တမန်တော်ဝတ္ထု 9:35Judson Bibleလုဒ္ဒမြို့နှင့် ရှာရုန်အရပ်၌ နေသောသူ အပေါင်းတို့သည် ထိုသူကိုမြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲကြ၏။ အခန်းကိုကြည့်ပါ။ |
အလွန်ပွင့်လန်း၍ ဝမ်းမြောက်ခြင်း၊ သီချင်းဆိုခြင်းနှင့်တကွ မြူးထူးလိမ့်မည်။ လေဗနုန်တောင်၏ ဘုန်းနှင့်လည်းကောင်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ်ခြင်း အသရေနှင့်လည်းကောင်း ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ ဘုန်းတော်ကိုလည်းကောင်း၊ ငါတို့ဘုရားသခင်၏တန်ခိုးအာနုဘော်တော်ကိုလည်းကောင်း မြင်ရကြလိမ့်မည်။
ထိုသို့သောအမှုကို အဘယ်သူသည် ကြားဖူးသနည်း။ ထိုသို့သောအမှုတို့ကို အဘယ်သူသည် မြင်ဖူးသနည်း။ တိုင်းနိုင်ငံကို တစ်နေ့ချင်းတွင် ဖွားတတ်သလော။ ပြည်သူပြည်သား အပေါင်းတို့ကို တစ်ပြိုင်နက် ဖွားတတ်သလော။ ဇိအုန်သတို့သမီးသည် သားဖွားခြင်းဝေဒနာကို ခံအံ့ဆဲဆဲတွင်၊ သားများကို ဖွားမြင်ပါသည်တကား။