို ဗင်္ယာမိန် အမျိုးသားတို့၊ ယေရှဲ၏သားသည် လယ်များ၊ စပျစ်ဥယျာဉ်များကို သင်တို့ရှိသမျှ၌ ဝေပေးနိုင်သလော။ သင်တို့ရှိသမျှကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်အရာ၌ ခန့်ထားနိုင်သလော။
ထိုကြောင့် သူပုန်းရှောင်ခိုလှုံရာ အရပ်ရပ်တို့ကို သေချာစွာကြည့်ရှုသိမှတ်ပြီးမှ၊ ငါ့ထံသို့ တစ်ဖန်လာကြလျှင်၊ သင်တို့နှင့် အတူငါလိုက်မည်။ သူသည် ထိုပြည်၌ရှိလျှင်၊ ယုဒအမျိုးသား အထောင်အသောင်းတို့တွင် ငါရှာ၍ထုတ်မည်ဟု မှာထားသည်အတိုင်း၊