တမန်တော်ဝတ္ထု 9:17Judson Bibleအာနနိသည်လည်း သွား၍ အိမ်သို့ရောက်လျှင်၊ ရှောလုအပေါ်၌ မိမိလက်ကိုတင်၍၊ ညီရှောလု၊ သင်လာသောလမ်း၌ သင့်အား ထင်ရှားတော်မူသော သခင်ယေရှုသည် သင်၏မျက်စိ မြင်ပြန်စေခြင်းငှာလည်းကောင်း၊ သင့်ကိုသန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စေခြင်းငှာလည်းကောင်း ငါကိုစေခန့်တော်မူသည်ဟု ပြောဆို၏။- အခန်းကိုကြည့်ပါ။ |
ငါတို့ချစ်သော ညီပေါလုသည်၊ မိမိခံရသော ဉာဏ်ပညာအတိုင်း သင်တို့အား ရေး၍ပေးလိုက်သော စာ၌လည်းကောင်း၊ သူသည် ဤအရာများကို ပြော၍ စီရင်သော ဩဝါဒစာရှိသမျှတို့၌လည်းကောင်း ပါသည်နှင့်အညီ၊ ငါတို့ သခင်ဘုရား သည်းခံတော်မူခြင်းသည် ကယ်တင်မည်အကြောင်း ဖြစ်သည်ဟု မှတ်ကြလော့။-