Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 9:31

Judson Bible

ထို​အ​ခါ ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ ရှ​မာ​ရိ​ပြည် အ​ရပ်​ရပ်​တို့​တွင် အ​သင်း​တော်​တို့​သည် ငြိမ်​သက်၍ တည်​ဆောက်​ခြင်း​ရှိ​ကြ၏။ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း၌​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ အ​ဆုံး​အ​မ၌​လည်း​ကောင်း၊ မွေ့​လျော်​သော​အား​ဖြင့် ပွား​များ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

56 ပူးပေါင်းရင်းမြစ်များ  

သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သည်​မ​ဟုတ်​လော။ အ​ရပ်​ရပ်၌ ငြိမ်​ဝပ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​သည် မ​ဟုတ်​လော။ ပြည်​သူ​ပြည်​သား​တို့​ကို ငါ့​လက်၌​အပ်​တော်​မူ​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ရှေ့၊ ထို​ဘု​ရား​သ​ခင်၏ လူ​တို့​ရှေ့​မှာ တစ်​ပြည်​လုံး​သည် နှိမ့်​ချ​လျက်​ရှိ၏။

သင်​မြင်​သော သား​တစ်​ယောက်​သည် ငြိမ်​ဝပ်​သော​သူ ဖြစ်​လိမ့်​မည်။ သူ၏​အ​မည်​ကား ရှော​လ​မုန်​ဖြစ်၍၊ သူ့​ပတ်​လည်၌ ရန်​သူ​မ​ရှိ။ ငြိမ်​ဝပ်​သော အ​ခွင့်​ကို​လည်း​ကောင်း၊ သူ၏​လက်​ထက်၌ ဣ​သ​ရေ​လ​အ​မျိုး​သည် စစ်​တိုက်​ခြင်း​မ​ရှိ။ ငြိမ်​ဝပ်​စွာ​နေ​ရ​သော အ​ခွင့်​ကို​လည်း​ကောင်း၊ ငါ​ပေး​မည်။

အ​ရင်​မြို့​ဝန်​တို့​ကို လူ​များ​တို့​သည် ကျွေး​ရ​ကြ၏။ မုန့်​နှင့်​စ​ပျစ်​ရည်​ကို​လည်း​ကောင်း၊ တစ်​နေ့​လျှင် ငွေ​လေး​ဆယ်​ကို​လည်း​ကောင်း ပေး​ရ​ကြ၏။ မင်း​လု​လင်၏ စေ​စား​ခြင်း​ကို​လည်း ခံ​ရ​ကြ၏။ ငါ​မူ​ကား ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​ကြောင့်၊ အ​ရင်​မြို့​ဝန်​ကဲ့​သို့ မ​ပြု။

ငါ​က​လည်း၊ သင်​တို့​ပြု​သော​အ​မှု မ​ကောင်း​ပါ​တ​ကား။ ငါ​တို့ ရန်​သူ​ဖြစ်​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် ငါ​တို့​ကို​ကဲ့​ရဲ့​မည်​ဟု စိုး​ရိမ်၍၊ ငါ​တို့၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​စိတ်​နှင့် သင်​တို့​ကျင့်​သင့်​သည် မ​ဟုတ်​လော။

လူ​တို့​အား​လည်း ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သည် ပ​ညာ​ဖြစ်​ကြောင်း​နှင့်၊ ဒု​စ​ရိုက်​ကို​ရှောင်​ခြင်း​သည် ဉာဏ်​ဖြစ်​ကြောင်း​ကို မိန့်​တော်​မူ​ပြီ​ဟု မြွက်​ဆို၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​သ​မျှ​သော​သူ​တို့​သည် ကောင်း​သော​ဉာဏ်​ရှိ​ကြ၏။ ဂုဏ်​အ​သ​ရေ​တော်​သည် အ​စဉ်​အ​မြဲ တည်​သ​တည်း။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လမ်း​ကို အ​ကျွန်ုပ်​အား ပြ​ညွှန်​တော်​မူ​ပါ။ ကိုယ်​တော်၏​သ​မ္မာ​တ​ရား​လမ်း​သို့ လိုက်​သွား​ပါ​မည်။ နာ​မ​တော်​ကို ကြောက်​ရွံ့​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်၏​နှ​လုံး​ကို စေ့​စပ်​စေ​တော်​မူ​ပါ။

ဒု​က္ခ​နေ့​ရက်​ကာ​လ​နှင့် လွတ်​ခြင်း​ချမ်း​သာ​ကို ပေး​အံ့​သော​ငှာ၊ ကိုယ်​တော်​ဆုံး​မ၍၊ တ​ရား​တော်​ကို သွန်​သင်​တော်​မူ​သော​သူ​သည် မင်္ဂ​လာ​ရှိ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ လူ​မိုက်​တို့​သည် ပ​ညာ​နှင့် ဥ​ပ​ဒေ​သ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ကြ၏။

အ​ပြစ်​ထင်​ရှား​သော​သူ​တို့​ကို ငြူ​စူ​သော​စိတ် မ​ရှိ​စေ​နှင့်။ တစ်​နေ့​လုံး ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော ရှိ​စေ​လော့။

ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​ကား၊ ဒု​စ​ရိုက်​ကို မုန်း​သော​သ​ဘော​တည်း။ မာ​န​ထောင်​လွှား​ခြင်း၊ စော်​ကား​ခြင်း၊ မ​ကောင်း​သော​လမ်း​သို့​လိုက်​ခြင်း၊ ကောက်​သော​စ​ကား​ဖြင့် ပြော​ဆို​ခြင်း​တို့​ကို ငါ​မုန်း၏။

ထို​ကာ​လ၌ ယေ​ရှဲ၏​အ​မြစ်​သည် ပေါက်၍၊ လူ​များ​အ​ဖို့​ထူ​သော​အ​လံ ဖြစ်​လိမ့်​မည်။ ထို​အ​လံ၌ တစ်​ပါး​အ​မျိုး​သား​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။ ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​သည်​လည်း ဘုန်း​ကြီး​လိမ့်​မည်။

ဉာဏ်​နှင့် ပ​ညာ​သည် သင်၏​လက်​ထက်၌ တည်​ကြည်​ခြင်း၊ မြဲ​မြံ​စွာ ကယ်​တင်​ခြင်း​ကို ဖြစ်​စေ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း​သ​ဘော​သည်​လည်း သင်၏​ဘ​ဏ္ဍာ ဖြစ်​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ များ​စွာ​သော မြို့​သူ​ရွာ​သား၊ လူ​အ​မျိုး​မျိုး​တို့​သည် လာ​ကြ​လိမ့်​မည်။

ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​သည် တိုး​ပွား​များ​ပြား​လေ၏။-

ထို​သို့​အ​သင်း​တော်​တို့​သည် ယုံ​ကြည်​ခြင်း၌ တည်​ကြည်​မြဲ​မြံ​သည်​ဖြစ်၍၊ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​နေ့​ထက်​တစ်​နေ့ တိုး​ပွား​များ​ပြား​ကြ၏။

ဘု​ရား​သ​ခင်​ကို​လည်း ချီး​မွမ်း၍ လူ​အ​ပေါင်း​တို့​ရှေ့​မှာ မျက်​နှာ​ပွင့်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​သူ​တို့​ကို​လည်း နေ့​စဉ်​မ​ပြတ် သ​ခင်​ဘု​ရား​သည် သင်း​ဝင်​စေ​တော်​မူ၏။

ညီ​အစ်​ကို​တို့၊ ယ​ခု​ငါ​သည်​သင်​တို့​ကို ဘု​ရား​သ​ခင်၌ အပ်​နှံ၏။ သင်​တို့​ကို တည်​ဆောက်​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သော​သူ​အ​ပေါင်း​တို့​နှင့် အ​တူ သင်​တို့​အား အ​မွေ​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ တတ်​နိုင်​သော​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​တ​ရား၌​လည်း သင်​တို့​ကို​ငါ​အပ်​နှံ၏။-

သင်း​ဝင်​သူ​အ​ပေါင်း​မှ​စ၍ ထို​အ​ကြောင်း​အ​ရာ​ကို ကြား​ရ​သော​သူ​အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​ခြင်း​သို့ ရောက်​ကြ၏။

ဘု​ရား​သ​ခင်၏ သာ​သ​နာ​တော်​သည် တိုး​ပွား​သ​ဖြင့် ယေ​ရု​ရှ​လင်​မြို့၌ တ​ပည့်​တော်​တို့​သည် အ​လွန်​ပွား​များ၍၊ ယဇ်​ပု​ရော​ဟိတ် အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​တ​ရား​ကို နား​ထောင်​ကြ၏။

ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အ​သင်း​တော်​သည် ပြင်း​စွာ​သော​ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ​သ​ဖြင့် တ​မန်​တော်​တို့​မှ​တစ်​ပါး သင်း​ဝင်​သူ​အ​ပေါင်း​တို့​သည် ယု​ဒ​ပြည်၊ ရှ​မာ​ရိ​ပြည်​အ​ရပ်​ရပ်​တို့၌ အ​နှံ့​အ​ပြား ကွဲ​ပြား​ကြ၏။-

ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သည် အ​စား​အ​သောက်၌ မ​တည်။ ဖြောင့်​မတ်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​အား​ဖြင့် ခံ​ရ​သော ဝမ်း​မြောက်​ခြင်း၌ တည်၏။-

ထို​ကြောင့်၊ ငြိမ်​သက်​ခြင်း​နှင့်​လည်း​ကောင်း၊ အ​ချင်း​ချင်း တည်​ဆောက်​ခြင်း​နှင့်​လည်း​ကောင်း ယှဉ်​သော​အ​ရာ​တို့​ကို မီ​အောင်​လိုက်​ကြ​ကုန်​အံ့။-

သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တန်​ခိုး​အား​ဖြင့် မျှော်​လင့်​ခြင်း​ပါ​ရ​မီ​နှင့် ကြွယ်​ဝ​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​သော​စိတ်​ရှိ၍ ဝမ်း​မြောက်​သက်​သာ​ခြင်း​အ​မျိုး​မျိုး​တို့​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ မျှော်​လ​င့်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။

ထို​မျှော်​လင့်​ခြင်း​သည် ရှက်​ကြောက်​စ​ရာ အ​ကြောင်း​နှင့် ကင်း​လွတ်၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​အား ပေး​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏​မေ​တ္တာ​တော်​ကို ငါ​တို့​စိတ်​နှ​လုံး​ထဲ​သို့ ညွှန်း​လောင်း​တော်​မူ၏။-

သို့​ဖြစ်၍ သင်​တို့​သည် ဝိ​ညာဉ်​ဆု​ကျေး​ဇူး​တော်​တို့​ကို အ​လွန်​အ​လို​ရှိ​ကြ​သည်​တွင်၊ အ​သင်း​တော်​ကို တည်​ဆောက်​ခြင်း​ငှာ ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း ကြိုး​စား​ကြ​လော့။-

ညီ​အစ်​ကို​တို့၊ အ​ဘယ်​သို့​နည်း။ သင်​တို့ စည်း​ဝေး​ကြ​သော​အ​ခါ၊ ဆာ​လံ​သီ​ချင်း​ကို ရ​သော​သူ၊ ဆုံး​မ​ဩ​ဝါ​ဒ စ​ကား​ကို ရ​သော​သူ၊ အ​ခြား​သော ဘာ​သာ​စ​ကား​ကို ရ​သော​သူ၊ ဗျာ​ဒိတ်​တော်​ကို ရ​သော​သူ၊ အ​နက်​ဖော်​ပြ​ရာ​ကို ရ​သော​သူ၊ အ​သီး​အ​သီး​ရှိ​ကြ​သည်​ဖြစ်၍၊ ခပ်​သိမ်း​သော​အ​မှု​တို့​ကို တည်​ဆောက်​ခြင်း​အ​လို​ငှာ စီ​ရင်​ကြ​လော့။-

သင်​တို့​ကို ပယ်​ရှင်း​ဖျက်​ဆီး​ခြင်း​အ​လို​ငှာ မ​ဟုတ်။ တည်​ဆောက်​ခြင်း​အ​လို​ငှာ သ​ခင်​ဘု​ရား​သည် ငါ​တို့၌ အပ်​ပေး​တော်​မူ​သော တန်​ခိုး​ကို ငါ​သည်​သာ၍ ဝါ​ကြွား​သော်​လည်း၊ ရှက်​ကြောက်​စ​ရာ​အ​ကြောင်း မ​ရှိ၊-

တစ်​ဖန်​တုံ၊ ငါ​တို့​သည် သင်​တို့​ရှေ့၌ ကိုယ်​အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ပြော​သည်​ဟု ထင်​ကြ​သ​လော။ ခ​ရစ်​တော်​ကို​ထောက်၍ ဘု​ရား​သ​ခင်​ရှေ့၌ ငါ​တို့ ပြော​ကြ၏။ ချစ်​သူ​တို့၊ ငါ​တို့​ပြု​သ​မျှ​မှာ သင်​တို့​ကို တည်​ဆောက်​ခြင်း​အ​လို​ငှာ ပြု​ကြ၏။-

ထို​ကြောင့် ပယ်​ရှင်း​ဖျက်​ဆီး​ခြင်း​အ​လို​ငှာ မ​ဟုတ်၊ တည်​ဆောက်​ခြင်း​အ​လို​ငှာ သ​ခင်​ဘု​ရား​သည် ငါ၌ အပ်​ပေး​တော်​မူ​သော တန်​ခိုး​ရှိ​သည်​အ​တိုင်း ငါ​သည် ရောက်​လာ​သော​အ​ခါ ပြင်း​စွာ​သော​ဒဏ်​ကို မ​ပေး​လို၍၊ ယ​ခု​သင်​တို့​နှင့် ကွာ​ဝေး​သေး​သည်​ကာ​လ ဤ​သို့ ငါ​ရေး​လိုက်၏။

ထို​ကြောင့် ချစ်​သူ​တို့၊ ထို​က​တိ​တော်​များ​နှင့် ငါ​တို့​သည် ဆိုင်​ကြ​သည်​ဖြစ်၍၊ ကိုယ်​ခ​န္ဓာ၏ အ​ညစ်​အ​ကြေး၊ စိတ်​ဝိ​ညာဉ်၏ အ​ညစ်​အ​ကြေး​ရှိ​သ​မျှ​တို့​နှင့် ကိုယ်​ကို​ကိုယ်​ကင်း​စင်​စေ​လျက်၊ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ​နှင့် ပြည့်​စုံ​ကြ​ကုန်​အံ့။

သန့်​ရှင်း​သူ​တို့​ကို ပြင်​ဆင်​ခြင်း​အ​လို​ငှာ၊ ထို​သ​ခင်​သည် လူ​အ​ချို့​တို့​ကို တ​မန်​တော်​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​ကို ပ​ရော​ဖက်​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​ကို သာ​သ​နာ​ပြု​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို သင်း​အုပ်​အ​ရာ၊ ဆ​ရာ​အ​ရာ၌​လည်း​ကောင်း၊ ခန့်​ထား​တော်​မူ၏။-

ထို​ဦး​ခေါင်း​မှ၊ အ​ဆစ်​အ​ပိုင်း​များ​တို့​သည် အား​ဖြည့်​သ​ဖြင့်၊ တစ်​ကိုယ်​လုံး​သည် စေ့​စပ်​ထုံး​ဖွဲ့​လျက်၊ အ​သီး​အ​သီး​အင်္ဂါ​များ ကိုယ်​ငန်း​ကိုယ်​တာ​အ​တိုင်း ပြု​ပြင်​သည်​နှင့်​အ​ညီ၊ မိ​မိ​ကိုယ်​ကို မေ​တ္တာ၌ တည်​ဆောက် ခြင်း​ငှာ ကြီး​ပွား​စေ​တတ်၏။

ညစ်​ညူး​သော စ​ကား​တစ်​ခွန်း​ကို​မျှ သင်​တို့​နှုတ်​ထဲ​က မ​ထွက်​စေ​နှင့်။ ကြား​နာ​သော သူ​တို့၏​အ​ကျိုး​ကို ပြု​စု​စေ​ခြင်း​ငှာ၊ တည်​ဆောက်​စ​ရာ​ဖို့ ကောင်း​သော​စ​ကား​ကို​သာ သုံး​ဆောင်​ကြ​လော့။-

ခ​ရစ်​တော်​ကို ခန့်​ညား​သော​အား​ဖြင့်၊ အ​ချင်း​ချင်း တစ်​ယောက်​အောက်​တစ်​ယောက် ကိုယ်​ကို နှိမ့်​ချ​လျက် နေ​ကြ​လော့။-

သင်​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်​သို့​ကူး၍၊ သင်​တို့​အ​မွေ​ခံ​ရာ​ဖို့ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ နေ​ကြ​သော​အ​ခါ၊ ရန်​သူ​အ​ပေါင်း​တို့​လက်​မှ သင်​တို့​ကို​ကယ်​နုတ်​တော်​မူ​သ​ဖြင့် ငြိမ်​ဝပ်​စွာ​နေ​ကြ​သော​အ​ခါ၊

ထို​ကြောင့် ခ​ရစ်​တော်၌​သက်​သာ​ခြင်း၊ မေ​တ္တာ​နှင့်​စပ်​ဆိုင်​သော ချမ်း​သာ​ခြင်း၊ ဝိ​ညာဉ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း၊ သ​နား​စုံ​မက်​ခြင်း​တည်း​ဟူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊-

ထို​ကြောင့်၊ သင်​တို့​သည် ယ​ခု​ပင်​ပြု​သည်​နည်း​တူ၊ အ​ချင်း​ချင်း​တိုက်​တွန်း၍ တစ်​ယောက်​ကို​တစ်​ယောက် တည်​ဆောက်​ကြ​လော့။

ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​လူ​တို့​အ​ဖို့ အ​လို​ငှာ ငြိမ်​ဝပ်​ခြင်း ချမ်း​သာ​တစ်​မျိုး​သည် ကျန်​ရစ်​သေး၏။-

ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သ​မျှ​အ​တိုင်း၊ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ ငြိမ်​ဝပ်​ရာ​အ​ခွင့်​ကို​ပေး​တော်​မူ​သ​ဖြင့်၊ သူ​တို့​ရှေ့​မှာ အ​ဘယ်​ရန်​သူ​မျှ​မ​ရပ်​နိုင်။ ရန်​သူ​အ​ပေါင်း​တို့​ကို သူ​တို့​လက်​သို့​အပ်​တော်​မူ၏။

ချစ်​သူ​တို့၊ သင်​တို့​သည် မိ​မိ​တို့​အ​လွန်​သန့်​ရှင်း​သော ယုံ​ကြည်​ခြင်း​အ​ပေါ်​မှာ မိ​မိ​တို့​ကို တည်​ဆောက်​လျက်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​အား​ဖြင့် ဆု​တောင်း ပ​တ္ထ​နာ​ပြု​လျက်၊-

မော​ဘ​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​လက်၌​ရှုံး​သ​ဖြင့်၊ အ​နှစ်​ရှစ်​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး ငြိမ်း​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ