Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 9:22

Judson Bible

ရှော​လု​သည်​လည်း အား​တိုး​ပွား​သ​ဖြင့် ဒ​မာ​သက်​မြို့၌​နေ​သော ယု​ဒ​လူ​တို့​သည် ပြော​သ​မျှ​သော စ​ကား​ကို​ချေ၍၊ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို ထင်​ရှား​စွာ​ပြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း သူ၏​လေး​သည်​အား​မ​လျော့။ သူ​ကိုင်​သော လက်​နက်​တို့​သည်၊ ယာ​ကုပ်​အ​မျိုး၌ တန်​ခိုး​ကြီး​သော​ဘု​ရား၏​လက်​ဖြင့်​လည်း​ကောင်း၊ သိုး​ထိန်း​တည်း​ဟူ​သော ဣ​သ​ရေ​လ​အ​မျိုး၏​ကျောက်​ဖြင့်​လည်း​ကောင်း၊

ဖြောင့်​မတ်​သော​သူ​တို့​သည်​လည်း တည်​ကြည်​ခြင်း၊ လက်​စင်​ကြယ်​သော​သူ​တို့​သည် ခွန်​အား​တိုး​ပွား​ခြင်း ရှိ​ကြ​လိမ့်​မည်။

အ​ကျွန်ုပ်​သည်​လည်း မ​တ​ရား​သော​သူ​တို့​အား တ​ရား​လမ်း​ကို ပြ​သ​သွန်​သင်​ပါ​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့​သည် ကိုယ်​တော်​ထံ​သို့ ပြန်​ကြ​ပါ​လိမ့်​မည်။

သူ​တို့​သည် အား​တိုး​တက်၍ ခ​ရီး​သွား​လျက်၊ ဇိ​အုန်​မြို့​မှာ ဘု​ရား​သ​ခင့်​ထံ​တော်၌ မျက်​နှာ​ပြ​ကြ​ပါ၏။

ထို​ဘု​ရား​သည် မော​သော​သူ​တို့​အား၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ နွမ်း​နယ်​သော​သူ​တို့​အား၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ရန်​သူ​အ​ပေါင်း​တို့​သည် မ​ငြင်း​ခုံ​မ​ဟန့်​တား​နိုင်​သော နှုတ်​သ​တ္တိ၊ ဉာဏ်​သ​တ္တိ​ကို ငါ​ပေး​မည်။-

ခ​ရစ်​တော်​သည် အ​သေ​ခံ​ရ​မည်။ သေ​ခြင်း​မှ ထ​မြောက်​ရ​မည်။ ငါ​ဟော​ပြော​သော​ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​သည်​ဟူ​သော​အ​ကြောင်း အ​ရာ​တို့​ကို ရှင်း​လင်း​စွာ​ဖွင့်​ပြ​လေ၏။-

သိ​လ​နှင့် တိ​မော​သေ​တို့​သည် မာ​ကေ​ဒေါ​နိ​ပြည်​မှ ရောက်​လာ​သော​အ​ခါ၊ ပေါ​လု​သည် သူ​တို့​နှင့်​တ​ကွ တ​ရား​ဟော​ခြင်း​အ​မှု​ကို​သာ ဆောင်​ရွက်၍၊ ယေ​ရှု​ခ​ရစ်၏​အ​ကြောင်း​ကို ယု​ဒ​လူ​တို့​အား ကြိုး​စား၍ သက်​သေ​ခံ​လေ၏။-

နေ့​ရက်​ကို​ချိန်း​ချက်၍ လူ​များ​တို့​သည် ပေါ​လု​တည်း​ခို​ရာ​အ​ရပ်​သို့ လာ​ကြ​သည်​ရှိ​သော်၊ ပေါ​လု​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို သက်​သေ​ခံ​သ​ဖြင့်​လည်း​ကောင်း၊ ထို​သူ​တို့​သည် ယေ​ရှု၏​အ​ကြောင်း​များ​ကို ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့​ကို အ​မှီ​ပြု၍ ဖြား​ယောင်း​သွေး​ဆောင်​သ​ဖြင့်​လည်း​ကောင်း၊ နံ​နက်​အ​ချိန်​မှ​စ၍ ည​အ​ချိန်​တိုင်​အောင် ထုတ်​ဖော် ဟော​ပြော​လေ၏။

ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​ကြောင်း​ကို တ​ရား​ဇ​ရပ်​တို့၌ မ​ဆိုင်း​မ​လင့် ဟော​လေ၏။-

ကြား​သော​သူ​အ​ပေါင်း​တို့​သည် အံ့​ဩ၍၊ ဤ​သူ​ကား၊ ထို​သ​ခင်​ကို ပ​တ္ထ​နာ​ပြု​သော​သူ​တို့​ကို ယေ​ရု​ရှ​လင်​မြို့၌ ဖျက်​ဆီး​သည် သာ​မ​က၊ ထို​သူ​များ​ကို​ချည်​နှောင်၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ​သို့ ပို့​ဆောင်​ခြင်း​ငှာ ဤ​အ​ရပ်​သို့ လာ​သော​သူ​ဖြစ်​သည် မ​ဟုတ်​လော​ဟု ဆို​ကြ၏။-

ကာ​လ​ကြာ​မြင့်​ပြီး​မှ၊ ရှော​လု​ကို​သတ်​အံ့​သော​ငှာ၊ ယု​ဒ​လူ​တို့​သည် အ​ချင်း​ချင်း​တိုင်​ပင်​ကြ၏။-

ထို​အ​ခါ ဗာ​န​ဗ​သည် သူ့​ကို​ခေါ်၍ တ​မန်​တော်​များ​ထံ​သို့ ပို့​ဆောင်​ပြီး​လျှင်၊ အ​ထက်​က​ရှော​လု​သည် လမ်း​ခ​ရီး၌ သ​ခင်​ဘု​ရား​ကို မြင်​သည်​ဟူ၍​လည်း​ကောင်း၊ သူ့​အား​မိန့်​တော်​မူ​သည် ဟူ၍​လည်း​ကောင်း၊ ဒ​မာ​သက်​မြို့၌ ယေ​ရှု၏​နာ​မ​တော်​ကို အ​မှီ​ပြု​လျက်၊ ရဲ​ရင့်​စွာ ဟော​သည်​ဟူ၍​လည်း​ကောင်း ပြော​လေ၏။-

ဘု​ရား​သ​ခင်​သည် ပ​ညာ​ရှိ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ မိုက်​မဲ​သော​သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။ အ​စွမ်း​သ​တ္တိ​ရှိ​သော သူ​တို့​ကို ရှက်​ကြောက်​စေ​ခြင်း​ငှာ၊ လော​ကီ​အ​ရာ၌ အား​နည်း​သော သူ​တို့​ကို ရွေး​ကောက်​တော်​မူ၏။-

ထို​နောက် သုံး​နှစ်​လွန်​ပြီး​မှ ပေ​တ​ရု​ကို အ​ကျွမ်း​ဝင်​လို​သော​ငှာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ သူ​နှင့်​အ​တူ တစ်​ဆယ်​ငါး​ရက်​နေ၏။-

ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။-

ထို​တ​ရား​ကို ငါ၌​အပ်​ပေး​တော်​မူ​သည်​ဖြစ်၍၊ ငါ့​ကို​ခွန်​အား​နှင့် ပြည့်​စုံ​စေ​တော်​မူ​သော ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏​ကျေး​ဇူး​တော်​ကို ငါ​ချီး​မွမ်း၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ