Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တမန်တော်ဝတ္ထု 8:40

Judson Bible

ဖိ​လိ​ပ္ပု​သည်​လည်း အာ​ဇုတ်​မြို့၌ ပေါ်​လာ၍၊ ထို​မြို့​မှ ကဲ​သ​ရိ​မြို့​တိုင်​အောင် မြို့​ရွာ​အ​စဉ်​အ​တိုင်း​လျှောက်​သွား၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

အာ​ဇုတ်​မြို့၌ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​သည် နေ​ကြ​လိမ့်​မည်။ ဖိ​လိ​တ္တိ​အ​မျိုး၏​မာ​န​ကို​လည်း ငါ​ချိုး​ဖဲ့​မည်။

ကဲ​သ​ရိ​မြို့၌ ဣ​တ​လိ​တပ်​ဟု ခေါ်​ဝေါ်​သော​တပ်​တွင် လူ​တစ်​ရာ​ကို​အုပ်​ချုပ်​သော တပ်​မှူး​ကော်​နေ​လိ အ​မည်​တွင်​သော သူ​တစ်​ယောက်​ရှိ၏။-

ထို​နောက်​တစ်​နေ့၌ ကဲ​သ​ရိ​မြို့​သို့​ဝင်​ကြ၍၊ ကော်​နေ​လိ​သည် မိ​မိ​အ​ဆွေ​အ​မျိုး မိတ်​ဆွေ​ခင်​ပွန်း​များ​တို့​ကို စု​ဝေး​စေ​ပြီး​လျှင်၊ ထို​သူ​တို့​ကို​မျှော်​လင့်​လျက်​နေ​ကြ၏။-

ထို​ခ​ဏ​ချင်း​တွင် ကဲ​သ​ရိ​မြို့​မှ ငါ့​ထံ​သို့​စေ​လွှတ်​သော လူ​သုံး​ယောက်​တို့​သည် ငါ​ရှိ​သော​အိမ်​အ​နား​မှာ ရပ်​နေ​ကြ၏။-

ဟေ​ရုဒ်​မင်း​သည် ပေ​တ​ရု​ကို​ရှာ၍ မ​တွေ့​သည်​ရှိ​သော်၊ စောင့်​ရှောက်​သော​သူ​တို့​ကို စစ်​ကြော​ပြီး​မှ သတ်​မည်​အ​ကြောင်း​ကို စီ​ရင်​လေ၏။

ကဲ​သ​ရိ​မြို့​သို့​ရောက်​လျှင် ယေ​ရု​ရှ​လင်​မြို့​သို့ တက်၍ အ​သင်း​တော်​နှင့် နှုတ်​ဆက်​ပြီး​မှ အ​န္တိ​အုတ်​မြို့​သို့ သွား​ပြန်၏။-

ကဲ​သ​ရိ​မြို့​သား​တ​ပည့်​တော်​အ​ချို့​တို့​သည် ငါ​တို့​နှင့်​အ​တူ​လိုက်​ကြ၍၊ ငါ​တို့​ကို​ဧည့်​ခံ​မည့်​သူ မ​နာ​သုန် အ​မည်​ရှိ​သော ကု​ပ​ရု​ကျွန်း​သား အ​သက်​ကြီး​သော တ​ပည့်​တော်​ဆီ​သို့ ပို့​ဆောင်​ကြ၏။

နက်​ဖြန်​နေ့၌ ထွက်​သွား​ပြန်၍ ကဲ​သ​ရိ​မြို့​သို့ ရောက်​လျှင်၊ ဆ​ရာ​ခု​နစ်​ပါး​အ​ဝင် သာ​သ​နာ​ပြု​ဆ​ရာ ဖိ​လိ​ပ္ပု၏ အိမ်​သို့​ဝင်၍​နေ​ကြ၏။-

တပ်​မှူး​နှစ်​ယောက်​တို့​ကို​ခေါ်၍၊ ယ​နေ့​ည သုံး​ချက်​တီး​အ​ချိန်၌ ကဲ​သ​ရိ​မြို့​သို့​သွား​စေ​ခြင်း​ငှာ စစ်​သူ​ရဲ​နှစ်​ရာ၊ မြင်း​စီး​သူ​ရဲ​ခု​နစ်​ကျိပ်၊ လှံ​ကိုင်​သူ​ရဲ​နှစ်​ရာ​တို့​ကို ပြင်​ဆင်​ကြ။-

မြင်း​စီး​သူ​ရဲ​တို့​သည် ကဲ​သ​ရိ​မြို့​သို့​ရောက်​လျှင်၊ စစ်​သူ​ကြီး၏​စာ​ကို မြို့​ဝန်​မင်း​လက်​သို့​အပ်​ပေး၍၊ ပေါ​လု​ကို​လည်း ရှေ့​တော်၌ သွင်း​ထား​ကြ၏။-

ဖေ​တ္တု​မင်း​သည် ထို​ပြည်​သို့​ရောက်၍ သုံး​ရက်​ရှိ​သော​အ​ခါ၊ ကဲ​သ​ရိ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့​သို့ တက်​သွား၏။-

ထို​နောက်​များ​မ​ကြာ၊ အ​ဂြိ​ပ္ပ​မင်း​ကြီး​သည် မိ​မိ​ခင်​ပွန်း​ဗေ​ရ​နိတ်​နှင့်​တ​ကွ ဖေ​တ္တု​မင်း​ကို​နှုတ်​ဆက်​ခြင်း​ငှာ ကဲ​သ​ရိ​မြို့​သို့ ရောက်​လာ၏။-

ဖေ​တ္တု​မင်း​က​လည်း၊ ပေါ​လု​သည် ကဲ​သ​ရိ​မြို့၌ အ​ချုပ်​ခံ​လျက်​နေ​ရ၏။ ထို​မြို့​သို့​များ​မ​ကြာ ငါ့​ကိုယ်​တိုင် သွား​မည်။-

ထို​နောက် ဆယ်​ရက်​လောက်​နေ​ပြီး​မှ ကဲ​သ​ရိ​မြို့​သို့ သွား၍၊ နက်​ဖြန်​နေ့၌​တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက်၊ ပေါ​လု​ကို​ခေါ်​ချေ​ဟု အ​မိန့်​ရှိ၏။

တ​မန်​တော်​တို့​သည် သက်​သေ​ခံ၍ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြီး​မှ၊ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ရာ၊ ရှ​မာ​ရိ​ရွာ​များ​တို့၌​လည်း ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။

ထို​အ​ကြောင်း​ကို ညီ​အစ်​ကို​တို့​သည် ကြား​သိ​လျှင်၊ ရှော​လု​ကို ကဲ​သ​ရိ​မြို့​သို့​ပို့၍ တာ​ရှု​မြို့​တိုင်​အောင် စေ​လွှတ်​ကြ၏။

ဂါ​ဇ​မြို့၊ ဂါ​သ​မြို့၊ အာ​ဇုတ်​မြို့​မှ​တစ်​ပါး၊ ဣ​သ​ရေ​လ​တိုင်း​နိုင်​ငံ​တွင် ကျန်​ကြွင်း​သော အာ​န​က​လူ တစ်​ယောက်​မျှ​မ​ရှိ။

ဖိ​လိ​တ္တိ​လူ​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို​ယူ၍ ဧ​ဗ​နေ​ဇာ​မြို့​မှ အာ​ဇုတ်​မြို့​သို့ ဆောင်​သွား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ